လက်ကောက်ဝတ်က လမ်းကြောင်းလေးက သင့်ရဲ့ ကံကြမ္မာ

လက်ကောက်ဝတ်က လမ်းကြောင်းလေးက သင့်ရဲ့ ကံကြမ္မာ

သင့်ရဲ့ လက်ကောက်ဝတ် ပေါ်မှာ ဘယ်နှစ်ကြောင်းရှိလဲ ဘာဖြစ်မလဲ

လက်ဝါးပြင်က လမ်းကြောင်းတွေ လိုပဲ လက်ကောက်ဝတ်က လမ်းကြောင်းလေးတွေ ကနေ လည်း သင့်ရဲ့ ကံကြမ္မာကို သိနိုင်ပါတယ် ။

လက္ခဏာပညာ တတ်စရာ မလိုဘဲ အလွယ်တ ကူနဲ့ လူတိုင်းကြည့်ပြီး နားလည် နိုင်တဲ့ နည်းလေးကို သုံးပြီး ကံကြမ္မာ တစိတ်တပိုင်းကို ကြည့်လိုက် ရအောင်နော် ။

ပုံမှန်ဆိုရင် သာမန်လူ တယောက်မှာ လက်ကောက် ဝတ်မှာ လမ်းကြောင်း ၂ ကြောင်း သို့မဟုတ် ၃ ကြောင်းရှိတတ် ပါတယ် ။

လမ်းကြောင်း ၁

အပေါ်ဆုံးလမ်းကြောင်းက လူတယောက်ရဲ့ ကျန်းမာရေးကို ပြပါတယ် ။ လမ်းကြောင်း ထင်ရှားပြီး တဆက်တည်း ရှိမယ် ဆိုရင် ကျန်းမာရေး အရမ်းကောင်းတယ် ဆိုတာကို ပြပြီး ၊ လမ်းကြောင်းက မှိန်ဖျော့နေမယ်၊ အပြတ်တွေ များနေမယ် ဆိုရင်တော့ ကိုယ့်ရဲ့ နေထိုင် စားသောက်မှု ပုံစံကို ပြောင်းပြီး ကျန်းမာရေးကို အထူး ဂရုစိုက်ဖို့ လိုအပ်တယ် ဆိုတာကို ပြပါတယ် ။

လမ်းကြောင်း ၂

ဒုတိယမြောက် လမ်းကြောင်းက ပျော်ရွှင်မှုနဲ့ အောင်မြင်မှုကို ပြပါတယ် ။ ပထမ လမ်းကြောင်း လိုပဲ ဒီလမ်းကြောင်း ကလည်း ထင်းပြီး ဖြောင့်တန်းနေမယ် ဆိုရင် အောင်မြင် ပျော်ရွှင်မှုတွေ ရမယ် … ။ စည်းစိမ်၊ ဥစ္စာတွေရမယ် ဆိုတာကို ပြပါတယ် ။ ဒီလမ်းကြောင်း ညံတယ် ဆိုရင် ငွေကြေး အခက်အခဲ အမြဲကြုံရတတ် တာကို ပြပါတယ် …

လမ်းကြောင်း ၃

လူတိုင်းနီးပါးမှာ လမ်းကြောင်း ၂ ကြောင်း ပုံမှန် ရှိတတ် ပေမဲ့ ၃ ကြောင်း ရှိတဲ့ သူတွေ လည်း ရှိပါတယ် ။ တတိယ လမ်းကြောင်း ရှိတဲ့ သူတွေက အရမ်းခိုင်မာ အားကောင်းတဲ့ စိတ်ဓာတ် ရှိပြီး လူအများ ကတောင် ကြောက်ရွံ့ရတဲ့ အစွမ်း ရှိပါတယ် ။ လမ်းကြောင်း ထင်ရှားလေ ပိုပြီးအင်အား ကောင်းလေဖြစ်ပါတယ်နော် ။

လမ်းကြောင်း ၄

ဒီလမ်းကြောင်း ကတော့ အလွန်ကို တွေ့ရခဲတဲ့ လမ်းကြောင်း ဖြစ်ပြီး သက်တမ်းနဲ့ ဆိုင်ပါတယ် ။ ဒီလမ်းကြောင်း ရှားရှား ပါးပါး ရှိပြီ ဆိုရင် အသက် အရမ်း ရှည်ပြီး သားသမီး ကံကောင်း ပါတယ် နော် ။

Be the first to comment

Leave a Reply

Your email address will not be published.


*