သုံးပြီး လက်ဖက်ခြောက် အိတ်လေးတွေကိုပြန်ပြီးအသုံပြုခြင်း

လစ်ပ်တန်တီးလို တစ်ခါသောက် လက်ဖက်ခြောက် အိတ်လေးတွေဟာ သုံးပြီးတာတောင်မှ အကျိုးရှိ တာတွေ ထပ်လုပ်ရတာမို့ အပြည့်အဝ အသုံးချနိုင် ဖို့အတွက် လုပ် ကြည့်နိုင်တာလေးတချို့ကို မျှဝေ လိုက်ပါတယ်။

အနံ့ဆိုးကင်းစေခြင်း

ရေခဲသေတ္တာထဲမှာ ဟင်း တွေ၊ မုန့်တွေ အကြာကြီးသိမ်း ထားပြီး အနံ့အသက် မကောင်းဘူး ဆိုရင်တော့ သုံးပြီးသားလက်ဖက် ခြောက်အိတ်လေးက အနံ့ဆိုး တွေစုပ်ထားနိုင်သလို အမှိုက်ပုံး အောက်ခြေနားမှာ ထားပြီးတော့လည်း အနံ့ဆိုးမထွက်အောင်လုပ် နိုင်ပါသေးတယ်။

လက်အနံ့ဆိုးပျောက်စေခြင်း

ငါး၊ ကြက်သွန်ဖြူ၊ ကြက် သွန်နီတွေကိုင်ပြီး ဆပ်ပြာနဲ့ဘယ် လောက်ဆေးဆေး နံနေတုန်းပဲဆို ရင်တော့ လက်ဖက်ခြောက်အိတ် ဟောင်းလေးကိုဖွင့်ပြီး ပွတ်ဆေး နိုင်ပါတယ်။

အရွယ်တင်စေခြင်း

ရေချိုးကန်ကို ရေနွေးနွေး လေးအပြည့်ထည့်ပြီး သုံးပြီးသား လက်ဖက်ခြောက်အိတ်လေး တချို့စိမ်ထားပြီး ရေချိုးမယ်ဆို ရင် အရေပြားဆဲလ်တွေ မပျက်စီး အောင် ကာကွယ်နိုင်သလို အရွယ်တင်နုပျိုစေပါတယ်။

ခံတွင်းနံ့ကင်းစေခြင်း

အယ်လ်ကိုဟောပါတဲ့ ခံတွင်းနံ့ပျောက်ဆေးရည်တွေ ဟာ ပလုတ်ကျင်းပြီးတဲ့အခါ ပါးစပ်ထဲမှာခြောက်ပြီး ကျန်ခဲ့စေ ပေမယ့် သုံးပြီးသားလက်ဖက် ခြောက်အိတ်လေးကို ရေနွေးဆူ ဆူနဲ့ စိမ်ထားပြီး အေးသွားပြီဆို ရင် ပလုတ်ကျင်းနိုင်ပြီး ခံတွင်း ရှင်းစေပါတယ်။

ဆံပင်ပျော့ဆေး အဖြစ်သုံးနိုင်ခြင်း

ရေနွေးပူပူထဲမှာ သုံးပြီးသား လက်ဖက်ခြောက် အိတ်တွေစိမ် ပြီး အေးလာပြီဆိုရင် ခေါင်းလျှော် တဲ့အခါ ဦးရေပြားခြောက်တာ ကာကွယ်ပေးပြီး ဆံသားနူးညံ့စေပါတယ်။

ခြေထောက် နူးညံ့စေခြင်း

ဇလုံ ခပ်သေးသေးတစ်လုံး ထဲမှာ လက်ဖက်ခြောက်အိတ် ဟောင်းတွေထည့်ပြီး စိမ်ထားပါ။ ခပ်နွေးနွေးဖြစ်လာပြီဆိုရင် ခြေ ထောက်ကိုအသာစိမ်ထားရင် ခြေထောက် နူးညံ့စေတဲ့အပြင် အနံ့ဆိုးလည်း ကင်းစေပါတယ်။

မျက်ကွင်းညို သက်သာစေခြင်း

သုံးပြီးသား လက်ဖက် ခြောက်အိတ်တွေကို ရေခဲသေတ္တာ ထဲမှာ မိနစ်အနည်းငယ်အကြာ အေးခဲအောင်ထားပြီး မျက်လုံး တစ်ဝိုက်ကို ကပ်ပေးရင် မျက်ကွင်းညိုတာတွေ၊ မျက်စိမို့ဖောင်း နေတာတွေကို သက်သာစေပါ တယ်။

ဒဏ်ရာ များကို သက်သာစေခြင်း

တစ်ခုခုနဲ့ဆောင့်မိပြီး ဒဏ်ရာ အနာတရဖြစ်ရင် လက်ဖက်ခြောက် အိတ်ကို ရေခဲသေတ္တာ ထဲ ခဏထည့်ထားပြီး ဒဏ်ရာရတဲ့ နေရာကို ကပ်ပေးရင်မြန်မြန် သက်သာစေပါတယ်။

မှန်ကြည်စေခြင်း

ဖန်တွေ၊ မှန်တွေကိုကြည် လင်သန့်ရှင်းစေချင်ရင်လည်း လက်ဖက်ခြောက်အေးနဲ့ ပွတ် တိုက်ပေးနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*