ဖုန်းအသစ်ဝယ်ဖို့နဲ့ အကြွေးဆပ် ဖို့ကို မိမိ၏ကလေးငယ်ကိုရောင်းစားပြီး ပြသာနာကိုဖြေရှင်းလိုက်တာကတော့

ဖုန်းအသစ်ဝယ်ဖို့နဲ့ အကြွေးဆပ်ဖို့ကို အခြားနည်းလမ်းအမျိုးမျိုးသုံးပြီးဖြေရှင်းလို့ရပါတယ် ။ သို့ပေမဲ့လည်း မိမိ၏ကလေးငယ်ကိုရောင်းစားပြီး ပြသာနာ ကိုဖြေရှင်းလိုက်တာကတော့ လုံးဝမပြုလုပ်သင့်တဲ့ အရာတစ်ခုပါ

။ ဒီတစ်ခေါက်မှာ လည်း တရုတ်နိုင်ငံ Cixiမြို့က အသက် 20အရွယ်မိန်းကလေးဟာ သူမရဲ့ Credit card အကြွေးတွေကိုဆပ်ဖို့နဲ့ ဖုန်းအသစ်ဝယ်ဖို့အတွက် ကြံမိကြံရာမည်သူမှမစဉ်းစားဖူးတဲ့ အရာတစ်ခုကိုပြုလုပ်ခဲ့ပါတယ် ။

Ma အမည်ရှိ တဲ့အဆိုပါမိန်းကလေးဟာ အမွှာကလေးနှစ်ယောက်ကိုကိုယ်ဝန်ဆောင်ထားရစဉ်ကတည်းက တိတ်တိတ်ပုန်းကိုယ်ဝန်ရထားခဲ့တာဖြစ်သည့်အတွက် သူမ၏မိဘများကိုစိတ်ဆိုးဒေါသထွက်စေခဲ့ပြီး ငွေရေးကြေးရေးနှင့်ပက်သက်ပြီးမိဘထံမှ အကူအညီရရှိခဲ့ခြင်းမျိုးမရှိပါဘူး ။

ကလေးတွေ ရဲ့အဖေဖြစ်တဲ့ Wu Nanဆိုသည့်အမျိုးသားအနားသို့သွားပြီးငွေရေးကြေးရေး အကူအညီတောင်းလို့လည်းမရပါဘူး ။ ဘာလို့လည်းဆိုတော့ ကလေးတွေရဲ့ဖခင်ဟာ လောင်းကစားအကြွေးတွေနဲ့ ဝိုင်းဝိုင်းလည်နေခဲ့လို့ပါ ။

အမွှာသားယောင်္ကျားလေးမွေးပြီး တစ်ပတ်အကြာမှာတော့ Ma ဟာသူမရဲ့ သား တစ်ယောက်ကို 4,5000 yuan (မြန်မာငွေ 96သိန်းကျော်) နှင့်ရောင်ချခဲ့ပြီး ကျန်နေသေးတဲ့သားတစ်ယောက်ကိုတော့ 20,000 yuan (မြန်မာငွေ 42 သိန်းကျော်) နှင့်ထပ်မံရောင်းချခဲ့ပါတယ် ။ သူမ ဟာအကြွေးဆပ်ဖို့ငွေလုံလုံလောက်လောက် ရရှိခဲ့တဲ့အပြင် သူမအတွက်လည်းဖုန်းအသစ်တစ်လုံးဝယ်ခဲ့ပါသေးတယ် ။

သို့ပေမဲ့လည်း သူမတစ်ယောက် တည်း ကလေးရောင်းချလို့ရတဲ့အမြတ်ငွေကို ရရှိခဲ့တာမဟုတ်ပါဘူး ။ ကလေးဖခင်ဖြစ်သူ Wu ကအဆိုပါသတင်းကိုကြားလိုက်ချိန်မှာတော့ Ma ဆီသို့ အလျင်အမြန်သွားရောက်ပြီး သူ၏လောင်းကစားအကြွေးအတွက်ပိုက်ဆံပေးဖို့ တောင်းဆိုခဲ့ပါတယ် ။

ကံကောင်းစွာနဲ့ပဲ ရဲ အရာရှိများက ကလေးငယ်တွေရဲ့ မိဘနှစ်ပါးနောက် ခြေရာခံလိုက်ပြီး နှစ်ယောက်လုံးကိုဖမ်းဆီးနိုင်ခဲ့ပါတယ် ။ ထို့နောက် ကလေးရောင်းချပြီး ရရှိခဲ့တဲ့ပိုက်ဆံတွေအကုန်လုံးကိုလည်း ကလေးမိဘနှစ်ယောက်လုံးက သုံးဖြုန်းပစ်ခဲ့ပြီဖြစ်ကြောင်း သိရှိခဲ့ရပါတယ် ။

ကလေးငယ်တွေကို ရက်စက်စွာရောင်းချခဲ့တဲ့ မိခင်ဖြစ်သူ Ma ဟာ “ကျွန်မမှာ ပိုက်ဆံတစ်ပြား တစ်ချက်မှမရှိဘူးပြီးတော့ အကြွေးတွေနဲ့ပြည့်နှက်နေတယ် ။

အဲ့ကြောင့် ကျွန်မဒီလိုလုပ်ရမှာပဲလေ “ဆိုပြီးပြောဆိုသွားခဲ့ပါတယ် ။ ကလေးငယ်တွေကို ဝယ်ယူခဲ့ကြတဲ့သူတွေက ရဲအရာရှိတွေကိုတိုင်ကြားခဲ့တဲ့အတွက် အဆိုပါစုံတွဲကိုခြေရာခံနိုင်ခဲ့ခြင်းဖြစ်ပါတယ် ။

အမွှာကလေးငယ်နှစ်ယောက်ဟာ ယခုချိန်မှာတော့ ပြန်လည်ဆုံစည်းနိုင်ခဲ့ပြီး Ma ၏မိဘနှစ်ပါးမှအဆိုပါကလေးငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရရှိခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*