ကြည့်ရဆိုးတဲ့ ဗိုက်ခေါက်တွေကို ဒီနည်းလမ်းတွေနဲ့ ဖယ်ရှားကြမယ်…

လေ့ကျင့်ခန်းပြုလုပ်မှု အားနည်းခြင်း ၊ သွားရည်စာများကို အလွန်အကျွန်စားသုံးခြင်း ၊ အယ်လ်ကိုဟော ပါဝင်တဲ့ အရက်ဘီယာတို့ကို သောက်သုံးခြင်း စတဲ့ မကျန်းမာတဲ့ နေထိုင်မှုပုံစံကြောင့် ဗိုက်မှာ အဆီတွေ စုလာပြီး ဗိုက်ခေါက်တွေဖြစ်ပေါ်လာရတာပါ ။ အချို့လူတွေဆိုလျှင် ခန္ဓာကိုယ်က ပိန်နေပေမယ့်လည်း ဗိုက်တစ်နေရာထဲမှာ အဆီစုနေတာကြောင့် ဗိုက်ခေါက်နှင့် ကြည့်လို့ရှုလို့ မကောင်းတော့ ပါဘူး

၁ ။ နေ့စဉ် လေ့ကျင့်ခန်းပြုလုပ်ဖို့အချိန် တစ်ချိန်ပေးပါ

အဆီတွေကို မြန်မြန်လောက်ကျွမ်းစေဖို့အတွက် အကောင်းဆုံးနည်လမ်းကတော့ လေ့ကျင့်ခန်းပြုလုပ်ခြင်းပါပဲ ။ လေ့ကျင့်ခန်ပြုလုပ်ခြင်းဟာ သင့်ကို အဆီတွေသာ လောင်ကျွမ်းစေတာမဟုတ်ဘဲ ကျန်းမာရေး ကောင်းမွန်စေတဲ့ အကျိုးအာနိသင်လည်း ရှိပါတယ် ။ အပြေးလေ့ကျင့်ခန်း ကဲ့သို့ နှလုံးကြွက်သားများကို အလုပ်လုပ်စေတဲ့ လေ့ကျင့်ခန်း ၊ ရေကူးအာကစား နှင့် အေရိုးဗစ် လေ့ကျင့်ခန်း တို့ကို နေ့စဉ် မပျက်မကွက် ပုံမှန်ပြုလုပ်ပေးရပါမယ် ။ ၇ရက်အတွင်း သိသိသာသာ ဗိုက်ခေါက် အဆီတွေကို ကျစေချင်တယ်ဆိုရင်တော့  ဒီလေ့ကျင့်ခန်း အဆင့်ကို လုံးဝကျော်လို့ မရပါဘူး ။

၂ ။ ထမင်းကဲ့သို့သော ကာဗွန်ပါတဲ့ အစားအစာတွေကို ရှောင်ကြဉ်ပါ ။

ဗိုက်က အဆီတွေကို ၇ရက်အတွင်း မြန်မြန်ကျစေဖို့အတွက် ထမင်းကဲ့သို့သော ကာေွန်ပါဝင်တဲ့ အစားအစာတွေကို ခဏတာ ရှောင်ကြဉ်သင့်ပါတယ် ။ ဒီလိုရှောင်ကြဉ်မယ်ဆိုရင်တော့ ဗိုက်နှင့် ခါးတစ်ဝိုက် က အဆီတွေ မြန်မြန်လောင်ကျွမ်းနိုင်ရုံသာမကဘဲ ဇီဝကမ္မဖြစ်စဉ်ကိုလည်း မှန်ကန်စေမှာပဲဖြစ်ပါတယ် ။ ထမင်း ၊ ပေါင်မုန့် ၊ ဆိုဒါ တို့အပြင် ဂျုံနှင့် ပြုလုပ်ထားတဲ့ မုန့်တွေကကို ရှောင်ကြဉ်ပြီ ဟင်းသီဟင်းရွက်နှင့် အသီအနှံတို့ကို များများစားသုံးပေးနိင်ပါတယ် ။ ထမင်းဟာ ဗိုက်ခေါက်ဖြစ်စေနိုင်တဲ့ အဓိက အရာဖြစ်တာကြောင် ၇ရက်ကျော်သွားရင်လည်း ညနေပိုင်းထမင်းစားခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်မှသာ ဗိုက်ခေါက်တွေ ပြန်ပြီး ဖြစ်နိုင်မှာမဟုတ်ပါဘူး ။

၃ ။ အဆီပါဝင်တဲ့ ငါးကို စားသုံးပေးပါ ။

အဆီပါဝင်တဲ့ ငါးတွေဖြစ်တဲ့ ဆော်လ်မွန်ငါး ၊ ငါးသေတ္တာ  နှင့် တူနာငါးတို့ဟာ ပရိုတင်း ဓာတ်နှင့် အိုမီဂါ သရီးအက်စစ် တို့ ကြွယ်ဝစွာ ပါဝင်တဲ့ ငါးတွေ ဖြစ်ပါတယ် ။ တစ်ပတ်တွင် အဆီပါဝင်သော ငါးကို ၃ ရက်တစ်ခါ လောက် ပုံမှန် စားပေးမယ်ဆိုရင်တော့ ဗိုက်မှာစုနေတဲ့ အဆီတွေကို လောင်ကျွမ်းစေရုံသာမကဘဲ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေနိုင်ပါသေးတယ် ။

၄ ။ မနက်စာကို ပရိုတင်း ဓာတ်ပါဝင်တာကို စားပေးပါ ။

ပရိုတင်း ကြွယ်ဝစွာ ပါဝင်တဲ့ ဒိန်ချဉ် ၊ ကြက်ဥ နှင့် ပဲအမျိုးမျိုး စတာတွေကို မနက်စာမှာထည့်သွင်းစားသုံးပေးရပါမယ် ။ ဒီလို ပရိုတင်း ကြွယ်ဝစွာပါဝင်တဲ့ မနက်စာကို စားသုံးထားမယ်ဆိုရင် နေ့လည်စာ စားချိန်မတိုင်ခင်အထိ ဗိုက်ဆာ ခြင်းကို ခံစားရမှာ မဟုတ်ပါဘူး ။

၅ ။ ရေများများသောက်သုံးပါ ။

ကိုယ်အလေးချိန် ကျချင်တဲ့ သူမဟုတ်ဘူးဆိုရင်တော့ ရေကိုတော့ များများသောက်သုံးပေးဖို့ လိုအပ်ပါတယ် ။ ကျန်းမာရေး ကောင်းမွန်နေစေဖို့အတွက် ရေဓာတ်ပြည့်ဝနေစေဖို့အတွက် အရေးကြီးဆုံးပါ ။ ကယ်လိုရီတွေများများလောကင်ကျွမ်းချင်ပြီး အဆီတွေကို လျော့ကျစေချင်တယ်ဆိုရင်တော့ တစ်နေ့ကို ရေ ၄လီတာကနေ ၅ လီတာအထိ သောက်သုံးဖို့အတွက် အကြံပြုချင်ပါတယ် ။
အစားမစားခင် ရေသောက်ခြင်းဟာ အစားစားချင်စိတ်ကို လျှော့ချပေးနိင်ပြီး သကြားနှင့် ကယ်လိုရီများများပါဝင်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ပြီးသားဖြစ်စေပါတတယ် ။
အခုပြောပြပေးခဲ့တဲ့ နည်းလမ်းလေး ၅ ခုကို နေ့စဉ် ပုံမှန် လုပ်သွားမယ်ဆိုရင် ၇ရက်အတွင်း မလိုချင်တဲ့ ဗိုက်က အဆီတွေကို ကျသွားစေမှာပါ ။နည်းလမ်းလေးကိုတော့ စနစ်တကျ နှင့် လိုက်လုပ်ပြီး ကျန်းမာရေး နှင့် မသင့်တော်တဲ့ အနေအထိုင်ကို ရှောင်ကြဉ်မှာသာ  သိသာတဲ့ရလဒ်ကို ခံစားရမှာ ဖြစ်ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*