ခါးရိုးနဲ့ နောက်ကျော နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်မယ့် နည်းလမ်းကောင်းများ

ကမ္ဘာ့လူဦးရေရဲ့ အရွယ်ရောက်ပြီးသူ ၈၀ ရာခိုင်နှုန်းလောက်ဟာ ခါးရိုးနှင့် နောက်ကျော နာကျင်ကိုက်ခဲခြင်းကို ခံစားရတယ်လို့သိရပါတယ် ။ ခါးရိုးနှင့် ကျောဘက်မှာ ရှိတဲ့ ကြွက်သားတွေဟာ ကျွန်မတို့ ရဲ့ နေ့စဉ် လှုပ်ရှားသွားလာမှုမှာ အရေးကြီး ဆုံးအစိတ်အပိုင်းတွေဖြစ်ပါတယ်။ ဒါကြောင့် ခါးရိုးနဲ့ နောက်ကျော နာကျင်တဲ့အခါ ဘယ်လို နည်းလမ်းကောင်းတွေနှင့် သက်သာပျောက်ကင်းသွားအောင် ပြုလုပ်ပေးနိုင်လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

၁ ။ ခွန်အားသိပ်မသုံးရတဲ့ လေ့ကျင့်ခန်းမျိုးကို ပြုလုပ်ပေးပါ
ခါးရိုးနှင့် နောက်ကျော နာကျင်ခြင်းကို ခံစားနေရတဲ့ အချိန်မှာ လှုပ်ရှုားဖို့ တော့ သိပ်မလွယ်ကူလှပါဘူး ။ ဒါပေမယ့်လည်း ခွန်အားသိပ်မသုံးရတဲ့ လေ့ကျင့်ခန်းတွေကိုတော့ ပြုလုပ်ပေးဖို့ လိုအပ်ပါမယ် ။ ၁၀ မိနစ် ခန့် လမ်းလျှောက်ပေးခြင်း ၊ ယောဂ ကျင့်စဉ် ကျင့်ခြင်း ၊ စတဲ့ ခွန်အား သိပ်မသုံးရတဲ့ လေ့ကျင့်ခန်းတွေကို ပြလုပ်ပေးနိုင်ပါတယ်။ ဒီလို လေ့ကျင့်ခန်းကို ပြုလုပ်ပေးခြင်အားဖြင့် တင်းမာနေတဲ့ ကြွက်သားများ ပြေလျော့သွားနိင်ပြီ နာကျင်ခံစားနေရတာတွေကို သက်သာသွားစေမှာပါ ။ အကြောလျော့ လေ့ကျင့်ခန်းဟာလည်း ခါးရိုးနှင့် နောက်ကျောနာကျင်ခြင်းကို သက်သာစေတဲ့ အပြင် ခန္ဓာကိုယ်ကိုပါ ပျော့ပျောင်းသန်မာစေတဲ့အတွက် အကြေလျော့ လေ့ကျင့်ခန်းကိုလည်း နေ့စဉ် ပုံမှန် ပြုလုပ်ပေးသင့်ပါတယ် .။

၂ ။ အပူနှင့် အအေးကပ်ပေးနိုင်ပါတယ်
ခါးရိုးနှင့် နောက်ကျော နာကျင်ကိုက်ခဲခြင်းတို့ကို အပူ နှင့်အအေးကို အသုံးပြုပြီ သက်သာအောင်ပြုလုပ်နိုင်ပါတယ်။ အအေးထုပ်ကို ထိခိုက်ဒဏ်ရာ ရရှိတဲ့ ကစားသမားတွေကပ်လေ့ ရှိကြပြီး အအေးထုပ် ကပ်ခြင်းဟာ ယောင်ယမ်းခြင်းတွေကို သက်သာစေနိုင်ပါတယ် ။ ဒါ့အပြင် ရေနွေးအိတ်ကပ်ပေးခြင်းကလည်း ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခါးရိုးနှင့် နောက်ကျော နာကျင်ခြင်းတို့ ခံစားနေရ ရင် အေးအထုပ် ဒါမှမဟုတ် ရေနွေးအိတ် ကပ်ပေးနိုင်ပါတယ် ။

၃ ။ ဖိနပ်ကို လဲလှယ်စီးကြည့်ပါ
တစ်ခါတစ်ရံ အကြောင်းပြချက် ရေရေရာရာ မရရှိဘဲ ခါးရိုးနှင့် နောက်ကျော နာကျင်ကိုက်ခဲခြင်းတို့ ခံစားနေရတယ်ဆိုတာက သင်စီးနေတဲ့ ဖိနပ်ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဖိနပ်စီးရတာသက်တောင့်သက်သာမဖြစ်ရင်လည်း ဒီလိုဝေဒနာတွေခံစားရနိုင်ပါတယ်။ ကိုယ်နဲ့ မတော်ဘဲ သက်တောင့်သက်သာ မရှိတဲ့ ဖိနပ်ကို စီးခြင်းဟာ ခြေထောက်တွေကို နာကျင်စေပြီးခါးရိုးနှင့် နောက်ကျော နာကျင်ကိုက်ခဲခြင်းကို ဖြစ်ပေါ်စေပါတယ်။
အမျိုးသမီး တွေ စီးလေ့ရှိကြတဲ့ ဒေါက် ဖိနပ် အမြင့်တွေဟာ ကျောရိုးကို လွဲစေပြီး နာကျင်မှုကို ခံစားရစေပါတယ် ။ ဒီလိုအကြောင်းအရင်းတွေရှိနေတာဖြစ်လို့ ဒေါက်ဖိနပ်အမြင့်တွေကို ရံဖန်ရံခါမှသာ ဝတ်ဆင်သင့်ပြီး ပုံမှန် အချိန်တွေမှာတော့ သက်တောင့် သက်သာ ရှိတဲ့ ဖိနပ်မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ် ။

၄ ။ အိပ်ရေး၀၀အိပ်ဖို့လိုပါတယ်
လေ့လာတွေ့ရှိချက်အရ ကောင်းကောင်းမွန်မွန် မအိပ်စက်ရတဲ့ သူတွေမှာလည်း ခါးရိုးနှင့် နောက်ကျော နာကျင်ခြင်းတို့ခံစားရတယ်လို့သိရပါတယ် ။ ဒါ့အပြင့် သက်သောင့်သက်သာ မရှိတဲ့ အိပ်ရာခင်း တွေ ခေါင်းအုံတွေနှင့်အိပ်စက်ခြင်းဟာလည်း ခါးရိုးနှင့် နောက်ကျောနာကျင်ခြင်းကို ဖြစ်စေနိုင်ပါတယ် ။
အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ အိပ်စက်ချိန်ဟာ တစ်ညကို  ၇နာရီကနေ ၉နာရီ အထိ ရှိသင့်ပါတယ် ။ ခါးရိုးနှင့်နောက်ကျောနာကျင်ခြင်းကို သက်သာစေဖို့ဆိုရင် သက်တောင့်သက်သာရှိတဲ့ အိပ်ရာခင်း ခေါင်းအုံးတို့နဲ့အိပ်ရေး၀၀အိပ်စက်ဖို့လည်းအရေးကြီးပါတယ်။

၅ ။ စိတ်ဖိစီးမှုတွေကို လျှော့နိုင်သမျှလျှော့ပါ
စိတ်ဖိစီးမှုခံစားရခြင်းဟာ ကြွက်သားကို တောင့်တင်းစေပြီး နာကျင်ကိုက်ခဲမှုတွေကို ခံစားရစေပါတယ် ။ စိတ် ဖိစီးမှုကို အချိန်ကြာကြာ ခံစားနေရတဲ့ သူတွေ ဟာ ခါးရိုးနှင့် နောက်ကျော နာကျင်ခံစားရမှုတို့ကို ခံစားရလေ့ရှိပါတယ် ။ ဒါ့ကြောင့် ကိုယ်ခန္ဓာကျန်းမာစေဖို့ စိတ်ဖိစီးမှုတွေကို လျှော့နိုင်သမျှလျှော့ပြီးသက် သက်သာသာနေဖို့အရေးကြီးပါတယ်။ စိတ်ဖိစီးမှုတွေလျှော့နိုင်အောင်ဆိုရင် တရားထိုင်တာ၊ ယောဂကျင့်တာမျိုးတွေပြုလုပ်နိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*