ကိုရီးယားဆယ်လီမမတွေရဲ့ ဝိတ်မချရသေးတုန်းကပုံနဲ့ဝိတ်ချပြီးပုံ နှိုင်းယှဉ်ချက်များ

ဝိတ်ချတဲ့နေရာမှာ အရမ်းကို ဆရာကျလွန်းတဲ့ ကိုရီးယားဆယ်လီမမတွေ ရှိပါတယ်။ ပရိသတ်တွေကိုတောင် ဟင်ခနဲ ဟာခနဲ ဖြစ်ရလောက်အောင် ဝိတ်ချပြီး ပြောင်းလဲပစ်နိုင်ခဲ့သူတွေကတော့ …

1. Park Boram

Park Boram ကတော့ အဆိုတော်တစ်ယောက်အနေနဲ့ Superstar K2, ပရိုဂရမ်ကနေ ပွဲဦးထွက်နိုင်ခဲ့သူပါ။ ပွဲဦးထွက်ခါစက ပေါင် (၁၇၀) ပါ။ အဲ့ဒီကနေ ပေါင်(၇၀) ချပြနိုင်ခဲ့ပြီး အခုလို Body ကို ပြောင်းလဲ ပိုင်ဆိုင်ခဲ့တာပါ။

2. Apink’s Eunji


Girl group Apink‘s Eunji ဟာ အရင်က ပေါင်(၁၃၇) ရှိခဲ့ပါတယ်။ အဲဒီကနေမှ လေ့ကျင့်ခန်းလုပ်၊ Boxing ထိုးပြီး ပေါင်(၃၀)အထိ ချပြခဲ့ပါတယ်။

3. Suzy

“Dream High” (၂၀၁၁)တုန်းက ၀၀ကစ်ကစ်ပြည့်ပြည့်လေးကနေ ဝိတ်ချခဲ့တာပါ။ Diet ကို သေချာလုပ်ပြီး ဝိတ်ချခဲ့တာပါ။ ကြက်ရင်ပုံ၊ ကန်စွန်းဥ၊ ဆလတ်တွေကိုသာ စားခဲ့တာပါ။

4. Kang Sora

Kang Sora က TV ပရိုဂရမ်တစ်ခုမှာ ပေါ်လာတုန်းက သူ့ရဲ့ ဝိတ်က (၁၅၆)ပေါင် ရှိခဲ့ပါတယ်။ သရုပ်ဆောင် ကျောင်းတတ်တော့မှာ ဝိတ်ချခဲ့ပြီး (၄၄)ပေါင် ကျသွားခဲ့တာပါ။

5. Ailee

Ailee ပွဲဦးထွက်တုန်းက ပုံကတော့ ပေါင်(၁၃၂)ပေါင် ကျော်ပါတယ်။ အဲဒီကနေမှ တစ်ရက်ကို (500 kcal) ပဲစားပြီး (၂၂)ပေါင် ချပြခဲ့တာပါ။

6. UEE

After School အဖွဲ့ဝင် UEE ကတော့ ခြေလျင်ခရီးထွက်၊ အကကပြီးတော့ ဝိတ်ချခဲ့သူပါ။ Burdock လက်ဖက်ရည် ကိုလည်း တစ်နေ့ နှစ်လီတာ သောက်ခဲ့ပါတယ်။

7. Song Jieun

Song Jieun ကတော့ ခြေထောက်ကိုမကြာခဏ ဝေဖန်ပြောဆိုခံရခဲ့ရသူပါ။ နောက်ပိုင်းမှာတော့ မခံချင်စိတ်နဲ့ (၃၃)ပေါင် ချခဲ့ပါတယ်။ လေ့ကျင့်ခန်းလုပ်၊ ကပြီးဝိတ်ချခဲ့တာပါ။ အနီရောင်ဗာနီကာလည်း သောက်တယ်လို့ သိရပါတယ်။

8. Shin So Yul

Shin So Yul ကတော့ သူမအသက် (၂၀) တုန်းက ပေါင်ချိန် (၁၆၅)ပေါင်ရှိခဲ့တဲ့ ပုံတွေကို ကိုယ်တိုင် ထုတ်ပြခဲ့တာပါ။ ချစ်သူဆီကနေ ဝတယ်အပြောခံရပြီးတော့ တစ်လလောက် အစာအငတ်ခံပြီး ဂေါ်ဖီနဲ့ရေသောက်ပြီး ဝိတ်ချလိုက်တာ ပေါင်(၁၀၁)ပေါင်ပဲ ရှိတော့တာပါ။ အခုကတော့ ပေါင် (၁၁၂) ပေါင်ရှိပြီး ပုံမှန်လေ့ကျင့် ခန်းလုပ်၊ အစာအာဟာရမျှတအောင်စားပြီး ဝိတ်ချနေပါတယ်။

9. DIA’s Chaeyeon

Chaeyeon ကတော့ အရင် သူမ မူလတန်းတုန်းက (၁၄၁)ပေါင် အထိတောင်ရှိ ခဲ့ပါတယ်။ ဒါပေမယ့် အနုပညာ အလုပ်ပွဲဦးထွက်ပြီးနောက်မှာတော့ ဝိတ်ချခဲ့ပါတယ်။ အက က၊ တို့ဖူး၊ ပဲနို့၊ ခရမ်းချဉ်သီးတွေ စားပြီး (၃၅)ပေါင် ဝိတ်ချခဲ့တာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*