မိန်းကလေးတွေ ဘာကြောင့် မိတ်ကပ် လိမ်းကြသလဲ

“ပဲများချင်လို့ပေါ့၊ လှချင်လို့ပေါ့” ဆိုတာထက် အခြားနက်နဲတဲ့ အကြောင်းအရင်းတွေရှိနေသေးပါတယ်။

မိန်းကလေးတိုင်းအလှကြိုက်တတ်ကြတယ်ဆိုတာ အရက်မူးပြီးအိပ်နေတဲ့သူကိုတောင် ခေါင်းခေါက်မေးလို့ရပါတယ်။ ဒါဟာ သဘာဝရဲ့ လ့ှုံဆော်မှုပါ။ မိတ်ကပ်ဆိုတာ မိန်းကလေးတစ်ယောက်ရဲ့ အလှကို ချွတ်ယွင်းချက်မရှိလေရအောင် ပြုပြင်ပေးပါတယ်။ ဒါပေမယ့် မိတ်ကပ်လိမ်းတိုင်း “ပဲများလို့ပဲ” လို့ထင်နေရင်တော့ ပါးစပ်ကလေးပိတ်ပြီး စာအဆုံးထိ ဆက်ဖတ်ပြီးမှ ထပ်ပြောပါ။


၁။စိတ်ကို လန်းဆန်းစေခြင်း။

မနက်ခင်း ကော်ဖီသောက်မှ စိတ်လန်းဆန်းတဲ့ လူအချို့ရှိသလို အပြင်သွားခါနီး မိတ်ကပ်လိမ်းမှ စိတ်ကြည်လင်တဲ့ မိန်းကလေးရှိတာ ဆန်းကြယ်သွားလို့လား။ လူတစ်ယောက်ရဲ့ စိတ်ဓာတ် တက်ကြွမှုက သူတို့ရဲ့ မျက်နှာဟန်အပေါ်မူတည်ပါတယ်။ ဖြူဖပ်ဖြူရော် မျက်နှာမသစ်ပဲ မှန်မှာကြည့်တာထက်စာရင်တော့ ဝင်းထိန်စိုပြည် နှုတ်ခမ်းနီလေးနဲ့ မှန်ထကြည့်ရတာ စိတ်ကိုပိုပြီးကျေနပ်စရာ အကြောင်းအရင်းတစ်ခုဖြစ်သွားပါတယ်။

၂။ပင်ပန်းမှုကို ကွယ်ဝှက်ပေးခြင်း။

အပြုံးဆိုတာ မိန်းကလေး တစ်ယောက်ရဲ့အလှပါ။ အလုပ်ကပင်ပန်း၊ အိပ်ရေးကပျက်ပြီး ပင်ပန်းညှိုးနွမ်းတဲ့ ရုပ်နဲ့ ဘယ်သူက ပြုံးနိုင်ပါ့မလဲ။ အဲ့ဒီ့အခါမှာတော့ မိတ်ကပ်ကို စစ်ကူခေါ်ကြရပါတယ်။ ဒါမှသာ အလုပ်ခွင်မှာ လှပတဲ့ အပြုံးတစ်ခုနဲ့ အားလုံးကို ကျေနပ်စေမှာမဟုတ်လား။

၃။အနုပညာရပ်တစ်ခုဖြစ်ခြင်း။

ပန်းချီပညာ ပုံစံပဲ မိတ်ကပ်လိမ်းခြယ်ခြင်းက တန်ဖိုးထားအပ်တဲ့ အနုပညာတစ်ရပ်ပါ။ မှန်ရှေ့ထိုင် မိတ်ကပ်လိမ်းတာနဲ့ ပြူးတူးပြဲတဲ အပြစ်မတင်ပါနဲ့။ မိတ်ကပ်ခြယ်တတ်တဲ့လူတိုင်း ပန်းချီမဆွဲတတ်သလို ပန်းချီဆွဲတတ်တဲ့လူတိုင်း မိတ်ကပ်မလိမ်းတတ်ပါဘူး။ မိတ်ကပ်တစ်ခုကြောင့် သင့်ရုပ်နုပျိုနိုင်သလို အိုမင်းသွားလို့လည်းရပါတယ်။ စုတ်တံကိုင်တဲ့လူကို ချီးကျူးတတ်ရင် မိတ်ကပ် brush ကိုင်တတ်တဲ့လူကိုလည်း ချီးကျူးတတ်ပါစေ။

၄။စိတ်ညစ်ခြင်းကို ပြေပျောက်စေခြင်း။

 

လူတစ်ချို့က စိတ်ညစ်တဲ့အခါ စားကြတယ်။ အချို့က အဝတ်အစားအသစ်တွေ ဝယ်ဝတ်ကြတယ်။ အချို့ကတော့ မိတ်ကပ်လိမ်းကြတယ်။ အဓိကအကြောင်းအရင်းကတော့ စိတ်ညစ်တဲ့အခါ ကိုယ်ကြိုက်တာ အာရုံစူးစိုက်လိုက်ရင် ရင်ထဲအေးသွားတယ်ဆိုတာမျိုးပါ။

ပျိုမေတို့ရေ..မိတ်ကပ်လိမ်းလို့ သင့်ကိုတစ်ယောက်ယောက်ကများလှောင်တယ်ဆိုရင် ပြန်ပြောလိုက်ပါ။ “ဒါအနုပညာကို စော်ကားတာ”လို့။

Be the first to comment

Leave a Reply

Your email address will not be published.


*