လေဆိပ်က လူအများကိုထိတ်လန့်ခြောက်ခြားသွားစေသော ခရီးဆောင်အိတ်

လေဆိပ်က လူအများကိုထိတ်လန့်ခြောက်ခြားသွားစေသော ခရီးဆောင်အိတ်

လွန်ခဲ့သောရက်ပိုင်းက ထိုင်းနိုင်ငံလေဆိပ်ရှိ ပြည်တွင်းခရီးစဉ်တစ်ခုမှာ လေယာဉ်ပေါ်ပစ္စည်းများတင်ဆောင်ဖို့ ခရီးဆောင်အိတ်များ စစ်ဆေးပြုလုပ်နေသောအချိန်မှာ လေဆိပ်ကစစ်ဆေးရေးဝန်ထမ်းများနှင့် တခြားခရီးသည်များအားလုံးကို ထိတ်လန့်ခြောက်ခြားသွားစေသောဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အမှတ်တမဲ့ကြည့်လိုက်ရင် လူသေရုပ်အလောင်းလို ပုံသဏ္ဍာန်ရှိတဲ့အထုပ်အပိုးတစ်ခုဖြစ်နေတာ သေချာတွေ့မြင်ရပြီးတော့ စကန်စက်နဲ့သေချာစစ်ဆေးကြည့်တဲ့အခါမှ ဂေါက်သီးအိတ်ကြီးတစ်လုံးဖြစ်နေတာကို သိသွားခဲ့ပါတော့ တယ်။ အဖြစ်မှာ အစက အားလုံးကို ကြက်သီးထစေပေမယ့် နောက်ဆုံးမှာတော့ ရယ်မောစရာဟာသတစ်ခုလို ဖြစ်သွားကြတယ်လို့ စနောက်ပြောဆိုထားကြပါတယ်။

ပုံမှန်ခရီးဆောင်အိတ်ထက် အရွယ်အစားကြီးမားသောပစ္စည်းများ ဥပမာ – ကြီးမားသောအားကစားပစ္စည်းကိရိယာများ၊ ရေလျှောစီးပြားများ၊ ဂေါက်သီးအိတ်များ၊ ကြီးမားသောဂီတတူရိယာများ စသည်တို့ကို သေချာထုပ်ပိုးပြီး လေကြောင်းလိုင်း၏တာဝန်ရှိသူများနှင့် သေချာအသိပေးပေးပါရန် ပြောကြားထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*