ကျောပြင်ကိုက်ခဲမှု ကင်းစင်ဖို့ မနက်အိပ်ယာထတိုင်း ကိုယ်လက်ဆန့်ထုတ်မှု ပြုလုပ်ဖို့လို

ညအချိန် ဘာမှလုပ်မထားပေမယ့် မနက်နိုးတဲ့အခါ ကြွက်သားတွေနဲ့ အဆစ်အမြစ်တွေ တောင့်တင်းနေတတ်ပါတယ်။ ကျောရိုး အရိုးတိုင် ရှေ့သို့ကွေးညွတ်ပြီး အိပ်ယာပေါ်မှ ထမသွားခင် အဲဒါတွေအားလုံး ဆန့်ထုတ်တာ ကောင်းတယ်။ ခြေလက်ဆန့်ထုတ် လေ့ကျင့်ခန်းအတွက် အထူးသတ်မှတ်ချက်တွေ မလိုအပ်ပါဘူး။ မနက်နိုးပြီးလို့ အိပ်ယာထဲ ခြေလက်အညောင်းဆန့်တာ အကောင်းဆုံးဖြစ်ပါတယ်။

ကျောပြင်အောက်ပိုင်း နာကျင်ခြင်း၊ ကြွက်သားနဲ့ အရိုးဆစ်တွေ တောင့်တောင့်ကြီးနဲ့ပဲ တချို့ မနက်အိပ်ယာထတတ်ကြပါတယ်။

အဆစ်အမြစ်တွေ သက်တောင့်သက်သာ ရှိစေဖု့ိ အနည်းငယ် ဆွဲဆန့်ပေးပါ။ နာကျင်ကိုက်ခဲမှုနဲ့ တစ်ဆို့နေတာတွေကို ပြေပျောက်စေနိုင်ပါတယ်။


မနက်နိုးပြီး အိပ်ယာပေါ် ရှိနေသေးတဲ့အချိန်မှာ စလုပ်ပါ။ နာကျင်တောင့်တင်းမှု သက်သာစေဖို့အပြင် ကိုယ်လက်လှုပ်ရှားမှုကို နေသားကျစေဖို့ဟာလည်း အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။

ခြေလက်ဆန့်ထွက်တာ ကိုယ်နေဟန်ထား အဆင်ပြေဖို့၊ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအတွက် ကောင်းမွန်ပါတယ်။ ကျောရိုးအတွက် အထူးကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

လေ့ကျင့်ခန်းကို ဖြည်းဖြည်းချင်းလုပ်ပြီး အနေအထားတစ်ခုကို အများဆုံး ၁၅-၃၀ မိနစ်ကြာပဲ လုပ်သင့်ပါတယ်။

မှန်ကန်တဲ့ အနေအထားတစ်ခုရပြီဆိုရင် ကြွက်သားတွေ တင်းသွားတာ ခံစားရပါလိမ့်မယ်။ ဒါပေမယ့် ၁၀-၂၀မိနစ်ကြာပြီးမှ ဖြေလျော့ပြီး သက်တောင့်သက်သာဖြစ်တဲ့အဆင့် ရောက်လာပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*