“ဘာ့ကြောင့် အသက် ၃၀ ကျော် မှ အိမ်ထောင်ပြုသင့်တယ်ဆိုတာ ပြောပြပေးနိုင်မယ့် အချက်များ”

၁။အသက် ၃၀ ကျော် အရွယ်ဟာ အချစ်ရဲ့လှည့်ဖျားခြင်း ခံရဖို့ ရာခိုင်နှုန်းနည်းသွားပါပြီ။

ဆယ်ကျော်သက်လေးတွေလို ရူးရူးမူးမူး ချစ်ပြီး ယူလိုက်ပြီးမှ မှားသွားပြီလို့ ထင်တာမျိုးတွေ မရှိတတ်တော့ပါဘူး။ ဆုံးဖြတ်ချက်ခိုင်မာပြီး တကယ်လက်တွဲရမယ့်သူကိုသာ ရွေးချယ်တတ်ပါတယ်။

၂။ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်လာနိုင်တဲ့ အရွယ် ရောက်လာပါပြီ။

ငယ်ငယ်တုန်းက မှားခဲ့တဲ့အမှားတွေကို နမူနာပြန်ယူပြီး ဘယ်လိုလမ်းကြောင်းကို ရွေးချယ်ရမလဲဆိုတာကို နားလည်သွားတဲ့အရွယ် ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်လည်မြင့်မားလာတဲ့ အရွယ်ပါ။ ဒါဟာ သင့်တို့ ချစ်သူနှစ်ဦးကြားမှာလည်း ပိုအဆင်ပြေစေမယ့် ကိစ္စဖြစ်ပါတယ်။ တစ်ယောက်အတွက် တစ်ယောက် အရမ်းဖေးမနေစရာ၊ အတင်းလက်တွဲခေါ်နေစရာ မလိုတော့ပါဘူး။

၃။ရင့်ကျက်လာတဲ့အခါ နှစ်ဦးကြား ဆက်ဆံရေး ပိုကောင်းလာစေပါတယ်။

ဘာမဟုတ်တာလေးတွေကို အကြောင်းပြုပြီး ရန်တွေချည်း လှိမ့်ဖြစ်နေတာမျိုးတွေ လုပ်မိမှာ မဟုတ်တော့ပါဘူး။ တစ်ယောက်အကြောင်း တစ်ယောက် နားလည်အောင် ဘယ်လိုပြုမူ နေထိုင်သွားရမလဲဆိုတာကိုသာ ပိုနားလည်အောင် ကြိုးစားကြတော့မယ် အရွယ်ပါ။

၄။ကိုယ်ဘာလိုအပ်နေသလဲဆိုတာ ကိုယ်သေချာ သိနေပါပြီ။

အသက်အရွယ်လေး ရှိလာတာမို့ ဘာမဟုတ်တာတွေအတွက်တော့ အချိန် ဖြုန်းမနေတော့ပါဘူး၊ ကိုယ်ကြိုက်တဲ့ပုံစံ အနေအထား၊ စိတ်နေစိတ်ထားရှိတဲ့သူကိုသာ ရွေးချယ်တော့မှာပါ၊ အပျော်ရည်းစားထားတယ်ဆိုတဲ့ အဖြစ်တွေ သူတို့မှာ မရှိတော့တာ သေချာပါတယ်။

၅။ ဝင်ငွေထွက်ငွေမျှအောင် ဘယ်လိုသုံးရမယ်ဆိုတာ သိနေပါပြီ။

စုံတွဲတွေ လမ်းခွဲကြရတဲ့အရာတွေထဲမှာ ပိုက်ဆံကိစ္စတွေကြောင့်လည်း ပါနေတတ်ပါတယ်။ အသက် ၃၀ နီးပါး ရောက်လာတဲ့သူကတော့ ပိုက်ဆံကို ဘယ်လိုသုံးရင် ဝင်ငွေထွက်ငွေ မျှတမယ်ဆိုတာ သေချာသိနေပြီဖြစ်တဲ့အတွက် ဒီကိစ္စကို ချစ်သူနဲ့အတူ ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*