မီးဖိုချောင်ထဲက စဉ်းတီတုံးကို သတိထား

စဉ်းတီတုံးသည် မီးဖိုချောင် တစ်ခုတွင် မပါမဖြစ် ပစ္စည်းဖြစ်သည်။ သူရှိမှ အသားငါး တင်ခုတ် လို့ရသည်။ အသီးအရွက် တင်ဖြတ်လို့ ရသည်။ လူသားတို့ စားသမျှ အတော် များများသည် စဉ်းတီတုံးပေါ်တွင် ခုတ်ထစ် ဖြတ်တောက်ခံပြီးမှ ဒယ်အိုးထဲ ရောက်ကာ လူသားတို့ အစာအိမ်ထဲ ရောက်လာခြင်း ဖြစ်သည်။နောက်ဆုံး လေ့လာမှု စစ်တမ်းသစ် တစ်ရပ်အရကား စဉ်းတီတုံးသည် အိမ်သာ ဘိုထိုင် ကြွေခွက် ထက်ပင် ဘက်တီးရီးယား (၂၀၀) ရာခိုင်နှုန်း ပိုများနေကြောင်း သိရသည်။ လေ့လာမှု စစ်တမ်းကို တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ ကောင်စီ ဖြစ်သော Global Hygiene Council က ပြုလုပ်ခြင်း ဖြစ်သည်။ အစာ အဆိပ်သင့်ခြင်း (၄၀) ရာခိုင်နှုန်းသည် အိမ်တွင်း တစ်ကိုယ်ရေ သန့်ရှင်းရေး ညံ့ဖျင်းခြင်း အရင်းခံဖြစ်ကြောင်းလည်း GHC က ပြောသည်။


စဉ်းတီတုံး အပါအဝင် အိမ်တွင် မကြာမကြာ ကိုင်တွယ် ခံရသော ပစ္စည်းများသည် အီကိုလိုင်ကဲ့ သို့သော ဘက်တီးရီးယားများ စွဲကပ်လျက်ရှိသည်။
““အိမ်တွင်း သန့်ရှင်းမှု မရှိဆုံး နေရာတွေကို ရွေးထုတ် သုတေသန ပြုကြည့်တော့ အံ့အားသင့်စရာ ကောင်းလောက်အောင် တွေ့ရတာ ကတော့ စဉ်းတီတုံးပဲ။ သူတော်တော် ဘက်တီးရီးယားများတာ တွေ့လိုက်ရတယ်။ ကိုယ့်အိမ် ကိုယ်လည်း ပြန်သုံးသပ် ကြည့်မယ် ဆိုရင် စဉ်းတီတုံးကို သေချာ တိုက်ချွတ် ဆေးကြောတာ သိပ်နည်းတယ်ဆိုတာ သိနိုင်တယ်။ လှီးစရာ ရှိရင် စဉ်းတီတုံး ရေနည်းနည်းစွတ်ပြီး ခုတ်ကြ ထစ်ကြ တော့တာပဲ”” ဟု အစားအသောက် ကျန်းမာရေး ဆိုင်ရာ ဆရာဝန် လီဆာ အက်ကာလေက ပြောသည်။

““လူတွေက အိမ်တွင်း သန့်ရှင်းရေးဆိုရင် အိမ်သာလောက်ပဲ အာရုံရောက်ကြတယ်။ လူတွေဆီ ဘတ်တီးရီးယား အရောက်နိုင်ဆုံး ဖြစ်တဲ့ စဉ်းတီတုံးကို မေ့နေကြတယ်။ စဉ်းတီတုံးက တစ်ဆင့် လူတွေဆီ ဘတ်တီးရီးယား အရောက်ဆုံး ပဲ”” ဟု၎င်းက ဆက်ပြောသည်။

နေ့စဉ် မချက်ပြုတ်မီ စဉ်းတီတုံးကို သန့်ရှင်းအောင် ဆေးကြောဖို့ လိုသလို၊ ချက်ပြုတ် ပြီးလျှင်လည်း တစ်ကြိမ် သန့်ရှင်းအောင် ဆေးကြောဖို့ လိုကြောင်း စစ်တမ်းက လမ်းညွှန်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*