
အသင့်စားသုံးဖို့ လှီးချွတ်ထားတဲ့ ဟင်းသီးဟင်းရွက် များ
စူပါမားကတ် မှာ အန္တရာယ် အရှိဆုံး အစားအစာ တွေက လှီးချွတ်ပြီး ထုပ်ပိုးထားတဲ့ ဆလပ်ရွက် တွေပါဘဲ။ ဒီလို လှီးချွတ်ပြီး ထုပ်ပိုးထားတဲ့ ဟင်းသီးဟင်းရွက် တွေမှာ ဘက်တီးရီးယား ပိုးမွှားတွေ ပိုမိုနေထိုင်နိုင်ပြီး အစာအိမ် နဲ့ ပတ်သက်တဲ့ ရောဂါ တွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရိုးရိုး ဟင်းသီးဟင်းရွက် တွေကိုဘဲ ဝယ်ပြီး ကိုယ်တိုင် ရေဆေး၊ လှီးချွတ်ကာ တခါတည်း ချက်ပြုတ်ပါ။
ဝက်အူချောင်း ၊ ကြက်အူချောင်း
ကမ္ဘာ့ ကျန်းမာရေးအ ဖွဲ့အစည်း (WHO) ကတောင် ဝက်အူချောင်း ၊ ကြက်အူချောင်း ၊ ဝက်ပေါင်ခြောက်တွေက ကျန်းမာရေးနဲ့ မညီညွတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။ဒါကြောင့် အသားအစိမ်း ကိုဘဲ ဝယ်ပြီး ကိုယ်တိုင် ချက်ပြုတ်တာက အကောင်းဆုံးပါဘဲ။
Green Tea
Green Tea မှာ Antioxidants ဓာတ်တွေအများကြီးပါဝင်တာကြောင့် ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အစားအစာဖြစ်ပါတယ်။
ဒါပေမယ့် Green Tea ဖျော်ရည် လိုမျိုး တခါတည်း ရေဗူးနဲ့ ထည့်ရောင်းတာတွေမှာ Green Tea ပါတာ နည်းနည်း၊ သကြားနဲ့ ရေတွေဘဲ အများဆုံးပါဝင်ပါတယ်။
ဒါကြောင့် Green Tea လက်ဖက်ခြောက် ထုပ်ကိုဘဲ ဝယ်ပြီး အိမ်မှာဘဲ အနှပ်ခံကာ သောက်သုံးသင့်ပါတယ်။
အသီးအနှံယို တွေ
အသီးအနှံယို တွေမှာ တကယ်တမ်း အသီးအနှံ ပါဝင်မှုက ၂၀ ကနေ ၄၀ ရာခိုင်နှုန်းဘဲ ရှိပြီး ကျန်တာတွေက ကြာရှည်ခံပစ္စည်းတွေ၊ အရသာအမှုန့်တွေနဲ့ဘဲ ထုတ်လုပ်ထားပါတယ်။
ဒါကြောင့် စတော်ဘယ်ရီ ကြိုက်နှစ်သက်သူဆိုရင် စတော်ဘယ်ရီယို ခဏခဏ စားမယ့်အစား စတော်ဘယ်ရီ သီး ပေါ်တဲ့အချိန်မှာ အဝစားထားတာ ပိုကောင်းပါတယ်။
ဆေးဘက်ဝင် အပင် တွေ၊ အစေ့တွေ
ဆေးဘက်ဝင် အပင်တွေ၊အစေ့တွေ ဥပမာ ငရုတ်ကောင်း စတဲ့ အစေ့ ကနေ ကြိတ်ရတာတွေကို အစေ့လိုက်ဘဲ ဝယ်တာကောင်းပါတယ်။
ကြိတ်ပြီးသားအမှုန့်တွေက တခြား ဈေးပေါတဲ့ ပစ္စည်းတွေနဲ့ ရောနှောထားကြပါတယ်။
ဥပမာ သစ်ကြမ်းပိုးခေါက် အမှုန့် ကို တခြား ကုံကုမံ (Saffron) အမှုန့်နဲ့ ရောရောင်းတာမျိုးတွေ ရှိတတ်ပါတယ်။
Leave a Reply