လက်မှာ ချွတ်မရအောင် ကြပ်နေတဲ့ လက်စွပ်ကို အလွယ်တကူ ချွတ်လို့ရနိုင်မယ့် နည်းလမ်းများ

တစ်ခါတစ်လေ ကိုယ်က ဝလာတာပဲဖြစ်ဖြစ် ၊ ကိုယ်နဲ့ မတော်တဲ့ လက်စွပ်ကို ဝတ်မိရာကနေ လက်မှာ ကြပ်သွားပြီး ချွတ်မရတော့တာပဲဖြစ်ဖြစ် ဒီနည်းလေးတွေနဲ့ အလွယ်တကူ လက်စွပ်ချွတ်လို့ရပါတယ်။

(၁) ပန်းကန်ဆေးဆပ်ပြာရည်

လက်စွပ်ကို ချွတ်တဲ့အခါမှာတော့ ပန်းကန်ဆေးဆပ်ပြာရည်က အသုံးများဆုံးပါ။

ပါဝင်ပစ္စည်းများ – ပန်းကန်ဆေးဆပ်ပြာရည် ။
– ပန်းကန်ဆေးဆပ်ပြာရည်ကို လက်စွပ်စွပ်ထားတဲ့ လက်ချောင်းပေါ် လောင်းချပေးပါ။ လှည့်လှည့်ပြီး ချွတ်ပေးရုံပါပဲ။

(၂) Body Lotion


တကယ်လို့ ဆပ်ပြာရည် မသုံးချင်ဘူးဆိုရင် Body Lotion နဲ့လုပ်ပေးပါ။

ပါဝင်ပစ္စည်းများ – Body Lotion ။

– Body Lotion ကို လက်စွပ်စွပ်ထားတဲ့ လက်ချောင်းမှာ လိမ်းပေးပါ။ လက်စွပ်နား တစ်ဝိုက်မှာ ဖြန့်လိမ်းပေးပါ။ လိမ်းနေတဲ့အချိန်မှာပဲ လက်စွပ်ကို အပေါ်ကို တိုးတိုးချွတ်ပေးပါ။

(၃) ရေခဲရည်


ပါဝင်ပစ္စည်းများ – ရေခဲရည်။

– ရေခဲရည်ကို ဇလုံထဲ ထည့်ပေးပါ။ ဇလုံထဲကိုပဲ ရေခဲတွေ ထပ်ထည့်ပေးပါ။ လက်ကို ဇလုံထဲမှာ နှစ်ထားပေးပြီး မိနစ် အနည်းငယ်လောက် စိမ်ပေးထားပါ။ ပြီးရင် လက်စွပ်ကို ဖြည်းဖြည်းချင်း ချွတ်ပေးကြည့်ပါ။ ဒီလိုဆို လက်စွပ်ကျွတ်လာမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*