ပရလောကသားနဲ့ အမဲသားဘယ်လို ဆက်စပ်နေသလဲ၊ ဘာ့ကြောင့် အမဲသားဟု ခေါ်ရတာလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ ကျွန်တော်တို့တွေဟာ အမဲသားဆိုပြီးစားနေကြတဲ့ အသားကို ဘာ့ကြောင့် အမဲသားလို့ခေါ်တာလည်း သိကြပါသလား။ အစကတော့ ကျွန်တော်လည်း သေချာမသိပါဘူး။ ဒီစာကိုမဖတ်ခင်အထိပါ။

အသားစားတဲ့ သတ္တဝါထဲမှာ သရဲ၊ သဘက်၊ ဘီလူး၊ ကျား၊ ခင်္သြေ့နှင့် အခြားသော မကောင်း ဆိုးဝါး မိစ္ဆာများမှာသည်လည်း အသားထဲ၌ နွားသာ ကိုသာ အကြိုက်ဆုံးဖြစ်ပါတယ်။

နွားသား၏ အနံ့မှာလည်း အညှီဆုံးဖြစ်သလို နွားသားစားခြင်းကြောင့် သွေးသား အားကောင်းတယ်၊ သွေးအာကောင်းတယ်ပေါ့။ ကြက်သေတော့ ကြက်သား ဝက်သေတော့ ဝက်သားလို့ ခေါ်ကြသည်မှာ အမှန်တိုင်းပင်ဖြစ်သော်လည်း

နွားသေတဲ့အခါ နွားသားကျတော့ အမဲသားဟူ၍ ခေါ်ဝေါ်ခြင်းမှာ ထူးဆန်းလှသည့်အပြင် ဘာကြောင့် အဲဒီလိုခေါ်ဝေါ်တာလဲဆိုတာကို မသိသူကများပါတယ်။

အမဲသား ဟုခေါ်ဝေါ်ခြင်းမှာ အပေါ်ယံကြည့်ရင် အမဲဆိုကတည်းက မဖြူစင်လို့ လို့အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်။ မကောင်းသော အမှောင်လောကသား တို့ ကြိုက်နှစ်သက်ကြသည့် အသားဖြစ်သောကြောင့် ပါ။

မကောင်းသော အမှောင်လောကသားတို့ မက် မောကြသည့် အသား ဖြစ်၍သာမှန်လူသားတို့ အနေနဲ့ ဖြူစင်သန့်ရှင်းသောအသား မဟုတ်ကြောင်းကိုဆိုလိုတာပါ။ မသန့်ရှင်းသော အသားဆိုသည်မှာ ရွံစရာကောင်းအောင် ညစ်ပတ်နေတာကို ပြောခြင်းမဟုတ်ပါ။

အကုသိုလ် အမှောင်တွေဖုံးလွှမ်းပေကျံနေသောကြောင့်၊ တစ်နည်းအားဖြင့်မကောင်းဆိုးဝါးများသာ နှစ်သက်သောကြောင့် မသန့်ရှင်း၊ မဖြူစင်ဘူးဟုဆိုလိုပါသည်။

အမှောင်လောကသားတို့၊ ပရလောကသားတို့ ကုသိုလ် နှင့် အကုသိုလ်ကို မသိနားမလည် မခွဲခြားတတ်တဲ့ သူတို့ စားမက်ဖွယ်ရာဟုသတ်မှတ်ထားသော အသားဖြစ်၍ အမဲသားဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။

ထိုသို့ အမဲသားကိုကြိုက်နှစ်သက်၍ စားသောက်ကြကုန်သော သာမန် လူသားတို့၏ ခန္ဓာကိုယ်တွင်လည်း အင်မတန် ညစ်နွမ်းခြင်းအနံ့အသက်အညှီနံများ စွဲနေစေပါတယ်။

ကိုယ့်ကိုယ်ကို မသိသော်လည်း အထက်မှာ ဖော်ပြထားသည့်အတိုင်း အမဲသားကိုမက်မော နှစ်သက်စွာ ကြိုက်နှစ်သက်သည့် ပရေလောက သားများ၊ ကျားရဲတိရိစ္ဆာန်များ၊ အစိမ်းသေ၊ သရဲ၊ သဘက်၊ ဘီလူးများမှာထိုအသား၏ အနံ့ကို ယဉ်ပါးနေပြီဖြစ်၍

ထိုအသားကိုစားသောက် ထားသည့်သာမန်လူသားများကို အလွယ်တကူသိရှိနိုင်သလို အလွယ်တကူအနံ့ရနိုင်ပါတယ်။ ထိုသို့ အနံ့ရရှိသော လူသားတို့ကိုလည်း ထိုမိစ္ဆာတို့က အမဲသားကိုနှစ် သက်မက်မောသလို ထိုအသားကို စားထားသော လူသားတို့ကိုလည်းမက်မောကြတယ်၊ ကြိုက်နှစ်သက်ကြတယ်။

သူတို့၏အကြိုက်ဆုံးအနံ့ ၊ အစားအသောက်သည် မည့်သည့်လူ၊ မည့်သည့်နေရာ၌ရှိသည်ကိုအလွယ်တကူသိနိုင်ကြတယ်။ ထိုအသားကိုစားသုံးသော လူသားတို့ကိုလည်း ထိုမိစ္ဆာအပေါင်းက အမဲသား မစားတဲ့သူများထက် လွယ်ကူစွာနှောက်ယှက်နိုင်တယ်။ လွယ်စွာတိုက်ခိုက် ဖျက်စီးနိုင်ပါတယ်။

အမဲသား ကို စားသုံးသောသူတို့တွင်လည်း ကံနိမ့်၊ ဉာဏ်နိမ့်တတ်ပါတယ်။ ဒါ့ကြောင့် နွားသား ခေါ် အမဲသားကို သူတော်ကောင်းတို့ လောကီပညာရှင်တို့ တရားအားထုတ်သော အရိယာသူတော်စင် ပုဂ္ဂိုလ်တို့ ကရှောင်ကျဉ်ပြီး မစားကြပါဘူး။

အာဆိပ်၊ လျှာဆိပ်၊ ညံ့တယ် ဩဇာအာဏာစက်ညံ့တယ်၊ ပြောဆိုသမျှ ၊ ကြံစည်သမျှ၊ပျက်စီးစေတတ်တယ်။ လာဒ်လာဘ ပိတ်တတ်တယ်။ ထိုကြောင့် သူတော်ကောင်းများအနေဖြင့် မစားကြပါနဲ့ လို့ ပြောဆိုအမိန့်ပေးခွင့်၊ ပိတ်ပင်တားဆီးခွင့် မရှိပါသောကြောင့် မိမိတို့၏ ကိုယ်ပိုင်အသိ ဉာဏ်လေးဖြင့် ဆင်ခြင်သုံးသပ်၍ သတိတရားများရှိကြပါစေ..

ဖတ်ရှု့အားပေးတဲ့ ပရိသတ်ကြီးအားလုံး ဗဟု သုတရ၍ ဆင်ခြင်နိုင်ရင်ဖြင့် ကျွန်တော်လည်း ပြန်လည်ဖော်ပေးရတဲ့ အတွက် ကုသိုလ်ရပါတယ်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*