မိဘများ၏ မှားယွင်းတတ်သော သင်ကြားမူများ

ကလေးမွေးတတ်တိုင်း မိဘကောင်း မဟုတ်ပါဘူး၊

ပညာရှင်များ၏ လေ့လာတွေ့ရှိချက်တွေအရ မိမိရင်သွေး ကလေးများ၏ ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တဲ့ မိဘများစွာရှိပါတယ်။
အောက်ပါအချက် ( ရ ) ချက်အတိုင်း ပြုမူကျင့်ကြံခဲ့ကြမယ်ဆိုရင် ကလေးကိုဖျက်ဆီးရာရောက်ပါတယ်။
ဝမ်းနည်းစရာ ကောင်းတာကတော့ ကျွန်တော်အပါအဝင် မိဘများစွာတို့ဟာ အဆိုပါအချက်တွေကို အနည်း နဲ့ အများ မသိလို့ပဲဖြစ်ဖြစ်၊ သိရက်နဲ့ မေ့လို့ပဲ ဖြစ်ဖြစ် ကျူးလွန်မိနေဆဲ ဖြစ်ပါတယ်။

၁။ ကလေးများ မိမိကိုယ်မိမိ အသုံးမကျတဲ့ကောင်ဟု ထင်မြင်စေခြင်း ။

မိသားစုဝင်အတွင်း သူ့အား သဘောကျတဲ့လူဆိုလို့ တစ်ယောက်မှမရှိဘူး။ ကျောင်းမှာလည်းစာညံ့သလားမမေးနှဲ့၊ ဆက်ဆံရေးလည်း တစ်စက်မှ အဆင်မပြေဘူး၊ ရုပ်ကလည်းဆိုးသေး၊ ကျစ်ကန်ကျစ်ကန်နှဲ့ ၊ အိမ်မူကိစ္စလည်း အားကိုးလို့မရဘူး ၊ ဘာမဆို ပေါ့ပေါ့ဆဆပဲတွေးတယ်။ စရိုက်လည်း ကြမ်းတယ်။တစ်မိသားစုလုံး သူ့ကြောင့်ပဲ စိတ်ဆင်းရဲ နေရတာ စသည်ဖြင့် ကလေးကို ဝေဖန်ပြောကြားခြင်း၊

၂။ သူများနဲ့ နိူင်းနိူင်းပြီး ဆုံးမခြင်း

ကြည့်လေ၊ မင်းဟာ ဘယ်သူနဲ့ ဆိုရင် ဘယ်နေရာမှာ ကွာပ၊ သူများဖြင့် ဘယ်လိုဘယ်လိုထူးခွျှန်တယ်၊ မိဘဖြင့် စိတ်မပူရဘူး၊ လမ်းထိတ်ကဘယ်သူဆိုရင် မင်းနှဲ့ တစ်ရွယ်ထဲ၊ သူများတွေကြည့်၊ မိဘကိုဘယ်လောက်သိတတ်သလဲ၊ ဘယ်လောက်စာတော်လဲ၊မင်းကသာ သူတို့လိုဖြစ်မယ်ဆိုရင်…..စသည်ဖြင့် ကလေးကိုဆိုဆုံးမခြင်း။

၃။ မိဘများကို သနားလာအောင် ဖန်တီးပြခြင်း

မိဘများဟာ ကလေးတွေရဲ့ ရှေ့မှာ မိသားစုအတွက် အနစ်နာခံသူ၊ ပေးဆပ်နေရသူ အဖြစ်ကလေးအား ခဏခဏ ပြောကြားပြီး ကလေးများအား စိတ်ထဲတွင် အပြစ်ခံစား ရတဲ့အထိ တတွတ်တွတ် ပြောဆိုခြင်း၊ ကလေးများကြောင့် မိဘများမည်မျှပင်ပမ်းစွာ လုပ်ကိုင်ရပုံ၊ ကလေးများကြောင့် မိဘများ ဘာရောဂါ၊ ညာရောဂါ ရရှိသွားတဲ့ အထိ ပင်ပမ်းဆင်းရဲရပုံများကိုရှင်းပြခြင်း။

၄။ ကလေးများအား ကောင်းကောင်းမွန်မွန် စကားမပြောခြင်း

ဆွေးနွေးတဲ့လေသံမျိုးနှဲ့ မပြောဆို၊ အမိန့်ပေးတဲ့ပုံစံနှဲ့သာ ဆက်ဆံတယ်။ အသံကျယ်ကျယ်နှဲ့ စကားပြောလေ့ရှိတယ်။ တစ်ခါတစ်လေမှာစောင်းမြောင်းပြောဆိုတတ်တယ်။ ဘာလို့ အဲလောက်တောင် “အ”ရတာလဲ၊ ဘယ်လိုကောင်မျိုးမွေးထားမှန်းလဲ မသိဘူး စသည်ဖြင့် ဆဲဆိုခြင်းမျုးိ။

၅။ ကလေးရဲ့ ကိစ္စဝိစ္စ အားလုံးကိုစီမံပေးခြင်း

ကလေးဆိုတာ လွှတ်ထားလို့ မရဘူး၊ သူဘယ်သွားတယ်၊ ဘာလုပ်နေတယ်ဆိုတာတွေကို သေသေချာချာ လိုက်ကြည့်နိုင်မှ တော်ကာကျတယ်။ ကလေးများ မှတ်တမ်းတွေဘာတွေ ရေးမှတ်ခဲ့ရင် ရတဲ့နည်းလမ်းနှဲ့ ခိုးဖတ်ကြပါတယ်။ သူ့ရဲ့ကိစ္စကြီးငယ်မဟူ မိဘများကသာ ဆုံးဖြတ်ပေးကြပါတယ်။

၆။ ဒေါသလွှဲပြောင်းတတ်တဲ့ အရည်အချင်းကို ပိုင်ဆိုင်ခြင်း

ပြင်ပမှာ အဆင်မပြေမူများတွေ့ရှိခဲ့ပါက ဒေါသကိုအိမ်အထိသယ်လာပြီး ကလေးများကိုကြိမ်းမောင်းပါ။ မင်းတို့ကြောင့် ငါဘယ်လောက်အထိ အလုပ်လုပ်နေရလို့၊ဘယ်လောက်ထိ ဒုက္ခဆင်းရဲခံနေ ရလို့စသည်ဖြင့်ပြောပြခြင်း။

ရ။ အထက်ပါ ခြောက်ချက်ထက် ပိုမိုထိရောက်တဲ့ ကလေးရဲ့ အတွင်းစိတ်ကိုကျေမွအောင် ဖျက်ဆီးနိုင်တဲ့နည်းလမ်းကတော့ ကလေးကို လူရှေ့ သူရှေ့မှာ အရှက်ခွဲလိုက်ခြင်းပါပဲ။ လူရှေ့သူရှေ့မှာ၊ အထူးသဖြင့် သူ့ရဲ့သူငယ်ချင်းတွေရှေ့မှာ သူကိုနှိမ်ပါ။ ဆဲဆိုကြိမ်းမောင်းပါ။ သူကိုအရှက်မရ ရအောင်ပြောဆိုပစ်လိုက်ပါ။

အထက်ပါအချက် ( ရ ) ချက်ကြောင့် ကလေးဟာ မိမိကိုယ်ကိုယ် မိမိ ယုံကြည်ခြင်း လုံးဝပျောက်ဆုံး သွားစေပြီး ဘဝကိုလုံး၀ ရင်မဆိုင်ရဲတော့တဲ့ အသုံးမကျတော့တဲ့ လူကိုတကယ်ဖြစ်သွားစေပါတယ်။

မိဘများ ကိုယ့်ကိုကို ဆန်းစစ်နိင်ဖို့ တကယ်အဓိပ္ပါယ် ကောင်းတယ်ထင်ရလို့ နားလည်သလို ဘာသာပြန်လိုက်ပါတယ်။ ဖတ်ရတာ အဆင်မပြေမူများ ရှိခဲ့ရင် ဘာသာပြန်သူရဲ့ အားနည်းချက်သာ ဖြစ်ပါကြောင်း။

Be the first to comment

Leave a Reply

Your email address will not be published.


*