ကျန်းမားရေးအတွက် အကျိုးများစွာရှိစေတဲ့ သခွားသီး

သခွားသီးစားသုံးတဲ့ အခါမှာ ရရှိလာနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေအကြောင်းကို ပြောပြပေးချင်ပါတယ် ။

နေ့စဉ်မြင်တွေ့နေကျဖြစ်လို့သခွားသီးရဲ့ကောင်းကျိုးတွေကိုတော်ရုံသတိမထားမိကြပါဘူး။ ဒါပေမဲ့ အခုပြောပြပေးမယ့်အကြောင်းအရာတွေကိုသိရှိပြီးသွားရင် သခွားသီးကကျန်းမာရေးအတွက်ဒီလောက်တောင်ကောင်းသလားဆိုတာမျိုးသင့်ကိုအံ့ဩသွားစေမှာပါ။

အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါမှန်သမျှကို ကာကွယ်ပေးနိုင်တယ်

အသက်အရွယ်ရလာတာနဲ့အမျှ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါခံစားရနိုင်ခြေလ ည်းပိုပိုများလာပါတယ်။ ဒါပေမဲ့ သခွားသီးကိုနေ့စဉ်ပုံမှန်စားပေးခြင်းအားဖြင့် အသက်အရွယ်အရဖြစ်တတ်တဲ့ အာရုံကြောအားနည်းခြင်းနဲ့ အာရုံကြောနဲ့ဆိုင်တဲ့တခြားရောဂါဝေဒနာတွေကိုကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သခွားသီးမှာ ဦးနှောက် ကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့ အာနိသင်တွေများစွာပါဝင်လို့ပဲဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ ဖော့်စဖော့ရပ် ဓာတ်ချို့တဲ့လာပြီဆိုရင်  ဦးနှောက်မှတ်နိုင်စွမ်း ချို့တဲ့ လာပြီး အတိတ်မေ့ ရောဂါ နှင့် သူငယ်ပြန်ရောဂါတွေခံစားရလေ့ရှိပါတယ်။ သခွားသီးစားသုံးခြင်းကနေ ဖော့စဖောရပ် ဓာတ်ကို ပြန်လည်ဖြည့်တင်းနိုင်ပြီး မှတ်ညဏ်နဲ့ဆိုင်တဲ့ ရောဂါ တွေကို ကာကွယ်ထားနိုင်ပါတယ်။

မလိုအပ်တဲ့အဆီနဲ့ ကိုယ်အလေးချိန်ကိုကျစေတယ်

အသင့်စားအစားအစာတွေတစ်နေ့ထက်တစ်နေ့ပေါများလာနေတဲ့အတွက် လူတွေဟာ အဝလွန်ခြင်းနဲ့ ကိုယ်အလေးချိန်များပြားခြင်းဆိုတဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်နေကြရပါတယ်။ အဲဒီလို ကိုယ်အလေးချိန် များခြင်းကြောင့် နေ့စဉ် လှုပ်ရှားသွားလာမှုကိုအနှောင့်အယှက် ဖြစ်စေနိင်ပြီးကျန်းမာတဲ့ ဘဝတွေကိုဆုံးရှုံးလာရပါတော့တယ်။ ဒါကြောင့် ကိုယ်အလေးချိန်များနေသူတွေ၊ ဝိတ်ချဖို့ကြိုးစားနေသူတွေအတွက် သဘာဝဆေးဘက်ဝင်အသီးတစ်မျိုးဖြစ်တဲ့ သခွားသီးကိုစားသုံးဖို့ အကြံပေးလိုပါတယ်။ သခွားသီးကို စားသုံးပေးခြင်းအားဖြင့် သခွားသီးမှာပါဝင်တဲ့ ရေဓတ်ဟာ ဝမ်းဗိုက်အတွင်းအစာတွေလိုတာထက်ပိုရှိမနေစေရအောင် အဟန့်အတားလုပ်ပေးနိုင်မှာပါ။ နောက်ပြီး သခွားသီးက အဆီပါဝင်မှုမရှိဘဲ ကယ်လိုရိနည်းပါးတဲ့ အသီးဖြစ်တာကြောင့် Diet လုပ်ချင်သူတွေအတွက် အသင့်တော်ဆုံးအသီးတစ်မျိုးလည်းဖြစ်ပါတယ်။

အစာခြေစနစ်ကို အထောက်အပံ့ဖြစ်စေတယ်

သခွားသီးမှာပါဝင်တဲ့ အမျှင်ဓာတ်နှင့် ရေဓာတ်က အစာကိုကြေညက်စေဖို့အတွက် အကျိုးပြုပေးပါတယ် ။ နောက်ပြီး ဗီတာမင်ဓာတ်လည်းပါဝင်တာကြောင့် အစာခြေစနစ်ကိုလည်းကောင်းမွန်စေပါတယ်။ ဒါကြောင့် သခွားသီးကို နေ့စဉ်ပုံမှန် စားသုံးပေးမယ်ဆိုရင် အူသိမ်လှုပ်ရှားမှုကို မှန်စေပြီးအူသိမ်အူမကြီးနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတွေကိုကာကွယ်ပေးနိုင်ပါတယ်။

ရေသောက်သလိုပဲ ခန္ဓာကိုယ်ကိုရေဓာတ်ပြည့်ဝစေတယ်

သခွားသီးမှာပါဝင်တဲ့ ရေဓာတ်ပမာဏဟာ တခြားသစ်သီးဝလံတွေမှာပါဝင်တဲ့ရေဓာတ် ပမာဏထက်ပိုများပါတယ်။  ဘယ်လောက်တောင်ရေဓာတ်ပါလဲဆိုရင် သခွားသီးတစ်ထောင့်မှာ ရေဓာတ် ၉၅ရာခိုင်နှုန်းအထိပါဝင်ပါတယ်လို့သိရပါတယ်။ ဒါကြောင့်သခွားသီးစားက ရေသောက်သလိုပဲ ခန္ဓာကိုယ်ကိုရေဓာတ်အပြည့်အဝထောက်ပံ့ပေးနိုင်ပါတယ်။ တကယ်လို့ သင်ဟာ ရေသောက်ဖို့ မေ့တတ်သူဆိုရင် တစ်နေ့ကို သခွားသီးတစ်တောင့် ပုံမှန် စားသုံးပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ရေဓာတ်တွေကိုဖြည့်တင်းနိုင်ပါတယ်။

အသားအရေကိုသဘာဝအတိုင်ကြည်လင်စိုပြေစေတယ်

သခွားသီးမှာရေဓာတ်ပါဝင်တယ်ဆိုတာကို စောစောကပြောခဲ့ပြီးဖြစ်ပါတယ်။ အဲဒီရေဓာတ်ကြောင့်ပဲ သခွားသီးကိုပုံမှန်စားသုံးသူတွေဟာ အသားအရေကြည်လင်စိုပြေတဲ့ကောင်းကျိုးကိုခံစားရစေမှာပါ။ ကျန်းမာပြီး အသားအရေကောင်းဖို့ဆိုရင် ဗီတာမင်ဘီနဲ့ ဗီတာမင်စီဓာတ်တို့လုံလောက်စွာရရှိဖို့လိုပါတယ်။ အဲဒီလိုဗီတာမင်ဓာတ်တွေကို သခွားသီးကနေရနိုင်ပါတယ်။ ဒါကြောင့် အသားအရေထိန်းသိမ်းတဲ့အလှကုန်တွေဆိုရင် သခွားသီးကိုကုန်ကြမ်းအနေနဲ့ထည့်သွင်းထုတ်လုပ်ကြခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုအလှကုန်တွေဆိုတာ သဘာဝသခွားသီးကိုအဆင့်ဆင့်ခွဲခြမ်းစိတ်ဖြာပြီး ကြာရှည်ခံအောင် အနံ့မွှေးအောင်ဓာတုဆေးဝါးတွေနဲ့ ရောနှောပေါင်းစပ်ထားတာပါ။  ဒါကြောင့် ငွေကုန်ကြေးကျသက်သာပြီး သဘာဝအာနိသင်ကိုအပြည့်အဝခံစားရဖို့ဆိုရင်တော့ သဘာဝအတိုင်းပဲသခွားသီးကိုစားသုံးတာ၊ မျက်နှာမှာကပ်ပေးတာမျိုးလုပ်နိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*