ခန္ဓာကိုယ်ရဲ့ အနံ့အသက်ဆိုးကို ပိုထွက်စေတဲ့ အဓိက အစားအစာများ

လူအများနဲ့ ဆက်ဆံပြောဆိုနေရတဲ့ သူတွေ အထူးဂရုစိုက်ရမယ့် အရာတစ်ခုရှိပါတယ်။ အဲ့ဒါ ခန္ဓာကိုယ်က ထွက်တဲ့ အနံ့အသက်တွေကို ကောင်းမွန်စေဖို့ပါ။ ရေပုံမှန်ချိုးရုံ၊အမွှေးနံ့သာတွေ ဖြန်းရုံလောက်နဲ့ လည်း ခန္ဓာကိုယ် က အနံ့ဆိုးတွေကို ရေရှည်မတားဆီးနိုင်ပါဘူး။ သင့်အနေနဲ့ ဒီအစားအစာတွေကို သာ အထိန်းအချုပ်နဲ့ စားမယ်ဆိုရင်တော့ ခန္ဓာကိုယ်က အနံ့ဆိုးတွေကို ကာကွယ်တားဆီးနိုင်ပါတယ်။

(၁) ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကြောင့် ခန္ဓာကိုယ်က ထွက်တဲ့ ချွေးနံ့ကို ပိုဆိုးစေတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။ တကယ်လို့ သင့်အနေနဲ့ ခရမ်းချဉ်သီး ကိုအရမ်းကြိုက်တယ်ဆိုရင်တောင် ကန့်သတ်ပြီး စားသင့်ပါတယ်။

(၂)နို့နဲ့နို့ထွက်ပစ္စည်းများ

အံ့သြစရာကောင်းတဲ့ အချက်က နို့နဲ့နို့ထွက်ပစ္စည်းများ ကို များများစားသုံးသူတွေရဲ့ ခန္ဓာကိုယ်ဟာ ဂေါ်ဖီ နံ့ ထွက်ပြီး တစ်ဖက်သူကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်လို့သိရပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းများ ဟာ အစာချေစနစ်ကို နှောင့်နှေးစေတာကြောင့် ဖြစ်နိုင်ရင် များများစားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၃)ငါး

ငါးတွေထဲမှာ တူနာငါးလိုမျိုး ဗီတာမင်B4 ကြွယ်ဝတဲ့ ငါးတွေဟာ လူ့ခန္ဓာကိုယ် အနံ့အသက်တွေကို ငါးအစိမ်းနံ့လိုမျိုး ဆိုးရွားစေနိုင်ပါတယ်။ဒါကြောင့် နဂိုကတည်းက ခန္ဓာကိုယ်အနံ့ဆိုးထွက်တတ်သူတွေ အပြင်သွားခါနီး ငါးမစားတာ အကောင်းဆုံးပါပဲ။

(၄)ဒူးရင်းသီး

လူတိုင်းသိကြမှာပါ။ဒူးရင်းသီးဟာလည်း ခန္ဓာကိုယ် အနံ့အသက်ကို ဆိုးစေနိုင်ပါတယ်။စားသုံးလိုက်ရင် ရက်ပိုင်းများစွာ အနံ့အသက်ဆိုးတွေ ထွက်နေစေပြီး ဒူးရင်းသီးကို ဒီတိုင်းကိုင်မိရင်တောင် ရက်ကြာတဲ့ အထိ လက်မှာ အနံ့စွဲစေပါတယ်တဲ့

(၅)ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ငရုတ်သီး

ဒီသုံးမျိုးကတော့ စားမိတာနဲ့ သွေးထဲမှာ အနံ့အသက်ဆိုးတွေကို ရက်အတော်ကြာတဲ့ အထိ စွဲနေစေပါတယ်။ဒီလိုအစားအစာတွေကို စားမိတာနဲ့ ရေများများသောက်ခြင်း၊ခံတွင်းသန့်ရှင်းရေးကို စနစ်တကျ ပြုလုပ်ခြင်းတို့ကို ပုံမှန်လုပ်သင့်တာပဲဖြစ်ပါတယ်။

(၆)အရက်

အရက်သောက်တတ်သူရဲ့ ခန္ဓာကိုယ်ဟာ အနံ့အသက်တစ်မျိုးမျိုးထွက်နေလေ့ရှိပါတယ်။ဖြစ်နိုင်ရင် အရက်ကို တတ်နိုင်သမျှ  ရှောင်ကြည်သင့်ပါတယ်။ အရက်က ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်လို့ပဲဖြစ်ပါတယ်။

ခန္ဓာကိုယ် အနံ့အသက်ကောင်းနေစေဖို့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို အလေးထားပြုလုပ်ပါ..အပြင်သွားတိုင်း ရေမွှေး ဆွတ်ပါ။ဒါ့အပြင် ကိုယ်စားလိုက်တဲ့ အစားအစာတွေတိုင်းကိုလည်း သေချာရွေးချယ်ပြီးမှစားသုံးစေချင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*