
သြစတြေးလျ နိုင်ငံမှ လေ့လာမှုတစ်ခုက ခါးတဲ့ဖျော်ရည်နဲ့ ဟင်းများ ကြိုက်နှစ်သက်သူတွေဟာ ရက်စက်ရာမှာ သာယာခြင်းနဲ့ ဖီဆန်တဲ့ အပြုအမူဘက် ပိုယိမ်းကြကြောင်း ဖော်ပြထားပါတယ်။ ပင်ကိုစရိုက်နဲ့ အရသာအကြိုက်နှစ်ခုကြား ဆက်စပ်မှုကို လေ့လာခဲ့တဲ့ Innsbruck တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေကတော့ ခါးတဲ့အရသာစားလိုစိတ် ရှိတဲ့လူတွေဟာ ရက်စက်တဲ့အပြုအမူမှာ သာယာခြင်း၊ အတ္တပေမဝါဒ နဲ့ လူမှုရေးခေါင်းပါးတဲ့ အပြုအမူ ပိုဖြစ်လေ့ရှိကြောင်း တွေ့ရှိခဲ့တယ်။
အဆိုပါသုတေသနကို အရသာမျိုးစုံစားသုံးသူတွေ volunteer တွေမှာ စမ်းသပ်ပြုခဲ့တာပါတယ်။ ပြီးတော့ အဆင့်သတ်မှတ်ပြီး သူတို့ ပင်ကိုစရိုက်ပေါ် မေးခွန်းများကို အဖြေထုတ်ခဲ့ပါတယ်။ ယင်းလေ့လာမှုတွေရဲ့ ရလာဒ်တွေက အခါး ကြိုက်သူတွေဟာ ရန်လိုမှုစရိုက်လက္ခဏာတွေ ပြသနေကြောင်း ဖော်ပြထားပါတယ်။
ဆေးဖက်ဝင်အပင်တွေမှာ အခါးဓာတ် ပါဝင်မှုနှုန်းက အဆိပ်အတောက်ပြင်းပြမှုပမာဏ ညွန်းကိန်းတစ်ခုဖြစ်တယ်။ အခါးကြိုက်မှုနည်းလေ အဲဒီလူဟာ ကြင်နာမှုရှိပြီး ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့်ရှိလေ ဖြစ်တယ်။
Leave a Reply