ကြက်ဥ စားသုံးခြင်းဖြင့်စိတ်ကျ ရောဂါကိုသက်သာစေနိုင်

ကြက်ဥ ထဲတွင် ပါဝင်သည့် ဓါတ်တစ်မျိုးမှာ စိတ်ကျ ရောဂါကို သက်သာစေ နိုင်ကြောင်းဂျပန် နိုင်ငံရှိ သုတေသနပညာရှင်များမှ တွေ့ရှိခဲ့ပြီ ဖြစ်သည်။

Kyushu တက္ကသိုလ် ဘွဲရများ ကျောင်းမှ ပါမောက္ခ Mitsuhiro Furuse ဦးဆောင်သည့် သုတေသန အဖွဲ့ တစ်ခုမှာ လွန်ခဲ့သည့် ဗုဒ္ဓဟူး နေ့က ဂျပန်ရှိ Society of Animal Science ကွန်ဖရင့်တွင် အဆိုပါ သုတေ သန ရလာဒ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သုတေသနကို ပုံမှန် လှုပ်လှုပ်ရှားရှား နေတတ်သည့် ကြွက်များ ထက် အနည်းငယ် ငြိမ်သက်သည့် စိတ်ကျရောဂါ လက္ခဏာကို ပြသသည့် ကြွက်များကို ရွေးချယ်ပြီး တစ်လကြာ ကြက်ဥ အရည်များ တိုက်ကျွေးပြီး စမ်းသပ်ခဲ့ခြင်းဖြစ်ကာ ယခင်ကထက်ပိုပြီး လှုပ်လှုပ်ရှားရှား နေထိုင်သည်
ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။


ယင်းစမ်းသပ်ချက် အရ အဆိုပါ ကြွက်များ အတွင်းတွင် ကြက်ဥရည် သောက်ရသည့် ကြွက်များမှာ အခြား ကြွက်များထက် ၁.၃ ဆ ပိုမိုပြီး ရေကူးနိုင်ကြောင်း တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

ထို့ ပြင် tryptophan ခေါ် အမိုင်နိုအက်ဆစ်ဓါတ် တိုးလာသည်ကို တွေ့ခဲ့ရပြီး ယင်းဓါတ်မှာ စိတ်ကျ ရောဂါကို တိုက်ဖျက်ရာတွင် ကူညီသည့် ဓါတ်တစ်မျိုး လည်း ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*