သင့်ကောင်မလေး ဒီလိုဖြစ်နေပြီဆိုရင် သင့်ကိုချွဲနေတာဖြစ်လို့ ဒေါသမထွက်ပဲ ကြင်နာပါ…….

မိန်းကလေးတွေရဲ့စိတ်က ယောကျ်ားလေးတွေအတွက် ခန့်မှန်းရ ခက်နေတတ်ပါတယ်။ တစ်ခါတလေ မိန်းကလေးတွေက လိုချင်တာကို တိုက်ရိုက်ပြောတတ်သလို၊ တစ်ခါတလေကျ ပြန်တော့လည်း လိုချင်တာနဲ့ လုပ်နေတာနဲ့က ဆန့်ကျင်နေတတ်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေ ဘယ်လိုပြုမူရင် သင့်ကိုချွဲနေတာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ဒီလိုအချိန်တွေမှာ ဒေါသထွက်တာ၊ စိတ်မရှည်တာတွေ သွားမလုပ်ပါနဲ့ ပြဿနာ အကြီးကြီး တက်သွားနိုင်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ကြင်နာပေးလိုက်ရင် အရင်ကထက် အချစ်တွေပိုတိုးလာမှာ သေချာပါတယ်။

(၁) ရစ်တယ်

တစ်ခါတလေ မိန်းကလေးတွေဟာ ချစ်သူရဲ့ ဂရုစိုက်မှု၊ ချော့တာတွေ၊ ကြင်နာမှုလေးတွေ ရချင်တဲ့အခါ ရစ်စရာမရှိ ကြံဖန်ရစ်တတ်ကြပါတယ်။ သင့်ချစ်သူက သင့်ကို ပေါက်ကရတွေကအစ ရေရေလည်လည်ရစ်နေပြီ ဆိုရင်တော့ သူ့ကို စိတ်ရှည်ရှည်လေးနဲ့ချော့ပြီး သင်သူ့ကိုဘယ်လောက်ချစ်ကြောင်း၊ သင့်အတွက် သူဟာ ဘယ်လောက်အရေးပါကြောင်းလေး တွေပြောပေးပါ။ ဒါဆိုရင်တော့ သူ့စိတ်ထဲမှာ ကြည်နူးခြင်းတွေ အများကြီး ဖြစ်ပေါ်နေမှာပါ။

(၂) တစ်ယောက်တည်း နေချင်တဲ့ပုံစံမျိုး ဖြစ်နေတယ်

သင့်ချစ်သူဟာ ဘာအကြောင်းမှမရှိပဲ တစ်ယောက်တည်း နေချင်တယ်ဆိုတဲ့ စကားမျိုး၊ ပုံစံအပြုအမူမျိုး လုပ်နေတယ်ဆိုရင်တော့ သူ့ကိုသင် ဂရုမစိုက်ပဲ ပစ်ထားတာ နည်းနည်းများနေတဲ့ သဘောပါ။ ဒါကြောင့် သင့်ကိုသူ တရှောင်ရှောင် လုပ်နေတယ် ဆိုရင်တော့ သင့်ကိုချွဲနေတာဖြစ်ပြီး ဒီလိုအချိန်မှာ တစ်ယောက်တည်း တကယ်နေချင်တာပဲ လို့မထင်လိုက်ပါနဲ့။ စိတ်ရှည်ရှည်နဲ့ချော့ပြီး ကြင်နာပေးရမှာ သင့်တာဝန်ပါ။

 

(၃) စိတ်ကောက်တယ်

သင့်ချစ်သူဟာ သင့်ကို ဗလိုင်းကြီးစိတ်တွေ ကောက်နေတယ်၊ နှုတ်ခမ်းကြီးစူ၊ မျက်နှာကြီးမဲ့ပြီး ဘာဖြစ်နေတာလဲလို မေးလည်း ဘာမှပြန်မပြောပဲ ကောက်မြဲကောက်နေတယ် ဆိုရင်တော့ သင့်ကိုချွဲနေတာပါ။ ဒီလိုဖြစ်တဲ့ အခါကျရင် သူ့ကိုစိတ်ရှည်ရှည်လေးနဲ့ ချော့၊ ချိုချိုသာသာလေးပြောဆိုဖို့လိုပါတယ်။ သူကချက်ချင်း စိတ်မပြေရင်တောင် သင်ကစိတ်ရှည်ရှည်နဲ့ချော့ပေးလိုက်ပါတယ်။ သင့်ချစ်သူက သင့်ကိုအရမ်းချစ်လို့ ဒီလိုဖြစ်နေတာဆိုတာ မမေ့ပါနဲ့။

(၄) ငိုတယ်

သင့်ချစ်သူဟာ အလိုလိုနေရင်းဝမ်းတွေနည်း၊ စိတ်အားတွေငယ်ပြီး ငိုပါငိုတယ်ဆိုရင်တော့ သေချာပါတယ်၊ သင့်ကိုချွဲနေတာပါ။ သူ့စိတ်ထဲမှာ သင်ကအရင်လောက်သူ့ကို မချစ်တော့ဘူးလို့ထင်နေတာမျိုး၊ အရင်ကလောက် မချစ်တော့မှာ စိုးရိမ်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မှာ သူ့ကိုအားပေးနှစ်သိမ့်ပေးပြီး ကြင်ကြင်နာနာဆက်ဆံပေးဖို့ လိုပါတယ်။ သင့်ချစ်သူ စိတ်ဒဏ်ရာမှာကို လက်ပိုက်တော့ကြည့်မနေသင့်ပါဘူးနော်။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ချော့ပါ။

 

(၅) ဂျစ်ကန်ကန်လုပ်တယ်

သင့်ချစ်သူဟာ သင်လုပ်သမျှ၊ ပြောသမျှကို ဘုကန့်လန့်တိုက်တယ်၊ ဂျစ်ကန်ကန်လုပ်တယ်၊ သင့်ကို အကြောင်းမရှိပဲ ကလန်ကဆန်လုပ်နေတယ်ဆိုရင် သူချွဲနေတာပါ။ သင့်ဆီက ဂရုစိုက်မှု၊ အာရံုံစိုက်မှု၊ ကြင်နာမှုတွေကို လိုအပ်နေတယ်ဆိုတဲ့အဓိပ္ပါယ်ပါ။ ဒါကြောင့် သူ့ကို ပြန်လည်ပြုံးရွှင်လာတဲ့အထိ စိတ်ရှည်ရှည်နဲ့ချော့ပေးဖို့မမေ့ပါနဲ့။

 

Be the first to comment

Leave a Reply

Your email address will not be published.


*