ပျိုမေတို့ တစ်ခါမှမစဉ်းစားဘူးတဲ့ ရှေးဟောင်းဂန္ထဝင် အဆီချနည်း

ဗစ်တိုးရီးယားခေတ်လို့ ပြောလို့ရတဲ့ 1830 ခုနှစ်များနဲ့ 1900 ခုနှစ်များဆီတုန်းကတည်းက Victorian Tapeworm Diet အဆီချနည်းဟာ စတင်ခေတ်စားခဲ့တယ်လို့ သမိုင်းမှတ်တမ်းအရ ဆိုရမှာပါ။ ဒါပေမယ့် သဘာဝအတိုင်း အနှိပ်အနှယ်ခံခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းလောက်သာ လူသိများသေးတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက တော်ဝင်မျိုးနွယ်တွေ အသုံးပြုခဲ့တဲ အဆီချနည်းဟာ အခုအချိန်ထိ ဘယ်သူမှ မစဉ်းစားနိုင်သေးတဲ့ အဆီချနည်းဖြစ်ပါတယ်။


ဒါ့အပြင် အဲဒီအဆီချနည်းဟာ သမိုင်းတစ်လျှောက် အစောဆုံးအဆီချသောက်ဆေးလို့တောင် ပြောလို့ရပါတယ်။ ဒီနေရာမှာ စကားရှုပ်သွားနိုင်တာက သုံးထားတဲ့ စကားတွေက အဆီချဆေးဖြစ်လိုက်၊ အဆီချနည်းဖြစ်လိုက်မို့လို့ နည်းနည်း နားရှုပ်နိုင်ပါတယ်။ အကြောင်းကတော့ အဲဒီနည်းလမ်းဟာ အဆီချဆေးအဖြစ်လည်း သောက်လို့ရသလို၊ အဆီချနည်းအဖြစ်လည်း လက်တွေ့သုံးလို့ရလို့ စကားလုံးက နှစ်မျိုးဖြစ်နေတာပါ။

တရုတ်နိုင်ငံက စတယ်

ဒီအဆီချနည်းကို Victorian Tapeworm Diet လို့ အလွယ်ခေါ်ကြပေမယ့် တကယ်တမ်းစတင်ခဲ့တာကတော့ တရုတ်နိုင်ငံ ဖြစ်ပါတယ်။ ဘယ်လို အဆီချသလဲဆိုတော့ … လူရဲ့ ဝမ်းဗိုက်ထဲမှာ ရှိတတ်တဲ့ သန်ကောင်နဲ့ တုတ်ပြားကောင်ကိုသိမယ်ထင်ပါတယ်။ အဲဒီ တုတ်ပြားကောင်ကို တရုတ်ဆေးဆရာတွေက ပျိုမေတွေအတွက် ခေတ်ပေါ်နည်းပညာနဲ့ အပြင်မှ အရှင်မွေးထားလေ့ရှိပါတယ်။

ဘာအတွက်လဲဆိုတော့ ဒီအကောင်ကနေ ဥတဲ့ ဥကို အဆီကျသောက်ဆေးအဖြစ် သုံးတာပါ။ အဲဒီဥတွေကို အဆီချလိုတဲ့ အမျိုးသမီးက သောက်ရပြီး အရေးပေါ် ပိန်ချင်ရင် နှစ်ဥလောက်ဆိုရင် လုံလောက်တယ်လို့ ဆိုပါတယ်။ အဲဒီဥကနေတုတ်ပြားဥဟာ သောက်လိုက်သူရဲ့ ဗိုက်ထဲမှာ အကောင်အဖြစ် ပြန်မွေးဖွားပြီး၊ ၎င်းအိမ်ရှင် စားထားသမျှ အစာတွေကိုအကုန်စားပစ်တဲ့အတွက် မကြာခင်မှာ အဲဒီအမျိုးသမီးဟာ ခန္ဓာကိုယ်သွယ်လျှသွားတယ်လို့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အခြားတစ်နည်း

ဒီ တုတ်ပြားဥကို မသောက်ချင်သူ ပျိုမေတွေအတွက် အခြားတစ်နည်း ရှိပါသေးတယ်။ ဒါကတော့ တရုတ်တွေရဲ့ နည်းဖြစ်ပါတယ်။ တစ်ချို့က သူူများဗိုက်ထဲက တုတ်ပြားကောင်ဥထားတဲ့ ဥတော့ မသောက်ချင်ပါဘူးရွံစရာကြီး-ဆိုပြီး အဲဒီခေတ်က ချေးများတဲ့သူတွေ ရှိခဲ့ပုံရလို့ ဒီ ဒုတိယနည်းကို တီထွင်လိုက်ပုံရပါတယ်။ အဲဒီလို မူလကျီများတဲ့ အမျိုးသမီးအတွက် ဒုတိယနည်းကတော့ တုတ်ပြားကောင်ကို အကောင်အတိုင်း ဝမ်းဗိုက်ထဲကို ဝင်အောင်ထည့်တာဖြစ်ပါတယ်။

ဘယ်လို ဝင်အောင် ထည့်မှာလဲ ..?။ ရှင်းရှင်းလေးပါ … စအိုကနေ ထည့်ခြင်းဖြစ်ပါတယ်။ဒီနည်းနှစ်ခုစလုံးဟာ အော်ဂလီဆန်စရာကောင်းပြီး၊ ရှက်စရာလည်း ကောင်းပါတယ်။ အဲဒီခေတ်တုန်းက ပိုဆိုးတာပေါ့။ ဒါပေမယ့် တော်ဝင်မင်းသမီးတွေ၊ ဆွေကြီးမျိုးကြီးရဲ့ သမီးတွေကတော့ ဒီနည်းကို လျှို့ဝှက်ပြီး အသုံးပြုကြပါတယ်။ အချင်းချင်းတော့ အသိပေးကြလေ့ရှိကြတယ်လို့ ဆိုပါတယ်။ တစ်ခါတလေ ပရဆေးဆရာတွေဆီကနေ တုတ်ပြားဥတွေ အခ
ကြေးငွေ မြောက်များစွာပေးပြီး အဖွဲ့လိုက် စုပြီး ဆေးအဖြစ် သောက်တာမျိုးလည်း ရှိတယ်လို့ ဆိုပါတယ်။

သောက်ဆေးအတွက်တော့ သောက်တဲ့သူကို ရွံစရာမကောင်းစေဖို့ တုတ်ပြားကောင်ရဲ့ဥကို ဆေးပြားပုံစံပြုလုပ်ဖန်တီးထားပြီး အပြင်ကနေ သကြား၊ ဂျုံမှုန့်စသည်တို့နဲ့ မွမ်းမံထားလေ့ရှိတယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*