ဝက်ခြံရှိသူတွေ စားသင့်တဲ့ အစားအစာ (၄) မျိုး

ဝက်ခြံရှိသူတွေ အမြဲစားပေးသင့်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။
၁ – ဆနွင်း

ဝက်ခြံကို ကုသရာမှာ ဆနွင်းက များစွာအကူအညီဖြစ်ပါတယ်။ အရောင်လည်း ကျစေပါတယ်။ ဝက်ခြံအဖြစ် ပြောင်းသွားနိုင်တဲ့ အရေပြားပေါ်က ပိုးမွှားတွေ၊ အဆိပ်တွေကိုပါ ဖယ်ရှားပေးပါတယ်။

၂ – မုန်လာဥ

မုန်လာဥနီမှာ ဗီတာမင် အေ ပါပါတယ်။ မုန်လာဥနီစားခြင်းဟာ ဝက်ခြံကို ကာကွယ်ပေးနိုင်ပါတယ်။

၃ – ငါး

ငါးမှာပါတဲ့ အိုမီဂါ ဖက်တီးအက်ဆစ်နဲ့ ပရိုတင်းဟာ အရေပြားက collagen တွေကို မြှင့်တင်ပေးပြီး ဝက်ခြံဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။

၄ – အရွက်စိမ်း

အရွက်စိမ်းတွေကိုလည်း စားပေးသင့်ပါတယ်။ အစာအိမ်လမ်းကြောင်းကို သန့်ရှင်းစေပါတယ်။ ဗီတာမင်အေလည်း ကြွယ်ဝတာကြောင့် ဝက်ခြံကို တိုက်ဖျက်နိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*