လူ့ဘောင်စနစ်ထဲက နားလည်လက်ခံရလည်းခက် ပုံမှန်မဟုတ်တဲ့ အယူကြီးမှုတွေ နဲ့ ဒီအယူအစွဲတွေ ဖြစ်ပေါ်လာစေခဲ့တဲ့ နောက်ကွယ်ကအဖြစ်မှန်တွေ

ဟုတ်ပါတယ်။ ကျနော်တို့က၂၁ ရာစုခေတ်မှာရှင်သန်ပြီး ခေတ်မီနည်းပညာတွေနဲ့ ရှေ့ဆက်နေကြတာပါ။ ဆိုပေမယ့် ဒီထဲမှာကိုပဲ ရှေးရိုးအယူအဆဟောင်းတွေကို အစွဲအလမ်းကြီးဆဲ အယူသီးဆဲ ဆိုတဲ့သူတွေလည်း ရှိကြသေးတာကိုး။ ဒါကြောင့်မို့ ဒီအယူသီးတတ်ကြတဲ့ ကိစ္စလေးတွေကို ဒီတခေါက် တင်ပြသွားပါ့မယ်။ လူတွေ အစွဲအလမ်းကြီးတတ်ကြတဲ့ ကိစ္စသုံးခုကို ရွေးထားပါတယ်။

၁။ သင်သွားနေရာလမ်းရှေ့က ကြောင်အမည်းတကောင်ဖြတ်သွားမယ်ဆိုရင်

ကံကြမ္မာဆိုးတခု ဖြစ်စေတော့မယ့်ကိစ္စလို့ ယူဆကြပါတယ်။ မင်းသားဝီလျံ ရဲ့အဖြစ်အပျက်ကနေ ဒီအယူသီးမှုကစတင်လာတာက ထူးထူးခြားခြားပါ။ အဲ့ဒီခေတ်က ကြောင်လေးတွေကို ကံထူးစေတဲ့သတ္တဝါလေးတွေလို့ ယူဆထားတော့ မင်းသားဝီလျံဆီမှာလည်း ကြောင်လေးတွေမွေးထားတာပေါ့။ ဖြစ်ချင်တော့ မင်းသားသေဆုံးတဲ့အချိန် သူ့ရဲ့ရုပ်အလောင်းနားမှာ ကြောင်အမည်းလေးတကောင်ကိုတွေ့ခဲ့ရပါသတဲ့။ ဒီကြောင်အမည်းလေးက မင်းသားသေဆုံးစေတဲ့ အကြောင်းအရင်းပဲလို့ ဆုံးဖြတ်လိုက်ကြပြီး ကြောင်အမည်းဆိုတာနဲ့ အတိတ်နိမိတ် မကောင်းဘူးလို့ အယူသီးခဲ့ကြတော့တာပဲ။ ကိုယ်သွားနေတုန်း ကြောင်အမည်းတကောင် ရှေ့ကနေဖြတ်သွားကြည့်…. ကိုယ့်ရည်ရွယ်ရာအလုပ်တွေ မဖြစ်ထွန်းတော့ဘူးလို့ ရှေးရိုးစွဲအယူကြီးတဲ့သူတွေက ယုံကြည်ကြတာ။ ဂွတော့ကျတာပါပဲ။

၂။ ကတ်ကြေးကို အလကားနေရင်းဆော့နေရင် ရန်ဖြစ်တတ်တယ်။

၁၉ရာစု ခေတ်လောက်ကပေါ့။ မဟာရာဂျာကြီးတယောက်က သူ့အတွက်အဝတ်အစားတွေချုပ်ပေးဖို့ အပ်ချူပ်ဆရာတယောက်ဆီအပ်ဖြစ်တော့ တခါတည်းအဆင်ပြေအောင်လို့ သူ့နန်းတော်မှာခေါ်ထားပြီး ချုပ်စေတာပေါ့။ အပ်ချုပ်ဆရာကြီးက နန်းတော်ကြီးမှာ ခပ်ကြာကြာလေး နေချင်လာတော့ အချိန်ကိုဆွဲပြီး ချုပ်ဖို့ကြံပါလေရော။ လူတွေမရိပ်မိရအောင်ဆိုပြီး အပ်ချူပ်ဆရာသမားက ကတ်ကြေးသံတညံညံလုပ်ပြီး ကတ်ကြေးကိုအမြဲတမ်းသုံးပြနေတော့တာပဲ။ သူအလုပ်လုပ်နေတယ်ထင်ရအောင်ကိုး။ နောက်တော့ အပ်ချုပ်ဆရာကြီးလုပ်ပုံကို အကုန်လုံးသိသွားကြပြီး ခမျာ သေဒဏ်ပေးခံရတော့တာပဲ။ အဲ့လိုနဲ့ အိန္ဒိယအိမ်ရှင်မတွေဆို ကလေးတွေ ကတ်ကြေးလျှောက်ဆော့တာမျိုး မကြိုက်ကြတာ။ ရန်ဖြစ်တတ်တယ် ဆိုသကိုးလေ။

၃။ အိမ်မှာ ကြည့်မှန်ကျကွဲရင် ခုနှစ်နှစ်လောက် ကံဆိုးမိုးမှောင်ကြတတ်တယ်။

ရှေးအီဂျစ်ခေတ်ကနေ အယူသီးလာတဲ့ အစွဲအလမ်းပါ။ တိုင်းပြည်တပြည်က ဘုရင်ကြီးတပါးရဲ့ မိဖုရားဟာ ကြည့်မှန်ထဲ ကိုယ့်ကိုယ်ကိုကြည့်နေရင်းနဲ့ မှန်က လက်ထဲက လွတ်ကျပြီး ကွဲသွားပါသတဲ့။ တလလောက်နေတော့ ရန်သူ့တိုင်းပြည်ရဲ့ကျူးကျော်မှုကိုခံရပြီး ဘုရင်ရော ဖိဖုရားပါ နှစ်ပါးလုံးအသတ်ခံခဲ့ရပါတယ်။ နောက်ခုနှစ်နှစ်လောက်ကြာတဲ့အထိ ဒီတိုင်းပြည်ကိုပြန်မရခဲ့ကြပါဘူးတဲ့။ မှန်တော့လည်း မှန်သားနော်။

Be the first to comment

Leave a Reply

Your email address will not be published.


*