
လက်ထပ် လက်စွပ် ကို လက်သူကြွယ် မှာ ဝတ်ဆင်ရခြင်း၏ အကြောင်းရင်း
လက်ထပ် လက်စွပ် ကို လက်သူကြွယ် မှာ ဝတ်ဆင်ရတာနဲ့ ပက်သက်ပြီး အလွန်မှကောင်းမွန်သော တရုတ် လူမျိုးများ၏ ဆိုရိုး တစ်ခုရှိပါတယ်။လူတစ်ယောက်ရဲ့ လက်ချောင်း များမှာ အဓိပ္ပါယ် တစ်ခုစီ ရှိပါတယ်။
–
လက်မ – မိဘကို ရည်ညွှန်းပါတယ်လက်ညိုး – မွေးချင်း မောင်နှစ်မ များကို ရည်ညွှန်းပါတယ်။
လက်ခလယ် – မိမိကိုယ်ကိုယ် ရည်ညွှန်းပါတယ်။
လက်သူကြွယ် – ဘဝ လက်တွဲဖော်ကို ရည်ညွှန်းပါတယ်။
လက်သန်း – မိမိမွေးလာသော သားသမီးများကို ရည်ညွှန်းပါတယ်
ဆိုလိုတာကတော့
က) ပုံမှာပြထားတဲ့ အတိုင်း မိမိရဲ့ လက်များကို ထိပ်ခြင်းဆိုင်လိုက်ပါ။ အဲဒီမှာ လက်ခလယ်ကို ခေါက်ပါ။ လက်ခလယ်ကို ခေါက်ပြီး ကျောချင်း ကပ်လိုက်ပါ။ ကျန်တဲ့ လက်များကိုတော့ မခေါက်ပါနဲ့။ ကပ်ထားသော လက်မထိပ်များကို ခွာကြည့်ပါ။ ခွာလို့ ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ လက်မဆိုတာ မိဘကို ရည်ညွှန်းခြင်း ဖြစ်တယ်။ တစ်နေ့ကျရင် မိဘဆိုတာ မိမိနဲ့ ခွဲခွာရမှာ ဖြစ်တာကို လက်မလေးများက သက်သေပြနေပါတယ်။
ခ) လက်ညိုးဟာ မွေးချင်း မောင်နှစ်မ များကို ရည်ညွှန်းပါတယ်။
မွေးချင်းတွေဆိုတာ တစ်နေ့ကျရင် သူတို့ဟာ ကိုယ်ပိုင်မိသားစု၊ ကိုယ်ပိုင်ဘဝတွေကို လျှောက်လှမ်းကြရမှာ ဖြစ်တယ်။ ဒါကြောင့် သင့်လက်ညိုးတွေဟာလည်း ခွာကြည့်တဲ့ အခါ ကွာသွားခြင်း ဖြစ်တယ်။
ဂ) လက်သန်းဆိုတာ မိမိ၏ သားသမီးများကို ရည်ညွှန်းပါတယ်။
မိမိ၏ သားသမီးတွေဆိုတာလည်း နောက်တစ်ချိန် မိမိနဲ့ အတူရှိနေမှာ မဟုတ်ပါဘူး။ ခွဲခွာရမယ့် လူတွေထဲမှာ ပါဝင်ပါတယ်။ လက်သန်းလေးတွေကို ခွာကြည့်ပါ။
ဃ) လက်ချောင်းထိပ်တွေ အားလုံး ခွာလို့ရပါသော်လည်း လက်သူကြွယ် ကတော့ ခွာလို့ မရပါဘူး။ လက်သူကြွယ်ဆိုတာ မိမိရဲ့ ဘဝကြင်ဖော်ကို ရည်ညွှန်းပါတယ်။ တစ်သက်လုံး ကိုယ်နဲ့ အတူ အေးတူပူမျှ သေသည်ထိ နေရမယ့် သူဖြစ်ပါတယ်။ ဒါကြောင့် လက်သူကြွယ်မှာ လက်ထပ်လက်စွပ် ဆင်မြန်းရခြင်း ဖြစ်ပါတယ်။
Leave a Reply