ပျိုမေတို့ အန္တရာယ်ကြုံနေရပြီဆိုရင် ဘယ်သူတွေကို ပြောပြသင့်လဲ

မိန်းကလေးတစ်ယောက်အနေနဲ့ အန္တရာယ်တစ်ခုခု ကြုံနေခဲ့ရတယ်ဆိုရင် တစ်ယောက်ယောက်ကို ဖွင့်ပြောသင့်ပါတယ်။ တစ်ယောက်တည်းကြိတ်ပြီး မဖြေရှင်းပါနဲ့။ တစ်စုံတစ်ယောက်ကို ရင်ဖွင့်ပါ။ တိုင်ပင်ပါ။ တကယ်လို့ အန္တရာယ်ကြုံနေရပြီးဆိုရင် ဘယ်သူတွေကို ပြောပြသင့်လဲဆိုတာ မျှဝေပေးလိုက်ပါတယ်နော်။


(၁) မိဘ

မိန်းကလေးတစ်ယောက်အနေနဲ့ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတာပဲဖြစ်ဖြစ်၊ အွန်လိုင်း ပေါ်မှာ ခြိမ်းခြောက်ခံနေရတာပဲဖြစ်ဖြစ်၊ ဖြေရှင်းလို့မရတဲ့ ကိုယ်ရေးကိုယ်တာကိစ္စပဲဖြစ်ဖြစ် တစ်ခုခုကို ကြုံနေရပြီးဆိုရင် အရင်ဆုံး မိဘကို ဖွင့်ပြောလိုက်ပါ။ မိဘကို အကျိုးသင့်အကြောင်းသင့်ရှင်းပြပြီး ကိစ္စအပြည့်အစုံကို ပြောပြပါ။ မကြောက်ပါနဲ့။ မိဘကိုဖွင့်ပြောလိုက်လို့ မိဘကသိသွားရင် သတ်လိမ့်မယ် ဆိုတဲ့ အတွေးတွေနဲ့ မိဘကိုဖွင့်ပြောဖို့ကြောက်မနေပါနဲ့။ မိဘကသာ ကိုယ့်အတွက် အကောင်းဆုံး အကူအညီကို ပေးမယ့်သူတွေပါပဲ။ မိဘက ခဏတော့ ဂရုဏာဒေါသထွက်ရင် ထွက်မယ်။ ဒါပေမယ့် ဘယ်တော့မှတော့ ကိုယ့်သားသမီးကိုတော့ နာကျင်အောင်မလုပ်တတ်ကြပါဘူး။

(၂) အားကိုးရလောက်တဲ့ မိတ်ဆွေ ၊ သူငယ်ချင်း

မိဘကို ဖွင့်ပြောရမှာ မရဲဘူးဆိုရင် ဒုတိယ ပြောပြသင့်တဲ့ လူတွေကတော့ အားကိုးရလောက်တဲ့ မောင်နှမ၊ မိတ်ဆွေ ၊ သူငယ်ချင်း တို့ကို ကိုယ့်ပြသနာတွေ ပြောပြပြီး အကြံတောင်းပါ။ ကိုယ်လျှိုဝှက်ရမယ့် တချို့ပြသနာ ဆိုရင် နှုတ်လုံတဲ့ သူငယ်ချင်း၊ မိတ်ဆွေ ၊ ယုံကြည်ရလောက်တဲ့ သူမျိုးဆီမှာ ဖွင့်ပြောပါ။ အတူတူဖြေရှင်းလို့ရတဲ့ကိစ္စမျိုးဆိုရင် အဖော်ခေါ်သွားပြီး ဖြေရှင်းပါ။

(၃) ရဲစခန်း

အသက်အန္တရာယ် အထိပါ ခြိမ်းခြောက်မှုတွေရှိလာရင် ရဲစခန်း (၁၉၉) ကိုဖုန်းဆက်ပါ။ အကူအညီလာသည့်ထိ စောင့်ပါ။ သူတို့ကို ကိုယ့်ကြူံတွေ့နေရတာတွေ အပြည့်အစုံပြောပြပါ။ ရဲတိုင်ပြီး အမှုဖွင့်သင့်ရင် ဖွင့်ပါ။

(၄) ရှေ့နေ

ကိုယ့်အသိ ရှေ့နေရှိရင် သူတို့နဲ့ တိုင်ပင်ပါ။ မေးမြန်းပါ။ ကိုယ့်ဖြစ်နေတဲ့ ပြသနာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးကြည့်ပါ။ သူတို့က ပေးတဲ့ အကြံဉာဏ်ကိုရယူပါ။ အသိရှေ့နေက မရှိခဲ့ရင်လည်း ရှေ့နေ တစ်ယောက်ယောက်ဆီသွားပြီး အကြံဉာဏ်ယူပါ။

(၅) တစ်ယောက်တည်း မဖြေရှင်းလိုက်ပါနဲ့

ဘယ်လို အကြောင်းပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် အန္တရာယ်တစ်ခုကိုကြုံနေရပြီးဆိုရင် တစ်ယောက်တည်းကြိတ်ပြီး မဖြေရှင်းပါနဲ့။ တစ်စုံတစ်ယောက်ကို ကိုယ်ကြုံတွေ့နေရတဲ့ အန္တရာယ်နဲ့ပတ်သက်ပြီး အသေးစိတ်ကို ပြောပြလိုက်ပါ။ သူတို့က ကိုယ့်ကို အကြံကောင်းတွေပေးပြီး အားကိုးလို့ရနိုင်မယ့် လူမျိုးတော့ဖြစ်ပါစေနော်။ ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် အန္တရာယ်တစ်ခုကို တစ်ယောက်တည်းမဖြေရှင်းပါနဲ့။ မိန်းကလေးတစ်ယောပ်အနေနဲ့ အသက်အန္တရာယ်ထိ ဖြစ်သွားမှာစိုးလို့ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*