မြန်မာထီထက် ဈေးကြီးပေမယ့် ထိုင်းထီကို လူတွေက ပိုထိုးကြတဲ့ အကြောင်းရင်း

မြန်မာထီ တစ်စောင်ကို ၁၁၀၀ နဲ့ ၁၂၀၀ ပဲရှိပါတယ်။ ပေါက်ရင်လဲ သိန်းတစ်သောင်းခွဲတောင် ထိုင်းထီ တစ်စောင်ကို ၅၅၀၀ နဲ့ ၆ထောင် ရှိပါတယ်။ ပေါက်ရင် သိန်း၂၅၀၀ ဝန်းကျင်ပဲရတာကို ဘာလို့ ထိုင်းထီပိုရောင်းကောင်းတာလဲ?

အဖြေက ရှင်းတယ် လူတွေထီထိုးပြီဆိုကတည်းက ဘာဆုပဲပေါက်ပေါက် ဒီလငါထီပေါက်တယ်ဟေး ဆိုပြီး ပျော်ချင်ကြတာ အဲ့လိုပျော်ဖို့က ထိုင်းထီပဲ ပိုသေချာတာလေ ပြီးတော့ ထိုင်းထီက ဂဏန်းဆင်တူတစ်မျိုးကို ၂၅ စောင်ထုတ်ထားတာဆိုတော့ ဆုတစ်ခုကို ၂၅ ယောက်တောင် ပေါက်တာပေါ့။

အမြင့်ဆုံးဆု သိန်း ၂၅၀၀ ဆိုပေမယ့် ၂၅ ဦးတောင်ပေါက်ခွင့်ရှိတော့ ပိုကြိုက်တာလေ သိန်းတစ်သောင်းခွဲကြီးပေါက်ပြီး ထီပေါက်တယ်လို့တောင် မပြောရဲတဲ့ဘဝကို လူတွေမနှစ်သက်ဘူး (အလုခံရမှာကြောက်လို့) ဘတ် ၂ ထောင်လေးပဲ ပေါက်ပေါက် ဘတ် ၄ ထောင်လေးပဲ ပေါက်ပေါက် ငါထီပေါက်တယ်ဆိုပြီး ပီတိတွေဖြစ်ပြီးပျော်ကြတာပဲ လိုချင်ကြတာ။

ထိုင်းထီက အက္ခရာ မပါဘူး နောက်ဆုံး ၂ လုံးတူရင် ဆုငွေ ၈ သောင်းကျေ ာ်ရမယ် အဲ့လိုဆုမျိုးအတွက် ကံထူးရှင် အယောက် ၁ သောင်း ရှိတယ် နောက်ဆုံး ၃ လုံးတူရင် ဆုငွေ ၁ သိန်း ၆ သောင်းကျော်ရတယ် အဲ့လို ဆုမျိုးအတွက် ကံထူးရှင် အယောက် ၂ ထောင် ကျော်ရှိတဲ့အပြင် အဲ့လိုဆုအတွက် ၂ ကွက်ထုတ်ပေးထားတော့ လူဦးရေ ၄ထောင်ကျော်ပေါက်မယ်။

ရှေ့ဆုံး ၃ လုံးတူရင်လဲ ဆုငွေ ၁ သိန်း ၆ သောင်းကျော်ရတယ် အဲ့လိုဆုမျိုးအတွက် ကံထူးရှင် အယောက် ၂ ထောင်ကျော်ရှိတဲ့အပြင် အဲ့လိုဆုအတွက် ၂ ကွက်ထုတ်ပေးထားတော့ လူဦးရေ ၄ ထောင်ကျော်ပေါက်မယ် ရှေ့ဆုံး ၃ လုံးတူလို့ ဘတ် ၄ ထောင်ရတဲ့အပြင် နောက်ဆုံး ၃ လုံးပါ ထပ်တူနေရင်လဲ နောက်ထပ် ဘတ် ၄ ထောင် ထပ်ရတော့ စုစုပေါင်း ဘတ် ၈ ထောင် ရတာမျိုးလဲ ရှိသေးပြန်ရော။

အဲ့အပြင် နောက်ဆုံး ၂ လုံးတူ ဘတ် ၂ ထောင်နဲ့ နောက်ဆုံး ၃ လုံးတူ ဘတ် ၄ ထောင် က ဆင်တူဂဏန်းမျိုး ဖြစ်နေရင်လဲ နောက်ဆုံး ၃ လုံးလေး တူတာကို ဘတ် ၆ ထောင်ရတာမျိုး ရှိပြန်ရော။

လုံးဝကို ဘယ်လိုတူတူ တူသလောက်ကို ဆုငွေတန်းထုတ်ပေးတာ လုံးဝ မိုက်တယ်နော် အဲ့ထက်လန်းတဲ့ ဆုတွေကလဲ ရှိသေးတော့ ၆၀၀၀ ကိုမမြင်တော့ပဲ ထိုင်းထီပဲ ထိုးကြတာ မဆန်းပါဘူး

ဆုကြီးတွေလဲ ပေါက်ပါစေ နှစ်သစ်မှာလဲ ပျော်ရွှင်ကျန်းမာပါစေလို့ ဆုမွန်ကောင်းတောင်းလျက်