”အသက်ကြီး လို့ ဗိုက်ကြီးပူ လာခြင်း ကို မပူပါနဲ့။ သက်ရင်းကြီးမြစ်နဲ့ ဒီလို ရှင်းလို့ရတယ်”

အသက်ကြီးလို့ ယောကျ်ား၊ မိန်းမ ဝဖြိုးလာပြီး ဗိုက်ကြီး ပူလာခြင်း ကို သက်ရင်းကြီးမြစ်နဲ့ ရှင်းစို့

အသက်ကြီးလို့ ဗိုက်ကြီးပူ လာခြင်းကို မပူပါနဲ့။ သက်ရင်းကြီးမြစ်နဲ့ ဒီလိုရှင်းလို့ရတယ်

အသက်ကြီး လာလျှင် ယောကျ်ား မိန်းမ ဝဖြိုးလာပြီး ဗိုက်ကြီးပူ လာခြင်းမှာ သဘာဝဟုဆိုနိုင်ပါသည်။ အဆီများ၍ ပူလာသောဗိုက်ကို သရင်းကြီးမြစ်နှင့် စမ်းသပ်လိုက်ပါ။

သက်ရင်းကြီးမြစ်ကို လေးလက်မ ငါးလက်မခန့်ဖြတ်၍ ရေစင်စင်ဆေးပါ။ ဘက်တီးရီးယား ပိုးများသေစေရန်နှင့် မှိုများ မကျရောက်စေရန် အမြစ်များကို ထမင်းပေါင်းအိုးထဲထည့်ပြီး ပေါင်းပါ။

သုံးနာရီပေါင်းပြီးမှ ခြောက်သွေ့စေရန် နေလှန်းပါ။ဆေးသွေးကျောက်ပျဉ်ပေါ်မှာ သွေးပြီး သောက်ပါ။ ၁၀-ရက်လောက် သောက်ပြီးနောက်

ပူနေသောဗိုက်ကြီး တနေ့တခြား ပိန်သွားပါလိမ့်မည်။ အဆီရှိသောနေရာ ပိန်သွားခြင်းဖြစ်ပါသည်။ လူပိန်သွားခြင်း မဟုတ်ပါ။

ဆေးသောက်နည်း

နေ့စဉ် နံနက်စောစော (၆)နာရီမှာဖြစ်စေ၊ (၇)နာရီမှာဖြစ်စေ နံနက်စာ (Break Fast) မစားမီဆေး ကိုသွေးပြီး သောက်ပါ။ တစ်ကြိမ်ပဲ သောက်ပါ။ (Zebra) စတီးဇွန်းဖြင့် ဆေးရည်ကို

ဆားအနည်းငယ် ထည့်သောက်ပါ။ ဝမ်းလွယ်ပါက လျှော့သောက်ပြီး ဝမ်းချုပ်တတ်ပါက နည်းနည်းပိုသောက်ပါ။ (Zebra) စတီးဇွန်းသည် စံချိန်တစ်ခု ယူထားခြင်း ဖြစ်ပါသည်။

ဆေးသောက်ပြီး တနာရီ အကြာမှာ ဝမ်းသွားပါမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးလျှင် နံနက်စောစောအစာကို စားသောက်နိုင်ပါသည်။

နောက်ထပ် တစ်နာရီ သို့-နာရီဝက် ခန့်ကြာတိုင်း ဝမ်းသွားပါဦးမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးကတည်းက ဝမ်းထဲမှာရှိသော အစာဟောင်းများ ကုန်သွားပါမည်။

နောက်ထပ်သွားသော ဝမ်း ၏အနံ့သည် အမဲသား ဝမ်းတွင်းသား အနံ့ကဲ့သို့ နံလာပါမည်။ မစင်ကိုရေဖြင့်သန့်စင်သည့်အခါ စအိုဝတွင် ဆီများရွှဲနေသည့် အထိအတွေ့မျိုးကို သိရှိရပါလိမ့်မည်။

ဝမ်းသွား၍ အားအင် ကုန်ခန်းခြင်း မရှိပါ။ ဆေး များများ သောက်မိပါ က အော့ချင် အန်ချင် သလို ဖြစ်တတ်ပါသည်။ စိုးရိမ်စရာ မရှိပါ။

သရင်းကြီးမြစ် သောက်ပြီးနောက် ရရှိလာမည့် အကျိုးများ

၁။ ခန္ဓာကိုယ်တွင်းရှိ ပိုနေသော အဆီများ (Cholesterol)ကို ကျစေသည်မှာ သိသာပါသည်။
၂။ ခန္ဓာကိုယ် ပူနွေးပြီး နေထိုင်ကောင်းပြီး ပေါ့ပါးလာပါမည်။
၃။ မျက်စိများ ကြည်လင်လာပါမည်။

၄။ ထုံကျဉ် ကိုက်ခဲနေသော ရောဂါ များ သက်သာသွားပါမည်။
၅။ လေ ထိုးလေအောင့် ရောဂါများ ရှိလျှင် သက်သာလာမည်။
၆။ ဝမ်းမှန် ဆီးမှန်ပြီး သွေးသား ကို စင်ကြယ်စေပါသည်။
၇။ ဆီးချိုရောဂါ ကိုလည်း သက်သာစေပါသည်။

ငွေကုန်ကြေးကျ မများဘဲ ဆေးမြစ်တစ်ခုတည်းနှင့် အသုံးပြုပုံကို လက်တွေ့စမ်းသပ်ပြီး
တင်ပြလိုက်ရပါသည်။

Myat Moe
Credit: ဦးလှစိန်-ကလေး(ကြံခင်း)

Be the first to comment

Leave a Reply

Your email address will not be published.


*