မျက်ရ ည်တွေ ဝဲနေ တဲ့ အသက် (၇၀) ကျော် အဖိုးအို နဲ့ ဘတ်စ်ကားပေါ် က ဖြစ်ရပ်

ဒီနေ့ ဂုဏ် သိက္ခာနဲ့မေတ္တာတရားကိုလဲလှယ်ခဲ့တယ်..Busကားပေါ် ကျွန်မတက်သွားတော့ လက်ထဲမှာပိုက်ဆံ၂ထောင် ပါလာတယ် အလုပ်မှာထမင်းစားမှာက1800 ကားခက၂၀၀..ကွက်တိ ။ကားပေါ်မှာရှေ့ဆုံးခုံမှာနေရာရတယ်။အဲ့ဒီမှာ..ချောင်လေးမှာကုတ်ကုတ်လေးနဲ့..မျက်ရည်တွေဝဲနေတဲ့.အသက်(၇၀)ကျော် ခန့် ရှိတဲ့အရမ်းဆင်းရဲချို့ တဲ့ပုံရတဲ့ အဘိုးတစ်ယောက်ကို သွားတွေ့တယ် ။

ကိုယ့်ေ ဘးမှာ ထိုင်နေတဲ့သူတွေကိုဝေ့ဝဲကြည့်လိုက်တော့ အသက်ခပ်လတ်လတ်ပိုင်းတွေအများကြီး..သူတို့ကို အာ့အဘိုးအိုကြီးကို မမြင်ကြဘူးလားဆိုတဲ့ အကြည့်မျိုးနဲ့ အားမနာတမ်းကြည့်ပ လိုက်မိတယ်။တချို့ဆို အဲ့အဘိုးအိုခြေထောက်တွေတောင်တက်နင်းကြတယ်။ဘေးနားကအန်တီကြီးကိုမေးကြည့်တော့အဲ့တာ တောင်းစားကြီးလေ ဘယ်သူက သူ့ကိုခုံပေးမှ ာလဲရွံဖို့လဲကောင်းတာကိုးတဲ့…

ကျွန်မ မစဉ်စားတော့ပဲချက်ခြင်းထပြီးပါလာတဲ့ပိုက်ဆံ၂ထောင်လုံးပေးပြီး..“ဘဘ လာ သမီးခုံလာထိုင်ဆိုပြီးတွဲခေါ်ပေးလိုက်တယ်.. စိတ်ထဲမှာလဲ ငါ့အဖေအမေသာဆိုရင်ဆိုတဲ့အတွေးတွေနဲ့မျက်ရည်တောင်ဝဲတယ်။ကားခ၂၀၀မရှိလို့ပါဆိုပြီးပြောစီးလာတယ်။ကားပေါ်မှာအသိတွေလဲပါကောင်းပါနိုင်တယ်…ဒါမယ့်မရှက်ပါဘူး..အခုစာရေးနေတဲ့ အချိန် ကျွန်မဖျားနေတယ်လေ အစာလွန်ပြီးဗိုက်တွေအောင့် လို့…ဘာဖြစ်ဖြစ်ကျေနပ်မိတယ်။

မူရင်း shinnkhyant

Be the first to comment

Leave a Reply

Your email address will not be published.


*