ရာသီလာချိန်မှာ လုံး၀ မပွေ့ဖက်သင့်တဲ့ တိရစ္ဆာန်

အမျိုးသမီးတော်တော်များများဟာ တိရစ္ဆာန်တွေကို ချစ်တတ်ပြီး အမြဲတမ်း တစ်ပွေ့ပွေ့ တစ်ပိုက်ပိုက် လုပ်တတ်ကြပါတယ်။ထိုင်နေရင် ပဲ ဖြစ်ဖြစ်  အိပ်ယာထဲမှာပဲ ဖြစ် ဖြစ် ပွေ့ပိုက်ထားတာမျိုးတွေ အထိ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေ အနေနဲ့ ရာသီလာချိန်မှာ လုံးဝမပွေ့ဖက်သင်တဲ့ တိ ရစ္ဆာန်တစ်ကောင်ရှိပါတယ်။

ခွေးတွေကတော့ လူတွေရဲ့ body language ကို ကောင်းကောင်းဖတ်နိုင်ကြ သူတွေပါ။တစ်ခါတစ်လေမှာ အရမ်းကြီးသိသိသာသာ ကွဲပြားတာမဟုတ်တဲ့ ဆင်တူရိုးမှား အမူအယာအသေးစိတ်လေးတွေက အစခွေး တွေက ဖတ်နိုင်ကြ တယ်လို့ ဆိုပါတယ်။တခါတလေမှာ လူတွေ မသိတဲ့ တစ်ချို့ အရာတွေကိုေ တာင် တိရစ္ဆာန်တွေက ၀မ်းတွင်း သိနဲဲ့ သိနေတာမျိုး ရှိပါတယ်။ဥပမာ ပြောရ ရင်တော့ တစ်ခါတစ်လေမှာ လူကြီးတွေ လုပ်ဖို့ ခက်တဲ့ တစ်ချို့အရာတွေကို ကလေးတွေက အလွယ်လေး လုပ်နိုင်လိုက်တာမျိုးပါ။ကြောင်နဲ့ခွေးတွေဟာ အမျိုးသမီးတွေ ရာသီလာနေပြီဆိုရင် သူတို့ရဲ့ သဘာဝအနံ့ခံအာရုံနဲ့ အလိုလို အလွယ်လေး သိနေတတ်ကြပါတယ်။

လုံးဝမပွေ့ဖက်ပဲ ဝေးဝေးနေသင့်တဲ့ အကောင်ကတော့ ဖွတ်ပါ။ဖွတ်ကို လူေ တွက ပွေ့ဖက်တယ်ဆိုတာမျိုးကတော့ ရှားပါတယ်။ဒါပေမယ့် ရှိပါတယ်။တစ် ချို့  က ဖွတ်ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးကြတာတွေ ရှိပါတယ်။ အမျိုး သမီး တွေအနေနဲ့ကတော့ ရာသီလာနေချိန်မှာ ဖွတ်အထီးကို ပွေ့ဖက်တာတွေ လုံးဝ လုံးဝ မလုပ်သင့်ပါဘူး။ဒီအကြောင်းကိုတော့ Dr. Beth Breitweiser ဆို သူကပြောခဲ့တာပါ။ပုံမှန်အားဖြင့်တော့ ဖွတ်တွေဟာ သူ့သခင်ကို အကြောင်းမဲ့ ရန်ရှာ အန္တရာယ်ပြုတာမျိုး မရှိသလောက် ရှားပါတယ်။

ဒါပေမယ့် ရာသီလာနေတဲ့ အမျိုးသမီးက ပွေ့ဖက်လိုက်ပြီဆိုရင်တော့ သူတို့ဟာ ရန်လို စိတ်တွေ မြင့်နေတတ်ပါတယ်။ကြောင်နဲ့ခွေးတို့လို မျိုးစိတ်တူ တိရစ္ဆာန် အချင်းချင်း အချက်ပေးဖို့ ထုတ်လွှတ်တဲ့ ဓါတုပစ္စည်းက လူနဲ့ မနီးစပ်ပဲ လုံးဝကို ကွဲပြားနေတဲ့ အတွက် အခုလို မျိုး ရန်မူတဲ့ စိတ်တွေ ထကြွလာတာလို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*