‘လူပိန်ချင် တာမျိုး မဟုတ် ပဲ ဗိုက်ခေါက် အဆီ၊ ခါးဆီ၊ ကျော ဆီ လို အဆီပိုတွေပဲ ကျချင် တယ် ဆိုသူများ အတွက် ဆေးနည်းကောင်းလေးပါ’

လူပိန်ချင်တာမျိုး မဟုတ်ပဲ ဗိုက်ခေါက် အဆီ၊ ခါးဆီ၊ ကျောဆီလို အဆီ ပိုတွေပဲ ကျချင်တယ် ဆိုသူများ အတွက် ဆေးနည်းကောင်း

ပါဝင်ပစ္စည်း များကတော့သံပုရာသီး တစ်လုံးဂျင်း လက် တစ်ဆစ်ခန့် နဲ့ပျားရည် ၂ ဇွန်းခန့်ပထမဆုံးသံပုရာသီးနဲ့ဂျင်းလက်တစ်ဆစ်ကိုအခွံမခွါပဲရေစင်စင်ဆေးပါပြီးလျှင်နှစ်မျိုးလုံးကိုအကွင်းလိုက်ပါးပါးလေးလှီးပေးပါ။

ကော်ဖီတစ်ခွက်စာအဖုံးပါသောကြွေသို့ဖန်ခွက်တစ်ခွက်ထဲသို့ထည့်ပြီး ပျားရည် ထမင်းစားဇွန်း ၂ ဇွန်းထည့်ပါပြီးရင်ရေနွေးဆူဆူ(လက်ဖက်ခြောက်မပါရိုးရိုးရေနွေး)လောင်းထည့်ပြီး အဖုံးအုပ်ထားပေးပါ။

နာရီဝက်ခန့်နေလျှင်ရေနွေးနွေးလေး အနေအထားမှာဇွန်းဖြင့်မွှေပေးပြီးတစ်ခွက် လုံးသောက်ပါ။အဖတ်တွေကိုလွှင့်ပစ်ရပါမယ်။

သတိထားရမှာကတော့ညမအိပ်ခင်အစား အသောက်အကုန်စားပြီးချိန်နဲ့နာရီဝက် ခန့်ခွါပြီးသောက်ရပါမယ်။ဒီရေနွေးသောက်ပြီးအစာမစားတော့လျှင်အကောင်းဆုံးပါပဲ။

အနှစ်နှစ်အလအလအဆီပိုတွေဖြစ်တဲ့အတွက်အနည်းဆုံးဆယ်ရက်ခန့်တော့ပုံမှန်သောက်ကြည့်ပေးပါ။နို့တိုက်မိခင်များနဲ့ကိုယ်ဝန်ရှိအမျိုးသမီးများမသောက်သင့်ပါဘူး။

လူနည်းစုအနေနဲ့သောက်နေ တုန်းအခန့်မသင့်ဗိုက်အောင့်ဗိုက်နာဖြစ်လာတာမျိုးPressureကျလာတယ် ဆိုတဲ့လူမျိုးတွေတော့ဆက်မသောက်သင့်ပါဘူးရှင်။

ပျားရည်နဲ့ ဂျင်းပါဝင်တာကြောင့် သုံးမျိုးပေါင်းပြီးထိန်းပေးသွားတယ်လို့ထင်ပါတယ်။သောက်တာကလည်းညအချိန်ဖြစ်တော့အစာတွေရှိနေပြီလေအစာအိမ်ကိုမထိခိုက်နိုင်ပါဘူး။

အလွန်အကျွံ ဘေးထွက်ဆိုးကျိုးတော့မကြုံဖူးသေးပါဘူး။ကိုယ်လိုချင် သလောက် အတိုင်းအတာ ရပြီ ဆိုရင် နေ့တိုင်းမသောက်ပဲ တစ်ပတ် မှာ ၃ ရက်လောက်ပဲ သောက်ပါရှင်။

စရိတ်နည်းတဲ့ နည်းမို့ လို့ ထိန်းညှိပြီး လိုသလိုသုံးကြည့်ကြပေါ့။ပိုပြီးထိရောက်ချင်ရင်တော့ ဒါလည်းသောက်မယ်လေ့ကျင့်ခန်းလည်းလုပ်မယ်အစားလည်းအနည်းငယ်(အဆီများတဲ့အစားအစာ)ရှောင်မယ်ဆိုသိပ်ကို ထိရောက်မှာပါ။

ဒါသောက်တာက အဆီပြင်တွေကို ပျော့ပျောင်းလာစေပြီး လေ့ကျင့်ခန်းကြောင့် ကျစ်လစ်လာမှာပါ …ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*