လက်သည်း ခွံပေါ်က အဖြူရောင် လခြမ်းလေးတွေ ရဲ့ အဓိပ္ပါယ်

သင့်ရဲ့ လက်ချောင်းလေးတွေကို ကြည့်တဲ့အခါ လက်သည်းခွံအရင်းနေရာကနေ ထွက်လာတဲ့ အဖြူရောင် လခြမ်းသဏ္ဍန်လေးတွေကို သတိပြုမိပါသလား။ တကယ်တော့ ဒီလခြမ်းလေးတွေက လက်သည်းရဲ့ အရမ်းကို အရေးပါတဲ့ အစိတ် အပိုင်း တစ်ခုဖြစ်ပါတယ်။

ဒါက လက်သည်းမှာပါတဲ့ အစိတ်အပိုင်းတစ်ခုဆိုတာထက် ပိုပါတယ်။ အကြောင်းကတော့ ဒီလခြမ်းလေးတွေကတဆင့် သင့်ရဲ့ ကျန်းမာရေးအခြေအနေကို အများကြီးသိနိုင်လို့ပဲ ဖြစ်ပါတယ်

တရုတ်ဆေးပညာမှာ လက်သည်းပေါ်က လခြမ်းလေးတွေ ကို လေဖိအားတိုင်း ကိရိယာလိုပဲ ကျန်းမာရေး ကိုတိုင်းတဲ့ ကိရိယာ တစ်ခုအနေနဲ့ မှတ်ယူ ပါတယ်။ လခြမ်းရဲ့ အခြေအနေ က သင့်ကျန်းမာရေး သင်္ကေတပါ။

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
ကျန်းမာရေးချွတ်ယွင်းလာတဲ့ အခါမှာ လခြမ်းကပြောင်းလဲလာတာ၊ လုံးဝပျောက်သွားတာတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးပြန်ကောင်းလာတဲ့ အချိန်မှာ လခြမ်းလေးတွေက မူလအခြေအနေအတိုင်း ပြန်ဖြစ်လာ တတ်ပါတယ်။

ဆေးပညာရှင်များရဲ့ အဆိုအရ လက်ချောင်း ၈ ချောင်းကနေ လက်ချောင်းအားလုံးပေါ်မှာအထိ လခြမ်းတွေရှိနေမယ်ဆိုရင် ကျန်းမာရေးက အကောင်းဆုံးအခြေအနေမှာ ရှိနေတာကို ပြပါတယ်။ လခြမ်းက ပိုဖြူလေ ကျန်းမာရေး ပိုကောင်းလေပဲ ဖြစ်ပါတယ်။

လခြမ်းတွေကို ၈ ချောင်းအောက်ပိုနည်းပြီးတွေ့ရမယ်ဆိုရင် စွမ်းအင်ပိုနည်းသွားပြီး ခုခံအားစနစ်လည်းအားနည်းနေတာကို ပြတာဖြစ်ပါတယ်။ လက်မနှစ်ချောင်းပေါ်မှာပဲ လခြမ်းတွေရှိတယ် ဆိုရင်တော့ အလွယ်တကူနာ မကျန်းဖြစ်နိုင်တယ် ဆိုတာကိုသိထားရပါမယ်။

လေ့လာမှုတစ်ခုအရ လက်သည်းခွံ အားလုံးမှာ လခြမ်းတွေလုံးဝမရှိဘူးဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ မညီမျှမှုတွေ အများကြီးဖြစ်နေတာကို ပြတာပဲဖြစ်ပါတယ်။

သိုင်းရွိုက်ဂလင်း၊ သံဓာတ်အားနည်းတာ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ စိတ်ကျရောဂါ ၊

ဗီတာမင်ဘီ 12 ချို့တဲ့ရောဂါတွေဖြစ်တတ်ပါတယ်။ သင့်ရဲ့ အိုင်အိုဒင်း ပမာဏနဲ့ ဗီတာမင်ဘီ 12 ပမာဏကို စစ်ဆေးကြည့်သင့်ပါတယ်။ သိုင်းရိုွက်အလုပ်လုပ်ပုံနဲ့ သွေးဖိအားတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*