မိန်းမကိုယ် သန့်ရှင်းမှုအပိုင်းမှာ အားနည်းခဲ့တဲ့ မိန်းကလေးရဲ့ ကြောက်ဖက်ဖွယ်ရာ အဖြစ်

ခန္ဓာကိုယ်ရဲ့အဓိက အစိတ်အပိုင်းဖြစ်တဲ့ မိန်းမအင်္ဂါကို ကောင်းမွန်စွာ ဂရုစိုက်တတ်ဖို့ အရမ်းကို အရေးကြီးပါတယ်။ ဆေးကြောသန့်စင်ပေးခြင်း၊ အဝတ်အစား အတွင်းခံပုံမှန် လဲလှယ်ပေးခြင်းတွေက မဖြစ်မနေလုပ်ရမယ့် အရာတွေလည်း ဖြစ်ပါတယ်။ ဒီအကြောင်းအရာက ပြောပြဖို့ မသင့်ဘူးဆိုပေမယ့် တရုတ်နိုင်ငံက အသက်(၂၃)နှစ်အရွယ် Fang Fang လို့ခေါ်တဲ့ မိန်းကလေးရဲ့ အဖြစ်ကတော့ သင်ခန်းစာယူဖို့၊ ဆင်ခြင်ဖို့ကောင်းတဲ့ အကြောင်းအရာဖြစ်တာကြောင့် ဖော်ပြပေး လိုက်ရခြင်း ဖြစ်ပါတယ်နော် …။

တရုတ်နိုင်ငံမှ Fang Fang လို့ခေါ်တဲ့ မိန်းမပျိုလေးတစ်ဦးဟာ အတွင်းခံဘောင်းဘီကို တစ်လနေမှ တစ်ခါသာ လဲလှယ်ဝတ်ဆင်တတ်သူပါ။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ နှစ်လလောက်မှာတော့ သူမဟာ နေထိုင်မကောင်း ဖြစ်လာခဲ့ပါတယ်။ စစချင်းမှာတော့ သိပ်ဂရုမစိုက်ဖြစ်ပေမယ့် ၁၀ ရက်လောက်အကြာမှာတော့ ပြင်းထန်ဆိုးရွားစွာ ဗိုက်နာလာတာကြောင့် သူမရဲ့ သူငယ်ချင်းဖြစ်သူက ဆေးစစ်ဖို့အတွက်ဆေးရုံကို ခေါ်သွားပေးခဲ့ရပါတယ် …။

ဆေးစစ်ချက်အရ သူမမှာ ကင်ဆာရဲ့ရှေ့ပြေးရောဂါ လက္ခဏာတွေပြနေတဲ့ အနာတွေကို ဆရာဝန်က အံ့အားသင့်စွာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့အဲ့ဒီ့အနာတွေကို ချက်ချင်းခွဲစိတ်မှုပြုလုပ်ပြီး ဖယ်ရှားခဲ့တာဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးဟာ သွေးဆုံးအရွယ် အမျိုးသမီးတွေမှာ အတွေ့များပြီး ငယ်ရွယ်တဲ့မိန်းမပျိုတွေမှာတော့ အတော်တွေ့ရခဲတယ်လို့လည်း ဆိုခဲ့ပါတယ် …။

သူမဟာ အတွင်းခံဘောင်းဘီတွေကို တစ်လလောက်နေမှ တစ်ခါလဲလေ့ရှိသလို၊ Bra ကိုလည်း ရက်သတ္တပတ်များစွာ ဝတ်ဆင်တတ်တယ် လို့ဆိုခဲ့ပါတယ်။ အကြောင်းရင်းကတော့ လျှော်နေရမှာပျင်းလို့ပါ။ ဒီလိုမျိုးမိန်းမကိုယ်သန့်ရှင်းရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းခြင်းကြောင့် ရွံရှာစရာအနာတွေနဲ့ တခြားသောရောဂါတွေ၊ ပြင်းထန်သော မှိုရောဂါတွေ ဖြစ်လာနိုင်တာကြောင့် လုံးဝမပေါ့ဆကြဖို့ သတိပေးလိုက်ရပါတယ်နော် …။ ။

Be the first to comment

Leave a Reply

Your email address will not be published.


*