
မင်္ဂလာပါ ချစ်ခင်ရတဲ့ မိတ်ဆွေတွေ အတွက် ပွေး၊ ညှင်း ၊ တင်းတိတ် များကို (၅) ရက်အတွင်းပျောက်တဲ့ နည်းလေးပေးပါမယ်။ ဒီနည်းလေးကို လိုလိုမယ်မယ် ရှယ်သိမ်းထားလိုက်ပါ။ ကိုယ်ပဲဖြစ်ဖြစ် ၊ ဒါမှမဟုတ် ဆွေမျိုး
သား ချင်းထဲကပဲ ဖြစ်ဖြစ် အသုံးတည့် လာမှာပါ။ပွေး၊ ညှင်း၊ တင်းတိတ်အတွက် ရက်တိုတို နဲ့ပျောက်တဲ့ ရိုးရာဆေးနည်း
ဆေးဖော်ဖို့ကလည်း အလွန် လွယ်ကူပါတယ်။
ဆေးနည်း
၁။ ကြက်သွန်နီဥသေးတစ်လုံးကို အခွံနွာပြီး ညက်အောင်ထောင်းပါ။
၂။ ပြီးရင် ကြွေပုဂံလုံးထဲ ထည့်ပြီး သံပရာသီးတစ်လုံးကို အရည်ညစ်ချလို့ ရောဖျော်ပါ။
၃။ သင့်ရဲ့ပွေး ကွက်၊ ညှင်းကွက်၊ တင်းတိတ်ကွက်၊ ဝက်ခြံဖုကို လိမ်းပေးပါ။ တစ်နေ့နှစ်ကြိမ် လိမ်းပေးပါ။
၄။ ညပိုင်းမှာ မျက်နာ ကို ရေနွေးနဲ့သန့်စင်ပြီး သနပ်ခါးအမြစ်လိမ်းပြီး အိပ်ပါ။
ငါးရက်လောက် ဆက် တိုက်လုပ်ရင် သင့်မျက်နာ ဟာ ကြည်လင်ရှင်းသန့်ပြီး ကျက်သရေရှိစွာ လှပနေ ပါလိမ့်မယ်။မူရင်းစာရေးသူ ၏ အမှာစာ- မယုံမရှိပါနဲ့။ လက်တွေ့ပါ။ ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာ
လိမ်းဆေးလို့ဆိုပါတယ်။
Leave a Reply