ကိုယ့်ဝင်ငွေကိုယ်ရှာပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား…

မိန်းကလေးတွေဟာ သဘာဝအားဖြင့် အားနွဲ့တယ် ၊ စိတ်ပျော့တယ် ဆိုပေမယ့် မှီခိုချင်တဲ့ သူတွေတော့ မဟုတ်ပါဘူး ။ မိသားစုက ချမ်းသာ သည်ဖြစ်စေ ၊ ဆင်းရဲ သည်ဖြစ်စေ ကိုယ့်ဝင်ငွေ ကိုယ်ရှာပြီး ကိုယ့်အား ကိုယ်ကိုးတဲ့ မိန်းကလေးတွေ ဆိုတာ ဒီလိုပါ ။

( ၁ ) နှမြောတတ်တယ်

ဒီလို မိန်းကလေးတွေဟာ အရမ်းနှမြောတတ်တဲ့ သူတွေပါ ။ ဈေးဝယ်တဲ့ အခါမှာလည်း အရမ်း ဈေးကြီးတာမျိုး ဆိုရင် ကိုယ့်မှာ ရှိနေရင်တောင် မဝယ်ပါဘူး ။

ဈေးကြီးတဲ့ အဝတ်အစားတွေ ၊ ဈေးကြီးတဲ့ အစားအစာတွေကို ချင့်ချိန်ပြီးမှ ဝယ်တတ် ၊ စားတတ်တဲ့ သူတွေပါ ။ အစားအသောက် ကျန်နေရင် အရမ်း နှမြောတတ်သလို ၊ ကိုယ့်ပစ္စည်းလေးတစ်ခုခု ပျောက်သွားခဲ့ရင်တောင် အရမ်း နှမြောတတ်ပါတယ်


( ၂ ) ချွေတာတတ်တယ်

ဒီလို မိန်းကလေးတွေဟာ အရမ်း ချွေတာတတ်တဲ့ သူတွေပါ ။ ဘယ်တော့မှ ဈေးမဆစ်ပဲ ဈေးဝယ်လေ့မရှိပါဘူး ။ ငွေကုန် ကြေးကျ သက်သာမယ့် နည်းလမ်းလေးတွေကို အမြဲတမ်းစဉ်းစားတတ်သလို ၊ ပိုက်ဆံကို ချွေချွေတာတာ သုံးတတ်တဲ့ သူတွေပါ ။

ပိုက်ဆံရှာရတာ ဘယ်လောက် ခက်ခဲမှန်းကောင်းကောင်း နားလည်တဲ့ သူတွေပါ ။

( ၃ ) ချုပ်ခြယ်တာတွေမကြိုက်ဘူး

ဒီလို မိန်းကလေးတွေဟာ ချုပ်ခြယ်တာတွေ၊ အမိန့်ပေးတာတွေ၊ တမင်သက်သက် အနိုင်ကျင့်စော်ကားတာမျိုးတွေကို လုံးဝမကြိုက်ပါဘူး ။ မဟုတ်ရင်မခံတဲ့သူတွေ ဖြစ်ပါတယ် ။

ကိုယ်မှားနေရင် ဒူးထောက်တောင်းပန်ဖို့ ဝန်မလေးသလို၊ ကိုယ်မှန်နေရင်လည်း အဆုံးထိ ရင်ဆိုင်ရဲတဲ့ သူတွေပါ ။

(၄ ) ကြိုးစားတယ်

ဒီလိုမိန်းကလေးတွေဟာ ကြိုးစားချင်စိတ် အပြည့်ရှိတဲ့ သူတွေပါ ။ သူများတွေရဲ့အမြင်မှာ ဘာမှ မဟုတ်တာလည်း ဖြစ်ရင်ဖြစ်မယ် ဒါပေမယ့် လည်း ကြီးမားတဲ့စိတ်ကူးအိပ်မက်တွေ၊ ရည်မှန်းချက်တွေကိုပိုင်ဆိုင်ထားပြီး တကယ်လည်း ကြိုးစားတဲ့ သူတွေပါ ။

( ၅ ) မခံချင်စိတ်ရှိတယ်

ဒီလို မိန်းကလေးတွေဟာ မနာလို စိတ်တော့ မရှိပေမယ့် မခံချင် စိတ်ရှိတဲ့ သူတွေပါ ။ ကိုယ့်ရဲ့ရွယ်တူ တန်းတူတွေနဲ့ယှဉ်လာရင် ဘယ်တော့မှ အောက်ကျနောက်ကျ မဖြစ်ချင်တဲ့သူတွေပါ။ ဒါကြောင့် အမြဲလိုလို ကြိုးစားပြီး ဝီရိယကြီးတဲ့ သူတွေပါ ။

credit:

Be the first to comment

Leave a Reply

Your email address will not be published.


*