နှစ်မိနစ်အတွင်း ဖြူဖွေးသန့်စင်တဲ့ သွား လေးတွေ ရရှိဖို့

ဝါညစ်ညစ်အရောင်ဖြစ်နေတဲ့ သွားတွေကို ဖြူဖွေးတောက်ပသွားစေဖို့ အထက်ဖော်ပြပါ နည်းလမ်းတွေကို စမ်းသပ်သုံးစွဲကြည့်ပါ။
သင့်ရဲ့အပြုံးချိုချိုတွေက သင်နှင့်တကွ သင့်ပတ်ဝန်းကျင်ကို နွေးထွေးချိုမြိန်စေပါတယ်။ သင့်သွားလေးတွေက ကျန်းမာကြံ့ခိုင်ပြီး ဖြူဖွေးတောက်ပနေမယ်ဆိုရင်တော့ အမြဲတမ်းအပြုံးလှလှလေးတွေ ပေးနိုင်တဲ့သူဖြစ်ပြီပေါ့။

သင့်သွားလေးတွေ ဖြူဖွေးသန့်စင်စေဖို့ အန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံးသန့်စင်နိုင်မယ့်နည်းလမ်းကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။


(၁) လိုအပ်တဲ့ပစ္စည်းတွေကတော့ အုန်းဆီ၊ သံပရာသီး၊ မုန့်ဖုတ်ဆိုဒါတို့ဖြစ်ပြီးတော့ ထည့်ပြီးဖျော်စရာ ခွက်သေးသေးလေးတစ်လုံးလည်း လိုအပ်မှာ ဖြစ်ပါတယ်။

(၂) ခွက်သေးသေးလေးတစ်လုံးထဲမှာ မုန့်ဖုတ်ဆိုဒါကို လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပါ။ သံပရာသီး တစ်လုံး ညှစ်ထည့်ပါ။ နည်းနည်းအမြှုပ်ထလာတာတွေ့ပါလိမ့်မယ်။ မုန့်ဖုတ်ဆိုဒါကို သံပရာရည်နဲ့ရောလိုက်ရင် အလွန်အသုံးတည့်တဲ့ အစွန်းချွတ်ဆေးအဖြစ်သုံးလို့ရတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒီအတိုင်း သွားတွေကို သန့်စင်ဖို့သုံးမယ်ဆိုရင် သွားနဲ့အလွန်နီးကပ်နေတဲ့ နှုတ်ခမ်းသားတွေကို ပေသွားတဲ့အခါ နှုတ်ခမ်းသားအရေပြားကို ထိခိုက်စေနိုင်ပါတယ်။

(၃) ဒါပေမဲ့ အုန်းဆီနည်းနည်းရောထည့်ပြီး သုံးရင်တော့ သွားရဲ့အပေါ်ယံကြွေသားအလွှာကို တောက်ပြောင်စေမှာဖြစ်ပြီး မုန့်ဖုတ်ဆိုဒါနဲ့ သံပရာရည်ရဲ့ ရှတတခံစားမှုကိုလည်း လျော့နည်းစေမှာဖြစ်ပါတယ်။ ပြီးရင် အုန်းဆီကို လက်ဖက်ရည်ဇွန်းတစ်ဝက်ထည့်ပြီး ရောသမမွှေလိုက်ပါ။

(၄) ရလာတဲ့အနှစ်ကို သွားပွတ်တံနဲ့ယူပြီး သွားကို ၂မိနစ်ခန့် ညင်သာစွာပွတ်တိုက်ပေးပါ။ ပြီးနောက် ရေအများကြီးနှင့် ပလုတ်ကျင်းပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ တစ်ကြိမ်ထက်ပိုပြီး မသုံးသင့်ပါဘူး။

သွားဆိုတာက အစာစားရုံ သက်သက်သာမဟုတ်ဘဲ ရယ်လိုက်ရင်လှပဖို့၊ ရဲရဲဝင့်ဝင့်စကားဆိုနိုင်ဖို့လည်း လိုအပ်တဲ့အရာတစ်ခုပါ။ ဝါညစ်ညစ်အရောင်ဖြစ်နေတဲ့ သွားတွေကို ဖြူဖွေးတောက်ပသွားစေဖို့ အထက်ဖော်ပြပါ နည်းလမ်းတွေကို စမ်းသပ်သုံးစွဲကြည့်ပါ။ လူတိုင်း သွားလှလှလေးတွေနဲ့ ပြုံးနိုင် ပျော်နိုင်ကြပါစေ။

Be the first to comment

Leave a Reply

Your email address will not be published.


*