
ရန်ကုန်၊ ၂၀၂၁၊ဇန်နဝါရီ ၇ရက်
ရန်ကုန်-ပြည်ရထားလမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းပြီးဆုံးပါက ခရီးစဉ်ကြာချိန် ၈နာရီမှ ၄နာရီကျော်သာရှိတော့မည်ဖြစ်ကြောင်း Myanmar Project Bank မှသိရသည်။
၂၀၂၄-၂၅ခုနှစ်တွင်ပြီးဆုံးမည့် ရန်ကုန်-ပြည်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းသည် (၂၅၈) ကီလိုမီတာ အရှည်ရှိသော ရန်ကုန်-ပြည် တစ်လမ်းသွား ရထားလမ်းအား အဆင့်မြှင့်တင်ခြင်း၊ မြန်မာ့ မီးရထား၏ ရထားလမ်း ပြုပြင်ထိန်းသိမ်းမှု စနစ်အား အဆင့်မြှင့်ခြင်း၊ မြန်မာ့မီးရထား၏ ရထားအဖွဲ့အစည်းနှင့် စွမ်းဆောင်ရည် အဆင့် မြှင့်တင်ခြင်းတို့ ပါဝင်ပါသည်။
စီမံကိန်းပြီးဆုံးချိန်တွင် ရထားများသည် တစ်နာရီ (၁၂၀) ကီလိုမီတာခန့်ဖြင့် ပြေးဆွဲနိုင်မည်ဖြစ်ပြီး ရန်ကုန်နှင့် ပြည်ကြားရှိ ခရီးသည်နှင့်ကုန်စည် များကို (၈)နာရီကြာ သယ်ယူပို့ဆောင်နေရာမှ (၄.၅)နာရီခန့်ဖြင့် ပို့ဆောင်နိုင်မည် ဖြစ်သည်။
အဆင့်မြှင့်တင်မည့် ရန်ကုန်-ပြည်လမ်းပိုင်းမှ ခရီး သည်များသည် ပြည်-ပုဂံလမ်းပိုင်းအထိ စီးနင်း လာမည်ဖြစ်ရာ ပုဂံဒေသရှိ ခရီးသွားလုပ်ငန်းကို အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းMSDP နှင့် ကိုက်ညီမှု မဏ္ဍိုင် ၃ရပ်တွင် ပန်းတိုင်၁ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှု ၊ပန်းတိုင် ၃အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍဦးဆောင်သည့် ဖွံ့ဖြိုးရေး၊ ပန်းတိုင်၅ နိုင်ငံ၏အနာဂတ်မျိုးဆက်များအတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် တို့ကို ထိရောက်စေမည်ဖြစ်သည်။
စုစုပေါင်းစီမံကိန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၂၅၅.၀၀သန်း ကုန်ကျစရိတ်ရှိမည်စြဖ်ပြီးအကောင်အထည်ဖော်ဆောင်မည့်နေရာမှာ ပဲခူးတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်သည်။
Leave a Reply