တစ်ပတ်တစ်ကြိမ် ရေနွေးငွေ့နဲ့ပေါင်းတင်ခြင်းကြောင့် ရရှိလာမယ့် ကောင်းကျိုး (၅)ချက်

ရေနွေးငွေ့နဲ့ ပေါင်းတင်ခြင်းက သဘာဝနည်းလမ်းအစ ပေါင်းတင်းခြင်းတစ်မျိုးဖြစ်ပြီး ချွေးပေါက်များကို ပွင့်လာစေကာ မျက်နှာတွေကို ဝင်းလက်လာစေပါတယ်။

ဒီလို ရေနွေးငွေ့နဲ့ ပေါင်းတင်ရာမှာလည်း သဘာဝဆေးဖက်ဝင်ပစ္စည်းတွေကို ထည့်ပြီးပေါင်းတင်ရင်တော့ ပိုပြီး ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဒီကနေ့မှာတော့ ဒီလိုသဘာဝနည်းလမ်းအရပေါင်းတင်ခြင်းကြောင့် ရရှိလာမယ့် ကောင်းကျိုးတွေကို ဖော်ပြပေးသွားပါ့မှာပဲဖြစ်ပါတယ်။

(၁) မျက်နှာပေါ်မှာ ရှိနေတဲ့ အညစ်အကြေးဖုန်မှုန့်တွေကိုဖယ်ရှားပေးနိုင်ပြီး ချွေးပေါက်ပွင့်လာစေမယ်

ရေနွေးငွေ့နဲ့ပေါင်းတင်ဖို့ ပထမဆုံးလိုအပ်တာကတော့ ရေနွေးပဲဖြစ်ပါတယ်။ အငွေ့တစ်ထောင်းထောင်းထနေတဲ့ ရေနွေးကို ရရှိလာပြီဆိုရင်တော့ ဇလုံ ဒါမှမဟုတ် ပန်းကန်အကြီးတစ်ခုထဲကို လောင်းထည့်ထားပါ။

ဒီအဆင့်ပြီးရင်တော့ မိမိစိတ်ကြိုက် essential oil တွေနဲ့ အခြားသောအရာတွေကို ရေနွေးထဲထည့်ထားလို့ရပါသေးတယ်။ ပြီးရင်တော့ ခေါင်းကို တဘတ်စတစ်ခုခုနဲ့ ပတ်ထားပြီး မျက်နှာကို ရေနွေးငွေ့ခံပါ။

၁၅မိနစ်လောက် ကိုယ့်ရဲ့မျက်နှာပေါ်ကို ရေနွေးငွေ့တွေ ပြေးလွှားသွားခြင်းက ရေနွေးငွေ့နဲ့ ပေါင်းတင်းခြင်းပဲဖြစ်ပါတယ်။

ဒီလိုပေါင်းတင်ရာမှာ ရေနွေးငွေ့မှာ ပါလာတဲ့ အပူဓာတ်နွေးနွေးက သင့်မျက်နှာမှာ အကြောင်းအမျိုးမျိုးကြောင့် ပိတ်မိနေတဲ့ ချွေးပေါက်တွေကို ပြန်လည်ပွင့်လာနိုင်ပါတယ်။

ဒီလို ချွေးပေါက်ကျယ်လာတာနဲ့ တစ်ပြိုင်နက် အထဲမှာ ရှိနေတဲ့ ဖုန်မှုန့်တွေနဲ့ အခြား အညစ်အကြေးတွေ ထွက်လာမှာဖြစ်ပြီး မျက်နှာကို ကြည်လင်ဝင်းလက်စေမှာပါ။

(၂) မျက်နှာပေါ်မှာရှိနေမယ့် ပိုးမွှားတွေနဲ့ ဝက်ခြံဖြစ်လာမယ့် ဆဲလ်အသေတွေကို ရှင်းထုတ်နိုင်ပါတယ်

လူတွေရဲ့မျက်နှာပြင်တွေအောက်မှာ ဘတ်တီးရီးယားပေါင်းမျိုးစုံရှိပြီး မရေမတွက်နိုင်တဲ့ ဆဲလ်တွေနဲ့ တည်ဆောက်ထားပါတယ်။ အဲဒီဆဲလ်တွေ၊ ဘတ်တီးရီးယားပိုးမွှားတွေက မျက်နှာပြင်ကို ထိခိုက်စေမယ့် ပိုးမွှားတွေတော့ မဟုတ်ပါဘူး။

ဒီပိုးမွှားတွေနဲ့ ဆဲလ်တွေက ဘယ်အချိန်မှာ ထိခိုက်လာနိုင်သလဲဆိုတော့ သူတို့ သေဆုံးသွားတဲ့အချိန်မှာပါ။ ဆဲလ်အသေတွေက မျက်နှာပြင်ပေါ်မှာ တင်ကျန်ရစ်နေတတ်ပြီး ရေရှည်မှာတော့ အဲဒီနေရာတွေကနေ ဝက်ခြံတွေကို ဖြစ်လာစေတတ်ပါတယ်။

ရေနွေးငွေ့နဲ့ပေါင်းတင်ရာမှာ အဲဒီဆဲလ်အသေတွေကို ရှင်းထုတ်နိုင်မှာဖြစ်ပြီး ဝက်ခြံထွက်လာခြင်းကို အတိုင်းအတာတစ်ခုအထိကာကွယ်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် ဝက်ခြံ အထွက်များတဲ့ လူတွေအတွက်လည်း ရေနွေးငွေ့နဲ့ ပေါင်းတင်ခြင်းက ကောင်းမွန်တဲ့ ကုသနည်း တစ်နည်းပဲ ဖြစ်ပါတယ်။

(၃) မျက်နှာမှာ အောက်ဆီဂျင်ပိုရပါတယ်

ဒီလိုရေနွေးငွေ့နဲ့ပေါင်းတင်ခြင်းကြောင့် သိသိသာသာ ရရှိလာမယ့် အကျိုးကျေးဇူးကတော့ သင့်ရဲ့မျက်နှာက အရင်ကထက် အောက်ဆီဂျင်ပိုရလာမှာပဲဖြစ်ပါတယ်။ တချို့လူတွေကတော့ ဓာတ်မတည့်မှုတွေ၊ မျက်နှာတွေ နီရဲလာမှုတွေကို ခံစားရတာကြောင့် ရေနွေးငွေ့နဲ့ ပေါင်းတင်ခြင်းကို ရှောင်ရှားတတ်ကြပါတယ်။

ရေနွေးငွေ့ပေါင်းခံခြင်းရဲ့ ကြီးမားသော အကျိုးကျေးဇူးတစ်ခုက သင့်မျက်နှာကို အောက်ဆီဂျင်သိသိသာသာ တိုးမြှင့်ပေးခြင်းကြောင့် သွေးကြောတွေ ကျယ်လာခြင်းတွေ ဖြစ်လာပါတယ်။

(၄) အရေးအကြောင်းများပေါ်လာခြင်းကို ထိန်းချုပ်ထားနိုင်မယ်

မျက်နှာမှာ အရေးအကြောင်းတွေပေါ်လာခြင်းကိုတော့ ဘယ်အမျိုးသမီးကမှ ကြိုက်နှစ်သက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် တချို့က ဆေးအမျိုးမျိုးကို မှီဝဲပြီး အရေးအကြောင်းတွေ မရှိအောင်၊ သက်သာအောင် လုပ်ဆောင်ကြပါတယ်။

ဒီလိုမျိုးဆေးတွေကို မမှီဝဲချင်ဘူးဆိုရင်တော့ ရေနွေးငွေ့နဲ့ ပေါင်းတင်ခြင်းက နောက်ထပ်ရွေးချယ်စရာအရာတစ်ခုပဲဖြစ်ပါတယ်။

ရေနွေးငွေ့ဟာ သင့်မျက်နှာပေါ်ကို ဖြတ်သန်းစီးဆင်းသွားချိန်မှာတော့ သင့်ရဲ့ သွေးသားတွေထဲကို အောက်ဆီဂျင်ပိုရောက်လာစေမယ့် အပြင် သင့်သွေးလည်ပတ်မှုစနစ်ကို ပိုမြန်ဆန်စေပါတယ်။

ဒီလို သွေးသားကြည်လင်မှုကြောင့် အသားအရေက အရင်ကထက် ပိုနူးညံ့လာစေမှာဖြစ်ပြီး အရေးအကြောင်းတွေဖြစ်လာခြင်းကို လျော့ကျစေနိုင်မှာပဲဖြစ်ပါတယ်။

(၅) အလှကုန်ပစ္စည်းတွေကို အာနိသင်အပြည့်အဝနဲ့ အသုံးချလာနိုင်ခြင်း

သင့်မျက်နှာနဲ့ အသားအရေတွေကို ထိန်းသိမ်းကုသဖို့နည်းလမ်းများစွာ ရှိတဲ့အထဲက ဒီ ရေနွေးငွေနဲ့ ပေါင်းတင်ခြင်းက ပြီးပြည့်စုံတဲ့နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မျက်နှာနဲ့ အရေပြားထိန်းသိမ်းရာမှာတော့ မရှိမဖြစ်လိုအပ်တဲ့ နည်းလမ်းတစ်ခုလို့ပဲ သတ်မှတ်ရမှာပါ။

ရေနွေးငွေ့နဲ့ ပေါင်းတင်ခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုးတစ်ခုကတော့ သင့်မျက်နှာက ချေးညော်ကင်းစင်တဲ့မျက်နှာပြင်တစ်ခုဖြစ်လာမှာ ဖြစ်ပြီး ခရင်မ်တွေ၊ လိုးရှင်းတွေနဲ့ အခြားသော cleansers တွေကို အသုံးပြုရာမှာလည်း အရင်ကထက် အာနိသင်အပြည့်အဝကို ရရှိလာစေမှာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*