အစားအစာ ကို ဖြည်းဖြည်းချင်းစားခြင်းဟာ အချိန်ကြာကြာ ဗိုက်ပြည့်နေတယ်လို့ ခံစားရစေနိုင်

ဒီစာတွေဖတ်ပြီးရင်တော့ ငယ်ငယ်တုန်းက အမေဆုံးမ တာ မှန်ပါလားလို့ သင်ပြန်တွေးမိသွားပါလိမ့်မယ်။

သုတေသနတစ်ခုက တွေ့ရှိခဲ့တာကတော့ အစားအစာ ကို ဖြည်းဖြည်းစားသုံးသူတွေဟာ အစားအစာကို မြန်ဆန်စွာ စားသုံးသူတွေထက် အချိန်ကြာကြာ ဗိုက်ပြည့်နေတဲ့ ခံစားချက်ကို ရရှိနိုင်မှာ ဖြစ်တယ်ဆိုတာပါပဲ။

ပြီးခဲ့တဲ့ လေ့လာမှု တစ်ခုကနေ သိရှိခဲ့တာကတော့ အစားအစာ ကို ဖြည်းဖြည်းချင်းစားသုံးသူတွေဟာ ခန္ဓာကိုယ် သိပ်သည်းမှု နည်းပါးကြတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဖြည်းဖြည်းချင်း အစာ စားခြင်းဟာ သင့်ကို ပိန်သေးသွယ်လျ စေတယ် ဆိုရင်တော့ သင်ကိုယ်တိုင် နားလည်နိုင်မှာ မဟုတ်တော့ပါဘူး။

ကျွန်ုပ်တို့ အစာစားရင် ဘယ်လောက်မြန်မြန် စားတယ်ဆိုတာဟာ ကျွန်ုပ်တို့ ဘယ်လောက် ဗိုက်ဆာနေတယ်ဆိုတာ နဲ့ သက်ဆိုင်နေတဲ့ အကြောင်းအရာတွေကို ခွဲခြားစိတ်ဖြာ လေ့လာကြည့်ဖို့အတွက် Bristol တက္ကသိုလ်က သုတေသီတွေဟာ ဆန္ဒရှိသူ အစမ်းသပ်ခံမယ့် ပုဂ္ဂိုလ်တွေကို Tube တွေကနေ တဆင့် ခရမ်းချဉ်သီး စွပ်ပြုတ်တွေ တိုက်ကျွေးခဲ့ကြပါတယ်။

သုတေသီတွေဟာ ၄၀၀ မီလီလီတာ ရှိတဲ့ စွပ်ပြုတ်တွေကို အစမ်းသပ်ခံသူတွေရဲ့ ပါးစပ်ထဲရောက်အောင် နည်းလမ်း ၂ မျိုးနဲ့ တိုက်ကျွေးခဲ့ကြပါတယ်။ တစ်မျိုးကတော့ အမြန်တိုက်ကျွေးတဲ့ နည်းလမ်း ဖြစ်ပြီး ၂ စက္ကန့်ကို ၁၁.၈ မီလီလီတာ နှုန်းနဲ့ တိုက်ကျွေးခဲ့ကြပါတယ်။ တစ်ခါတိုက်ပြီးတိုင်း ၄ စက္ကန့် နားခဲ့ပြီး ကျန် အစမ်းသပ်ခံသူတွေကိုတော့ အနှေးနည်းလမ်းဖြစ်ပြီး ၁ စက္ကန့်ကို ၅၄. မီလီလီတာ နှုန်းနဲ့ တိုက်ကျွေးခဲ့ပြီး တစ်ခါ တိုက်ကျွေးပြီးတိုင်း ၁၀ စက္ကန့် နားခဲ့ပါတယ်။

ထို အစမ်းသပ်ခံသူ အယောက် ၄၀ ကို ၂ နာရီ ခန့်အကြာမှာ ဘယ်လောက်ထိ ဗိုက်တင်းသွားကြလဲဆိုတာကို မေးမြန်းကြည့်ခဲ့ကြပါတယ်။

အဲဒီအခါမှာတော့ အနှေးနည်းလမ်းနဲ့ တိုက်ကျွေးခံခဲ့ရသူတွေဟာ ပိုပြီး မြန်မြန်ဆန်ဆန် တိုက်ကျွေးခံရသူတွေထက် အချိန် ပိုမို ကြာရှည်စွာ ဗိုက်ပြည့်နေတယ်လို့ ခံစားခဲ့ရကြောင်း ပြန်လည်ဖြေဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အနှေးနည်းလမ်းနဲ့ တိုက်ကျွေးခံခဲ့ရသူတွေဟာ ၂ နာရီအကြာမှာ အမြန်နည်းလမ်းနဲ့ တိုက်ကျွေးခံခဲ့ရတဲ့သူတွေထက် ၁၀၈ မီလီလီတာ စွပ်ပြုတ်တွေကို ပိုမို စားသောက်ထားမိတာကိုတွေ့ခဲ့ရပြန်ပါတယ်။ အမှန်တစ်ကယ်ကတော့ ၂ ဖွဲ့လုံးကို ၄၀၀ မီလီလီတာ ပမာဏ ရှိတဲ့ စွပ်ပြုတ်တွေပဲ တိုက်ကျွေးခဲ့တာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*