
(၁) ငယ်ထိပ်လှုပ်မူ မင်းပူဇော်ခံရအံ့၊ ချစ်ခင်သော မိတ်ဆွေများနှင့် တွေ့ရအံ့။
(၂) လက်ဝဲဦးကင်လှုပ်မူ သတင်းကောင်းကြားရအံ့၊အကြံအစည်အထမြောက်အံ့။
(၃) လက်ယာဦးကင်းလှုပ်မူလာဘ်ရအံ့။
(၄) လက်ယာအထက်မျက်ခုံးလှုပ်မူ လာဘ်ရအံ့။ အဆွေခင်ပွန်းကောင်းနှင့်တွေ့ကြုံရအံ့။
(၅) လက်ဝဲအထက်မျက်ခုံးလှုပ်မူ အကြံအစည်အောင်အံ့။
(၆) လက်ယာအောက်မျက်ရေခံလှုပ်မူ သူတစ်ပါးတို့နှင့် ခိုက်ရန်ညအမျက်ဒေါသရှိအံ့။ ချစ်သူနှင့်တွေ့ရအံ့။မယားရအံ့။
(၇) လက်ဝဲအောင်မျက်ရေခံလှုပ်မူ ငိုရအံ့။ဆင်းရဲအံ့။
(၈) လက်ယာနားလှုပ်မူ ချမ်းသာအံ့၊သုခရအံ။
(၉) လက်ဝဲနားလှုပ်မူ သူတပါးနှင့်ခိုက်ရန်ဒေါသဖြစ်ပွားရအံ့။ဥစ္စာပစ္စည်းရအံ့။
(၁၀) လက်ယာဘက်နှာခေါင်းလှုပ်မူချစ်ခင်သူများပြီးမိတ်ဆွေကောင်းရအံ့။
(၁၁) လက်ဝဲဘက်နှာခေါင်းလှုပ်မူချမ်းသာသုခကိုရအံဖ။
(၁၂) ဦးခေါင်းလှုပ်မူ ငယ်သူမှာကြင်ယာရအံ့။ကြီးသူမှာဥစ္စာရအံ့။
(၁၃) လက်ယာအောက်နူတ်ခမ်းလှုပ်မူမကောင်းစကားဆိုရအံ့။ခိုက်ရန်ဖြစ် အံ့ံ။
(၁၄)လက်ဝဲအောက်နူတ်ခမ်းလှုပ်မူအဝေးမှသတင်းစကားကြားရအံ။
(၁၅) လက်ယာအထက်နူတ်ခမ်းလှုပ်မူချစ်သောသူနှင့်စကားဆိုရအံ့။
(၁၆) လက်ဝဲအထက်နူတ်ခမ်းလှုပ်မူသူတစ်ပါးနှင့်ခိုက်ရန်ဖြစ်ရအံ့။
(၁၇)မေးလှုပ်မူ စကားကြောင့်အမှုဖြစ်ရအံ့။ဆင်ခြင်ပါလေ။
(၁၈)လည်ပင်းလှုပ်မှု အဝတ်တန်ဆာဆင်ယင်ရအံ့။ရွှေ,ငွေရအံ့။
ထင်ရှားအံ့။တစ်ပါးသူပူဇော်ခြင်းကိုခံရအံ့။
(၁၉)လက်ယာပုခုံးလှုပ်မူမယားကောင်းရအံ့။ဆင် မြင်းရအံ့။မိန်းမနှင့်ခိုက်ရန်ဖြစ်အံ့လည်းဟူ၏။
(၂၀)လက်ဝဲပခုံးလှုပွမူဥစ္စာလာဘ်ရအံ့။သူတစ်ပါးနှင့်ရန်ဖြစ်အံ့။
(၂၁)လက်ယာဘက်ဆီးစလှုပ်မူကျော်ဇောအံ့။
(၂၂)လက်ဝဲဘက်ဆီးစလှုပ်မူလူလိမ်နှင့်တွေ့၍ပျက်စီးအံ့။ဥပဒ်ဖြစ်အံ့။
(၂၃)ကျောလှုပ်မူ အဝတ်,အစားရအံ့။
(၂၄)လက်ယာလက်ရုံးလှုပ်မူခင်ပွန်းရအံ့။အမြိန်,အရသာစားရအံ။ချစ်သောသူဥစ္စာပေးလာအံ့။
(၂၅)လက်ဝဲလက်ရုံံးလှုပ်မူသူတပါးဥစ္စာပေးလာအံ့။ချစ်သူဥစ္စာရအံ့။
(၂၆)လက်ယာလက်ဖဝါးလှုပ်မူအမြိန်အရသာစားရအံ့။
(၂၇)လက်ဝဲလက်ဖဝါးလှုပ်မူမကောင်း။ဦးခေါင်းဆေးပါ။
(၂၈)လက်ယာရင်ဖက်လှုပ်မူကောင်းအံ့။စိတ်ချမ်းသာအံ့။
(၂၉)လက်ဝဲရင်ဘက်လှုပ်မှုစိတ်နှလုံးတွေဝေအံ့။
(၃၀)ချက်လှုပ်မူဥစ္စာရအံ့။ကောင်းသောခင်ပွန်းရအံ့။
(၃၁)လက်ယာဝမ်းပြင်လှုပ်မူအမြိန်အရသာကောင်းစားရအံ့။
(၃၂)လက်ဝဲဝမ်းပြင်လှုပ်မူလာဘ်ရအံ့။
(၃၃)နှလုံးသားလှုပ်မူခင်ပွန်းကောင်းရအံ့။ဥစ္စာရအံ့။
(၃၄)လက်ယာပါးပြင်လှုပ်မူအမြိန်အရသာစားရအံ့။
(၃၅)လက်ဝဲပါးပြင်လှုပ်မူသူနှင်ပြောဟောရအံ့။
(၃၆)လက်ယာနှဖူးလှုပ်မူအခြွေအရံများအံ့။
(၃၇)လက်ဝဲနဖူးလှုပ်မူ သူနှင့်အမြတ်ဒေါသဖြစ်ပွားအံ့။
(၃၈)ဣန္ဒြေလှုပ်မူမယားကောင့းရအံ့။သူတပါးနှင့်စကားဆိုရအံ့။
(၃၉)အင်္ဂါဇာတ်လှုပ်မူဥစ္စာပျောက်အံ့။
(၄၀)လက်ယာဘက်လည်ကုတ်လှုပ်မူရွှေငွေဥစ္စာတိုးအံ့။
(၄၁)လက်ဝဲဘက်လည်ကုတ်လှုပ်မူဥစ္စာပျောက်အံ့။
(၄၂)လက်ယာနှာခေါင်းလှုပ်မူသူဥစ္စာပေးလာအံ့။
(၄၃)လက်ဝဲနှာခေါင်းလှုပ်မူအစိုးရသူတိုပူဇော်ခြင်းကိုခံရအံ့။
(၄၄)လက်ယာတင်သားလှုပ်မူသူတပါးတို့ရန်ပြုလာအံ့။ဆင်မြင်းစီးရအံ့။
(၄၅)လက်ဝဲတင်သားလှုပ်မူချမ်းသာစွာနေရအံ့။မိန်းမကြောင့်ဥပါဒ်ဖြစ်အံ့ဟုလည်းဆို၏။
(၄၆)ခါးလှုပ်မူဥစ္စာပျောက်အံ့။
(၄၇)လက်ယာပေါင်လှုပ်မူအကျိုးကျေးထူးပေးအံ့။
(၄၈)လက်ဝဲပေါင်လှုပ်မူချစ်သောသူနှင့်စကားဆိုရအံ့။
(၄၉)လက်ယာပဆစ်လှုပ်မူကောင်းသောလာဘ်ရအံ့။
(၅၀)လက်ဝဲပဆစ်လှုပ်မူခိုက်ရန်ဖြစ်အံ့။ရှောင်လေ။
(၅၁)လက်ယာခြေသလုံးလုံးလှုပ်မူကောင်း၏။မြတ်သောလာဘ်ရ၏။
(၅၂)လက်ဝဲခြေသလုံးလှုပ်မူမိန်းမနှင့်မျက်လိုကြအံ့။မိန်းမဥပါဒ်ပြုအံ့။
(၅၃)လက်ယာမြင်းခေါင်းလှုပ်မူကောင်း၏။
(၅၄)လက်ဝဲမြင်းခေါင်းလှုပ်မူကျွန်ရအံ့။သူဖျက်လာအံ့။
(၅၅)လက်ယာခြေဖသားလှုပ်မူကောင်း၏။အဆွေခင်ပွန်းဆီသို့သွားရအံ့။ခရီးမရှိသောအရပ်သို့သွားရအံ့။
(၅၆)လက်ဝဲခြေဖဝါးလှုပ်မူကြီးသောသူတို့အတွက်စိုးရိမ်ကြောင့်ကြရအံ့။
(၅၇)လက်ယာခြေလှုပ်မူဝဘီဝတ်ရန်ပြုလာအံ့။
(၅၈)လက်ဝဲခြေလှုပ်မူမယားနှင့်မျက်လိုအံ့။
(၅၉)လက်ယာသားမြတ်လှုပ်မူအိမ်တွင်ရှိသောဥစ္စာပျောက်အံ့။
(၆၀)လက်ဝဲသားမြတ်လှုပ်မူကောင်းသောဥစ္စာရအံ့။
(၆၁)လက်ယာလက်လှုပ်မူအင်းပူဇော်ခံရအံ။
(၆၂)လက်ဝဲလက်လှုပ်မူဥစ္စာလာဘ်ရအံ့။
အသားလှုပ်ကျမ်း ပြီး၏။
လူတို့၏က်ုယ်ကာယကြီးငယ်လှုပ်ခြင်းသည်သွေး လေဥပဒ်ကြောင့်လည်းလှုပ်သည်။ဖြစ်လိုပျက်လိုသောနိမိတ်ကြောင့်လည်းလှုပ်၏။
ထိုလှုပ်ခြင်း၂ပါးတို့တွင်သွေး လေဥပဒ်ကြောင့်လှုပ်ခြင်းကိုပယ်၍ဖြစ်လိုပျက်လိုသောနိမိတ်ကိုနှလုံးပိုက်လျှင်ယှဉ်သင့် ကြဉ်သင့်သည့်အတိုင်း ယှဉ် ကြဉ်ခြင်းပြုပါကမုချလောက၌ဖြစ်သောအကျိုးကျေးဇူးခံစားရလိမ့်မည်ဟုပညာရှိတို့ဆိုကြကုန်၏။
Leave a Reply