အောင်မြင်ဖို့ အ တွက် ဘွဲ့ရစရာမ လိုတဲ့ အကြောင်းအရင်း (၇) ချက်

၁ – ကျွမ်းကျင်မှုနဲ့ အရည်အသွေး

အ လုပ် အ ကိုင် ရ ရှိ မှု ဟာ ကျွမ်း ကျင် မှု နဲ့ အ ရည် အ သွေး ကို မူ တည် ပါ တယ်။ ကိုယ် ပိုင် လုပ် ငန်း လုပ် မယ် ဆို ရင် လည်း ဒီ အ ချက် တွေ ပေါ် မှာ ပဲ မူ တည် တာ ပါ။

တက္ကသိုလ်တွေဟာ ပညာရေးအတွက် ကောင်းတဲ့ နေရာတွေ ဖြစ်ပေမဲ့ အလုပ် အကိုင်နဲ့ ပတ်သက်ရင်တော့ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပေးနိုင်တဲ့ နေရာတွေ မဟုတ်ပါဘူး။

၂ – ဘွဲ့မရသူ

ဘွဲ့မရရင် အောင်မြင်နိုင် တယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဘွဲ့မရဘဲနဲ့လည်း အောင်မြင်မှု ကို ရယူနိုင်တယ်လို့ ဆိုလိုတာပါ။ စတိဗ်ဂျော့၊ ဟင်နရီဖို့ဒ်၊ စတီဗင်စပီးဘာ့ဂျ် စတဲ့သူတွေဟာ တက္ကသိုလ်က ဘွဲ့ရသူတွေ မဟုတ်ပါဘူး။

၃ – အပြင်ဘဝ

စာသင်ခန်းထဲမှာ ထက် အပြင်ဘဝက သင့်ကို ပိုသင်ကြား ပေးနိုင်ပါတယ်။ သင်လို အပ်တာတွေကို ပိုပြင်ဆင် ပေးနိုင်ပါတယ်။ တကယ်လက်တွေ့ လုပ်ရင်း သင်ယူနိုင်တာကြောင့် ဖြစ်ပါတယ်။

၄ – ရွယ်တူတွေထက် သာတယ်

သင်နဲ့ရွယ်တူ တက္ကသိုလ်တက်သူတွေထက် သင်နှစ်သက်ရာ နယ်ပယ်မှာ ပိုရှေ့ရောက်နေ ပါလိမ့်မယ်။ အဆက်အသွယ် ပိုကောင်းပါလိမ့်မယ်။

၅ – ရှိတာနဲ့ လုပ်လို့ရ

ဒီနေ့ခေတ်မှာ ဘွဲ့ရမှ မဟုတ်ဘဲ သင့်မှာ ရှိပြီးသား အဆက်အသွယ်၊ ကျွမ်းကျင်မှု၊ ငွေကြေးနဲ့ သင့်ဘဝ ကို အောင်မြင်စွာ ထူထောင်လို့ ရနေပါပြီ။ တက္ကသိုလ်မှာ သင်ကြားတဲ့ ပညာရပ်တွေကိုလည်း အပြင်မှာ လေ့လာလို့ ရနေပါပြီ။

၆ – စွန့်ဦးတီထွင်

ဖောက် ထွက် တွေး ခေါ် တတ် တာ၊ စွန့် ဦး တီ ထွင် ချင် တာ တွေ ကို တ က္က သိုလ် က ထိ ရောက် အောင် သင် ကြား မ ပေး နိုင် ပါ ဘူး။ ဘောင်တွေ၊ စနစ်တွေထဲက လာတဲ့လူ မဟုတ်တဲ့အတွက် သင့်တွေးခေါ်မှုက ပိုပြီး လက်တွေ့ကျတတ်ပါတယ်။

၇ – အနည်းငယ်သာ အသုံး ဝင်

တက္ကသိုလ်မှာ သင်ကြား ခဲ့တာတွေကို လက်တွေ့လုပ်ငန်းခွင်မှာ အနည်းငယ် ပဲ အသုံးဝင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*