သင့်ရဲ့ မွေးလ ၊ ရာသီခွင် ကပြော တဲ့ သင့်ရဲ့ ဖူးစာ ရှင်နဲ့ စဆုံစည်းနိုင် တဲ့ နေရာများ…

ဒီဘက်ခေတ်ထဲမှာ လူတစ်ယောက်နဲ့ စကားပြောဖို့၊ သူငယ်ချင်းဖြစ်ဖို့ အတွက် အရင်ခေတ်ကလို မခက်ခဲတော့ပါဘူး။ တစ်ခါမှ မတွေ့ဆုံဖူးတဲ့ လူနှစ်ယောက်က

ဆိုရှယ်မီဒီယာတွေက တဆင့် တစ်ယောက်အကြောင်းတစ်ယောက်သိပြီး ခင်မင်ရင်းနှီးတဲ့သူတွေဖြစ်နိုင်တာ လွန်ခဲ့တဲ့နှစ်တွေထဲကပါ။

ဒါပေမယ့် ချစ်ရတဲ့သူ ကိုတော့ ဆိုရှယ်မီဒီယာမှာ မဟုတ်ဘဲ အပြင်မှာပဲ ဆုံတွေ့ချင်တဲ့ သူတွေအတွက်

ရာသီခွင်အလိုက် ချစ်သူနဲ့ဆုံတွေ့နိုင်ချေရှိတဲ့နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်…

(1)- မိဿရာသီဖွား ( မတ် ၂၀ – ဧပြီ ၂၀)

မိဿတွေကေ တာ့ ခန္ဓာကိုယ် ကျန်းမာလှပဖို့ လေ့ကျင့်ခန်းလုပ်ရင်းနဲ့ Gym မှာ ချစ်သူနဲ့ဆုံရနိုင်ချေ ရှိပါတယ်။ Gym သွားလိုက်တော့နော်။

(2)- ပြိဿရာသီဖွား ( ဧပြီ ၂၁ – မေ ၂၀ )

သူငယ်ချင်းတွေ ထဲမှာပဲ တိတ်တိတ်လေးကြိတ်ကြွေနေတဲ့သူရှိပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေ ဆုံကြတဲ့ Gathering လေးတွေ လုပ်တဲ့အခါမျိုးမှာ လက်မလွတ်သင့်ပါဘူးနော်…

(3)- မေထုန်ရာသီဖွား ( မေ ၂၁ – ဇွန် ၂၀)

နေ့တိုင်းပြောဆို ဆက်ဆံနေရတဲ့သူတွေထဲက ကိုယ့်ကို ပြုံးပြီးစိုက်ကြည့်တတ်တဲ့သူဖြစ်နိုင်ပါတယ်

(4)- ကရကဋ်ရာသီဖွား ( ဇွန် ၂၁ – ဇူလိုင် ၂၁)

ကလေးဘဝတုန်းကသူငယ်ချင်းနဲ့ ချစ်သူဖြစ်နိုင်တာမို့ ငယ်သူငယ်ချင်းတွေဆုံတဲ့အခါ မဖြစ်မနေသွားပြီး အကဲခတ်ကြည့်သင့်ပါတယ်။

(5)- သိဟ်ရာသီဖွား ( ဇူလိုင် ၂၂ – သြဂုတ် ၂၂)

အလုပ်ထဲက လုပ်ဖော် ကိုင်ဖက် တစ်ယောက်ယောက်နဲ့ ချစ်ကြိုးသွယ်သွားနိုင်ချေရှိပါတယ်။

(6)- ကန်ရာသီဖွား ( သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)

စာကြည့်တိုက် တို့ ၊ စာအုပ်ဆိုင်တို့မှာ တွေ့ဆုံရင်း ချစ်သူတွေဖြစ်သွားကြတဲ့ ဇာတ်လမ်းမျိုးကို ကြုံရနိုင်တယ်နော်။

(7)- တူရာသီဖွား ( စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)

အနုပညာကို ခံစားတတ်တဲ့ တူရာသီဖွားတွေကတော့ ချစ်သူကို ပြပွဲတို့ ရုပ်ရှင်ရုံတို့မှာ တွေ့နိုင်ချေရှိပါတယ်

(8)- ဗြိစ္ဆာရာသီဖွား ( အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)

လမ်းပေါ်ကိုသာ ထွက်ပြီး လမ်းလျှောက်လိုက်ပါ ၊ ချစ်တဲ့သူနဲ့တွေ့နိုင်ပါတယ်။

(9)- ဓနုရာသီဖွား ( နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၀)

ကော်ဖီဆိုင်မှာ ကော်ဖီလေးသောက် ရင်း စာအုပ်လေးဘာလေး သွားဖတ်ကြည့်ပါ၊ နောက်နေ့တွေ ကော်ဖီအတူတူသောက်ဖို့ ချိန်းတဲ့သူနဲ့တွေ့ပါလိမ့်မယ်။

(10)- မကာရရာသီဖွား ( ဒီဇင်ဘာ ၂၁- ဇန်နဝါရီ ၁၉)

အလုပ်ကိုသာ ပုံမှန်သွား ပါ၊ အလုပ်သွားတဲ့လမ်းမှာ တစ်ယောက်ယောက်နဲ့တွေ့နိုင်ပါတယ်။

(11)- ကုမ်ရာသီဖွား ( ဇန်နဝါရီ ၂၀- ဖေဖော်ဝါရီ ၁၈)

သင့်ရဲ့ ဝါသနာနဲ့ဆက်စပ်ပြီး သိတဲ့သူတွေထဲက တစ်ယောက်ယောက်ဖြစ်နိုင်ပါတယ်။

(12)- မိန်ရာသီဖွား ( ဖေဖော်ဝါရီ ၁၉- မတ် ၁၉)

သင်နေတဲ့ အိမ် ပတ်ဝန်းကျင်နားက အရမ်းရှက်တတ်တဲ့သူတစ်ယောက်ယောက်က သင့်ရဲ့ အနာဂတ်ချစ်သူပါ။

ချစ်မိတ်ဆွေတွေ အားလုံးပဲ ချစ်တဲ့သူနဲ့ ဆုံဆည်းနိုင်ပါစေ…

Be the first to comment

Leave a Reply

Your email address will not be published.


*