ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ

တချိန်ငါ့သမီးလေးကို ပြောပြရမယ်

ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ

တချိန် သမီးလေး သိဖို့

“ကိစ္စမရှိဘူး ငါတို့ကအချိန်တန်ယောက်ျားယူမှာ ယောက်ျားကရှာကျွေးလိမ့်မယ်”တဲ့ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား….

၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေးကသိပ်ရိုးရှင်းတယ်လို့တွေးရင်တွေးလို့ရသလိုအန္တရာယ်များလိုက်တာလို့တွေးရင်လည်းတွေးလို့ရနိုင်တာကိုး….

သမီးတို့အနေနဲ့ယောက်ျားနောက်လိုက်သွားရုံနဲ့အရာရာအဆင်ပြေသွားမယ်လို့ထင်နေကြတာတွေထမင်းစားဖို့အတွက် ယောက်ျ ားယူလိုက်မယ်လို့ခပ်လွယ်လွယ်တွေးလိုက်တာတွေသိပ်များနေပြီလားလို့လည်းတွေးမိပါ့…

ခုခေတ်ယောက်ျ ားတွေ(အများစု)ကအတွေးအမြင်တွေပြောင်းကုန်ကြတာသမီးတို့မသိသေးတာလား?

ယောက်ျားတွေကအလုပ်ရှိတဲ့မိန်းကလေးကိုယ်ကသိပ်ရုန်းပေးစရာမလိုတဲ့မိန်းကလေးကိုပိုသဘောကျကြတယ်ဆိုတာ…

ငွေရှိရင်ရှိ မရှိရင်ပညာတတ်ရာထူးရှိမှပိုသဘောကျကြတယ်ဆိုတာ…

အလုပ်လုပ်တတ် စီးပွားရှာတတ်အမြင်ကျယ်တဲ့မိန်းကလေးကိုမှပိုတွဲချင်ကြတယ်ဆိုတာ..

သူတို့ကိုအစစအရာရာသိပ်မမှီခိုတဲ့အရည်အချင်းရှိတဲ့မိန်းကလေးကိုမှတန်ဖိုးပိုထားကြတယ်ဆိုတာ…

ငါ့သမီးတို့သိအောင်ပြောပြချင်ပါဘိ…

ယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီးအိမ်မှာပဲ ထမင်းချက် ကလေးထိုင်မွေးမယ့်မိန်းကလေးမျိုးကိုသိပ်မရွေးချင်ကြတော့ဘူးဆိုတာလည်းပြောပြချင်သေးတယ်(တချို့တွေကိုဆိုလိုတာနော်အားလုံးလို့မပြောဘူး)

ခုခေတ်ယောက္ခမတွေကရော…..

အိမ်ပေါ်တက်လာတဲ့ချွေးမကိုဘယ်လိုကြိုဆိုကြသလဲဘာပညာမှမတတ်ဘာအလုပ်မှမလုပ်တတ်ဘယ်နေရာမှဝင်မဆန့်တဲ့မိန်းကလေးမျိုးကိုဝမ်းသာအားရကြိုဆိုမယ့်ယောက္ခမမျိုးသိပ်ကိုရှားသွားပြီဆိုတာငါ့သမီးတို့သိပါလေစ…

အိမ်ထောင်မပြုခင်လူ့လောကအတွက် အခက်အခဲတွေတွေ့ရင်ရင်ဆိုင်နိုင်အောင်မိဘတွေကလက်နက်မျိုးစုံတပ်ဆင်ပေးနေတာကိုငါ့သမီးတို့သိပါလေစ…

ရော့ ပညာလက်နက်ငါ့ပညာနဲ့ငါလုပ်စားလို့ရတယ်လင်မျက်နှာ ယောက္ခမမျက်နှာကြည့်စရာမလိုဘူး

ရော့ အတွေးအခေါ်လက်နက်ဘယ်ဟာအကောင်း ဘယ်ဟာအဆိုးငါခွဲခြားနိုင်တယ်ရော့ အလုပ်အကိုင်လက်နက်ငါ့မှာအလုပ်အကိုင်ရှိတယ်အသိုင်းအဝိုင်းရှိတယ်ငါ့တစ်ဝမ်းတစ်ခါး ငါရှာစားနိုင်တယ်

အဲဒီလိုလက်နက်တွေပါသွားတော့ပိုမကောင်းဘူးလားမွေးရာပါလက်နက်ဟာတစ်ဘဝလုံးအတွက်အာမခံချက်မရှိဘူးဆိုတာငါ့သမီးတို့ကိုပြောပြမယ့်သူမရှိဘူးလား…

ပညာကမစုံအတွေ့အကြုံကမရင့်ကျက်အလုပ်အကိုင်ကမရှိနဲ့လင်ယူလိုက်ရုံနဲ့ဒုက္ခတွေငြိမ်းသွားတာမဟုတ်ဘူး ငါ့သမီးတို့လင်ယူလိုက်မှဒုက္ခတွေစတာဆိုတာပြောပြချင်လိုက်တာ…

တကယ်လို့များသမီးလေးတို့ရွေးချယ်လိုက်တဲ့ယောက်ျ ားဟာကုတင်ပေါ်မှာပဲ ချစ်တတ်ပြီးကျန်တဲ့အချိန်မှာဘဝရဲ့ဒုက္ခတွေအခက်အခဲတွေကိုမျှဝေခံစားဖော်မရတဲ့ယောက်ျ ားမျိုးဆိုရင်…

လင်ယူပြီးမှ ကိုယ့်ဝမ်းကိုယ်ရှာစားနေရပြီးသူ့ကိုပါရှာကျွေးနေရရင်ငါ့သမီးတို့အလကားနေအလကားလင်တစ်ယောက်အဖက်တင်နေမှာပေါ့…

ကဲဘဝက ထင်သလောက်လွယ်သေးလား?

လိုအပ်တဲ့လက်နက်မျိုးစုံ အစုံအလင်ပါမှလောကကြီးထဲထွက်လိုက်စမ်းပါ…

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာအလှဆုံးပဲ

ကိုယ်ရပ်တည်ဖို့အတွက်ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာအလှဆုံးပဲ

ထမင်းစားဖို့ လင်ယူစရာမလိုတဲ့မိန်းကလေးဟာကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ

ငါ့သမီးတွေကမ္ဘာ့အလှဆုံးမိန်းကလေးတွေဖြစ်ကြစမ်းပါ

မူရင်းစာရေးဆရာအား လေးစားလျှက်

Be the first to comment

Leave a Reply

Your email address will not be published.


*