ဝံပုလွေနှင့် ခေါင်းဆောင်များ

ဝံပုလွေတွေဟာ အုပ်စုဖွဲ့ပြီးတော့ သွားလာနေထိုင် ကျက်စားလေ့ ရှိပါတယ်။ ယခု ပုံတွင် ကြည့်ကြည့်ပါ။ ရှေ့ဆုံးမှာ သွားနေတဲ့ ဝံပုလွေ သုံးကောင်ဟာ အသက်အကြီးတဲ့ ဝံပုလွေတွေ သို့မဟုတ် နာမကျန်းဖြစ်နေတဲ့ ဝံပုလွေများ ဖြစ်ပါတယ်။ သူတို့ အရှေ့မှာ သွားတဲ့ ရည်ရွယ်ချက်က တစ်စုံတစ်ခုကို ရင်ဆိုင်ကြုံတွေ့ရရင် စွန့်လွတ်အနစ်နာခံကြဖို့ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်မို့ ခြုံခို အတိုက်ခိုက်ခံရတာမျိုးများအတွက် ရှေ့ကနေ အရင်ဆုံး ခံယူကြဖို့ ဖြစ်ပါတယ်။

သူတို့အနောက်မှာ အသန်စွမ်းဆုံး ဝံပုလွေ ငါးကောင်လိုက်ပါပြီး ယင်း ငါးကောင် အနောက်မှာ ဝံပုလွေနောက်လိုက်များ လိုက်ပါပါတယ်။ ယင်း ဝံပုလွေ နောက်လိုက်များရဲ့ အနောက်မှာလည်း အသန်စွမ်းဆုံး ဝံပုလွေ ငါးကောင် နဲ့ ပိတ်ပြီးတော့ လိုက်ပါ ပါသေးတယ်။ ယင်း အရှေ့ ငါး၊ အနောက်ငါးဟာ အလယ်က သူတို့ ဝံပုလွေမျိုးနွယ် မိသားစုဝင်၊ အကောင်များကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ အနောက်ဆုံးမှာ တစ်ကောင်တည်း လိုက်နေတဲ့ ဝံပုလွေကို တွေ့ပါသလား။ သို့ကို Alpa Wolf သို့မဟုတ် ခေါင်းဆောင်ဝံပုလွေလို့ ဖြစ်ပါတယ်။ သူဟာ ဘယ်ကို ခရီးသွားရမယ်ဆိုတာကို ပိုင်းခြားဆုံးဖြတ်ပေးပါတယ်။ အနောက်ကနေ ကြည့်ရှုပြီးတော့ တစ်ဖွဲ့လုံးကို ထိန်းချုပ် ပါတယ်။ ဖြစ်နိုင်ချေ၊ ကြုံတွေ့နိုင်ချေ အန္တရာယ်များကို ခန့်မှန်းပြီးတော့ တစ်ဖွဲ့လုံးကို ဦးဆောင်ကာကွယ်ပေးနိုင်တာကြောင့် အဖွဲ့တစ်ခုတစ်ခုတွေမှာ ဉာဏ်ရည်အမြင့်ဆုံး ဝံပုလွေ ဖြစ်ပါတယ်။

အရှေ့ဆုံးက အသက်ကြီး ဝံပုလွေသုံးကောင်ရဲ့ သွားလာတဲ့ နှုန်းထားကို တစ်ဖွဲ့လုံးလိုက်ပြီးတော့ အနောက်ဆုံးက Alpha Wolf ရဲ့ စေခိုင်း အမိန့်ပေးမှုကို လက်ခံကြပါတယ်။ ယင်းဟာ ဝံပုလွေအဖွဲ့တစ်ဖွဲ့ချင်းစီမှာ ရှိတဲ့ ခေါင်းဆောင်မှု ပုံစံ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*