သားဖြစ်သူ အဖမ်းခံထားရလို့ ဝမ်းနည်းပူဆွေးနေတဲ့ ခြိမ့်ကေကိုရဲ့ မိခင်အတွက် စိတ်မကောင်းဖြစ်နေတဲ့ ဒိန်းဒေါင်

သရုပ်ဆောင် ဒိန်းဒေါင် ကတော့ အနုပညာအလုပ်တွေ သာမကဘဲ ပရဟိတ အလုပ်တွေကိုပါ စွမ်းစွမ်းတမံ လုပ်ကိုင်နေသူ တစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ပရိသတ်တွေ သာမကဘဲ အနုပညာရှင်များကပါ လေးစား အားကျနေကြတာလည်း ဖြစ်ပါတယ်။ ဒိန်းဒေါင်ဟာ ချွန်တွန်းပရဟိတကို တည်ထောင် ထားပြီး လိုအပ်တဲ့ နေရာတိုင်းကို ကူညီပေးနေတာလည်း ဖြစ်ပါတယ်။

မနေ့ကတော့ ဒိန်းဒေါင် တစ်ယောက် စိတ်မကောင်းဖြစ်စရာ သတင်းတစ်ခု ကြုံတွေ့လာရတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အဆိုတော် ခြိမ့်ကေကိုအား ဖမ်းဆီးခံခဲ့ရတာ အကြောင်းလေးပဲ ဖြစ်ပါတယ်။ ခြိမ့်ကေကိုဟာ မွေးနေ့ပွဲတစ်ခုတွင် ဖျော်ဖြေခဲ့တာကြောင့် ကိုဗစ်ဥပဒေနဲ့ ငြိစွန်းခဲ့တာ ပဲဖြစ်ပြီး အရေးယူခြင်း ခံထားရတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ခြိမ့်ကေကို တစ်ယောက် အချိန်အတော်ကြာ ထွက်ပြေးတိမ်းရှောင် ခဲ့တာလည်း ဖြစ်ပါတယ်။

မနေ့ကတော့ ခြိမ့်ကေကိုဟာ ဒိန်းဒေါင်ရဲ့ စကားကို နားထောင်ကာ သွားရောက်အဖမ်းဆီးခံ ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီသတင်းကြားကြားချင်း မှာဘဲ အားလုံးက ဘနားနားအတွက် စိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ ဒိန်းဒေါင်ရဲ့ လူမှုကွန်ယက် စာမျက်နှာတွင်လည်း ” မင်းကအချုပ်ထဲမှာငို မင်းအမေကအိမ်မှာငို အဆင်ပြေမှာပါမိဘကို သိတတ်တဲ့သူပဲလေနော် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေ အတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေး လိုက် ရပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*