လူတွေကြောင့် ကမ္ဘာကြီး ဘယ်လို ဒုက္ခရောက်နေလဲဆိုတာကို ပြသနေတဲ့ ဓာတ်ပုံများ

ကမ္ဘာတစ်ဝှမ်းမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ဖော်ပြတဲ့ အကောင်းဆုံး ဓာတ်ပုံ ရွေးချယ်ပွဲကို နှစ်စဉ် နှစ်တိုင်း Chartered Institution of Water and Environmental Management (CIWEM) က ကျင်းပလေ့ရှိပါတယ်။ ဒီ ပြိုင်ပွဲဟာ လူတွေကို နေထိုင်ရာ မြေကမ္ဘာနဲ့အကြောင်း စတင်တွေးတောစေပြီး ဂရုစိုက်ရန် လှုံဆော်မှုကောင်းတွေ ပေးလိုတဲ့အတွက် ကျင်းပတာလို့ သိရပါတယ်။ အပျော်တမ်းကနေစပြီး ပရော်ဖက်ရှင်နယ်တန်းအထိ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်တဲ့ ပွဲလည်းဖြစ်ပါတယ်။

ဒီနှစ်ပြိုင်ပွဲမှာ ဓာတ်ပုံတွေက လူဦးရေထူထပ်လာခြင်း၊ ဥတုရာသီ ပြောင်းလဲလာခြင်း၊ လူသားတွေနဲ့ ကမ္ဘာကြီးရဲ့ ရှုပ်ထွေးတဲ့ ပတ်သက်ဆက်ဆံမှုတွေကို ပိုပြီး အသားပေး ဖော်ပြထားတဲ့ ပုံတွေ ပါဝင်ပါတယ်။ ဒီပုံတွေက ကမ္ဘာတစ်ခုမှာ တူတူနေပြီး တစ်ဖက်က လုပ်ရပ်တွေ တစ်ဖက်မှာ သက်ရောက်နေတာတွေ၊ ပျော်ရွှင်မှုကို ရှာဖွေဖို့ ခက်ခဲချိန်တွေထဲမှာတောင် အမြဲတမ်း မျှော်လင့်ချက်ရှိနေတာတွေကို သတိပေးလှုံ့ဆော်နေတဲ့ ပုံတွေ ပါဝင်ပါတယ်။

ဒီလိုထဲကမှ (၂၀၁၈) ခုနှစ်ရဲ့ ပတ်ဝန်ကျင်းထိန်းသိမ်းရေး ဓာတ်ပုံဆုရှင်တို့ရဲ့ အကောင်းဆုံး ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

Environmental Photographer of the Year 2018 winner: “End Floating” by Saeed Mohammadzadeh (Iran, 2017)


အီရန်နိုင်ငံက Urmia Lake လို့ ခေါ်တဲ့ ရေငန်အိုင်ထဲမှာ လှေတစ်စီး သောင်တင်နေပုံပါ။ ရာသီဥတု ပြောင်းလဲမှုကြောင့် ငွေ့ရည်ပြန်မှုနှုန်းတွေ မြင့်တက်လာခဲ့တယ်။ ဒီအပြင် တရားမဝင် ရေတွင်းတွေ၊ ဆည်ဆောက်တာတွေ၊ တစ်ချို့သော ပရောဂျက်တွေနဲ့ အခုလို တိမ်ကောလာတာဖြစ်ပါတယ်။
“Changing Climates Prize 2018 winnerryness” by Chinmoy Biswas (India, 2018)

Built Environment Prize 2018 winner: “And Life Rises” by Younes Khani Someeh Soflaei (Iran, 2017)

Sarpol-e Zahab မြို့မှာ (၂၀၁၇) ခုနှစ်တုန်းက လူ (၆၀၀) ကျော်လောက် သေစေခဲ့ ငလျင်ဒဏ်နောက်ခံနဲ့ ဓာတ်ပုံပါ။

Sustainability in Practice Prize 2018 winner: “Bulrush” by Ümmü Kandilcioğlu (Turkey, 2017)

ရှင်သန် ရပ်တည်ရေးအတွက် ကျူပင်တွေကို အားကိုနေရတဲ့ လုပ်သားတစ်ယောက်ပုံ

Young Environmental Photographer of the Year 2018 winner: “Happiness on a Rainy Day” by Fardin Oyan (Bangladesh, 2017)

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကလေးတွေ မိုးရွာတဲ့ အချိန်ပျော်မြူးနေကြပုံပါ။

“Boulmigou The Paradise of Forgotten Hearts” by Antonio Aragón Renuncio (Burkina Faso, 2017)

Boulmigou ဒေသမှာ ရှိတဲ့ မိုင်းတွေမှာ ကျောက်တွေကို အပူပေးဖို့ ပိုပြီး ကျစ်စေဖို့ တာယာတွေကို မီးရှို့ပြီးလုပ်လေ့ရှိတယ်။ ဒါကြောင့်နဲ့ အဲ့ဒီဒေသမှာ မီးဘေး၊ အသက်ရှုခြင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေ၊ မြေအောက်ရေ အဆိပ်အတောက်ဖြစ်တာ၊ လေထုညစ်ညမ်းပြီး ပတ်ဝန်ကျင်းကို ပျက်စီးစေတာနဲ့ သေကြေပျက်စီးစေတာတွေကို ဖော်ပြလိုတဲ့ ပုံဖြစ်တယ်။

“Save Turtle” by Jing Li (Sri Lanka, 2018)

“Not in My Forest” by Calvin Ke (Malaysia, 2018)

ကမ္ဘာမှာ တစ်မိနစ်တိုင်းမှာ ပလတ်စတစ်ဗူူး တစ်သန်းလောက် ထုတ်လုပ်နေပြီး (၉၀) ရာခိုင်နှုန်းက ပြန်အသုံးချခြင်း မရှိပါဘူး။ အခုဆို ပလတ်စတစ်ဗူးခွံတွေကို မလေးရှာနိုင်ငံရဲ့ ဘော်နီရိုကျွန်းက ထိန်းသိမ်းထားတဲ့ တောတွေထဲမှာတောင် ရောက်နေတာတွေ့ရပါတယ်။

“Urban Life in Singapore” by Thigh Wanna (Singapore, 2017)

စင်ကာပူနိုင်ငံမှာ လူဦးရေ (၈၀) ရာခိုင်နှုန်းလောက်က ဒီလို တိုက်ခန်းတွေမှာ နေထိုင်ကြပါတယ်။ လေထု ညစ်ညမ်းမှုတွေဟာ အရေးကြီးတဲ့ ပြဿနာအဖြစ် အာရှတိုက်ရဲ့ နေရာတော်တော်များမှာ ကျန်ရှိနေပါတယ်။ ကျန်းမာရေး အထောက်အပံနဲ့ ပတ်သက်ပြီး များစွာသော အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ရပါတယ်။

“Floating life on river under pollution” by Tapan Karmakar (India, 2018)

ရေထု ညစ်ညမ်းမှုကတော့ အိန္ဒိယနိုင်ငံမှာ နေ့တိုင်း မြင့်တက်နေပါတယ်။ ဒီပုံကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ ဒါကာမှာရှိတဲ့ Buriganga မြစ်ထဲမှာ ရိုက်ယူခဲ့တာဖြစ်တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*