သုံးဘီးမောင်းပြီး ကျောင်းထားပေးခဲ့ တဲ့ ဖခင် ကို ဂုဏ်ယူစွာ ထုတ်ဖော်ခဲ့ တဲ့ သွား ဆရာဝန်မလေး

သုံးဘီးမောင်းပြီး ကျောင်းထားပေးခဲ့တဲ့ ဖခင်ကို ဂုဏ်ယူစွာ ထုတ်ဖော်ခဲ့တဲ့ သွားဆရာဝန်မလေး။ လက်ရှိအချိန်မှာ သွားဆရာဝန်တစ်ယောက်အဖြစ် ဘဝလမ်းကြောင်း ဖြောင့်ဖြူးနေပြီဖြစ်တဲ့ အမျိုးသမီး

တစ်ယောက်ကတော့ သူမရဲ့ ဖခင် ကို ဂုဏ်ယူစွာနဲ့ ထုတ်ဖော်လိုက်ပါတယ်။ သူမရဲ့ဖခင်ဟာ ညီမဖြစ်သူကိုလည်း ဆေးဝါးကျွမ်းကျင်ဘာသာရပ်နဲ့ ကျောင်းပြီးအောင် ထားပေးခဲ့သူပါ။ ဒေါက်တာမလေးရဲ့

အမည်ကတော့ Marga Santiago Suobiron ဖြစ်ပါတယ်။ သူမရဲ့ဖခင်ဟာ မိသားစု မပြေလည်တဲ့ကြားက သုံးဘီးမောင်းပြီး သူမတို့ ညီအစ်မနှစ်ယောက်ကို ကျောင်းပြီးအောင် ထားခဲ့သူပါ။

ဖခင်ဟာ သုံးဘီး ကိုတောင် အငှားမောင်းရတဲ့ဘဝနဲ့ သူတို့ညီအစ်မနှစ်ယောက်ကို ကျောင်းပြီးအောင် ထားခဲ့ပါသတဲ့။ Marga ဟာ ဖခင်ကို ကျေးဇူးတင်ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ

မျှဝေခဲ့ပါတယ်။ ထိုသို့မျှဝေရင်းနဲ့ သူမရဲ့လုပ်ရပ်ကို လူသိန်းပေါင်းများစွာက သတိထားမိခဲ့သလို၊ ဒီအကြောင်းကိုပဲ ဒေသခံမီဒီယာတွေက ပြန်လည်ဖော်ပြပေးခဲ့တာကြောင့် လူမှုကွန်ရက်မှာ နာမည်ကြီး

လာပါတော့ တယ်။ Marga အနေနဲ့ ငယ်ငယ်က လေယာဉ်မယ် ဖြစ်ချင်ခဲ့ပေမယ့် မိခင်ကတော့ သူမကို ဘဏ်တစ်ခုခုမှာ စာရင်းကိုင်ဖြစ်ဖြစ် လုပ်စေချင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူမက

သင်္ချာဘာသာရပ်မှာ အားနည်းတဲ့အတွက် အဲဒီနှစ်ခု စလုံးနဲ့ မနီးစပ်ခဲ့ဘဲ၊ ဖခင်ဖြစ်စေချင်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်း များသွားခဲ့တာပါ။ ကနဦးတုန်းကတော့ ဖခင်တိုက်တွန်းချက်ကို

သူမက လက်မခံခဲ့ပါဘူး။ သိတဲ့အတိုင်း သွား/ဆေးတက် ဖို့ဆိုတာ တော်ရုံစရိတ်စက တက်နိုင်ရုံနဲ့ မဖြစ်နိုင်လို့ပါ။ ဖခင်က သွား/ဆေးတက်ဖို့ကိုသာ ရွေးချယ်ဖို့ တိုက်တွန်းခဲ့ပြီး ငွေရေးကြေးရေး စိတ်မပူဖို့

တိုက်တွန်းခဲ့ပါတယ်။ ဒီလိုနဲ့ သွား/ဆေးကို ရွေးချယ်ဖြစ်ခဲ့တာပါ။ Marga ရဲ့ဖခင်ဟာ တောင်သူလုပ်ငန်းကို မနက်(၄)နာရီမှာ ထပြီးလုပ်ပါတယ်။ (၆)နာရီမှာ အိမ်ပြန်လာပြီး၊ မနက်စာစား

(၇)နာရီဆို သုံးဘီးနဲ့ ငွေရှာ ထွက်ပါတယ်။ သူမတို့မိသားစု ကို တခြားသူတွေက အကူအညီတွေ ပေးကြတာ မှန်ပေမယ့် ဖခင်ဖြစ်သူရဲ့ ဇွဲလုံံ့လနဲ့ဝီရိယသာ မရှိဘူးဆိုရင် သူမတို့ ညီအစ်မတွေ ဘာရယ်ဆိုတာ

ဖြစ်လာမှမဟုတ်ဘူးလို့ ပြောပါတယ်။ Marga ဟာ ဖိလစ်ပိုင်နိုင်ငံ၊ Iloilo မြို့က နာမည်ကြီးဆေးတက္ကသိုလ်ဖြစ်တဲ့ Iloilo Doctors College ကနေ ဒေါက်တာဘွဲ့ရယူခဲ့ပါတယ်။ ဇူလိုင်(၅)ရက်နေ့က သူမရဲ့

ဖခင်ကို ဂုဏ်ပြုကြောင်းတင်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်ဟာ တခြားသူတွေအတွက် အားကျစရာ အတုယူစရာ ဖြစ်ခဲ့ပြီး၊ လိုက်ခ်ပြုလုပ်သူ (၃၄၀၀၀)အထိ ရှိခဲ့ပါတယ်။ ပြန်လည်မျှဝေသူ (၁၂၀၀၀)အထိ ရှိခဲ့ပါတယ်။ ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*