ဆံပင်ထူထူ ဆံသားကောင်းကောင်းဖြစ်စေဖို့ အတွက် လုပ်ဆောင်ရ မယ့် နည်း လမ်းများ

ဆံသားပါးတဲ့ မိန်းကလေးတိုင်းရဲ့ အိပ်မက်က ဆံသားကောင်းပြီး အုံထူနေဖို့ ဖြစ်ပါတယ်။ ကြမ်းတမ်း ပျက်ဆီးနေတဲ့ ဆံပင်မျိုး ကို ဘယ်သူမှ မလိုချင်ကြပါဘူး။ ဆံသားကောင်းပြီး အုံထူနေဖို့ဆိုရင် နေ့တိုင်း ဆံသားကို ဂရုစိုက်ပေးနေ ရမှာဖြစ်ပါတယ်။ ဆံပင်ပါးရတဲ့အကြောင်းရင်းတွေကတော့ စိတ်ဖိစီးမှုများတာကြောင့် ၊ ဟော်မုန်း အတတ် အကျဖြစ် တာကြောင့် ၊ အာဟာရနည်း တာကြောင့် ၊ လေထု ညစ်ညမ်းတာကြောင့် နဲ့ မျိုးရိုးကြောင့် ဖြစ်ပါတယ်။

၁) ဦးရေပြားကို နှိပ်နယ်ပေးပါ။ အုန်းဆီကို ဇလုံထဲထည့်ပေးပြီး နွေးသွားအောင် အပူပေးပါ။ နွေးနေတဲ့ အုန်းဆီနဲ့ ဦးရေပြား ကို နှိပ်နယ်ပေးပါ။ မိနစ်အနည်းငယ်လောက်နှိပ်နယ်ပေးဖို့လိုပါတယ်။ ညလုံးပေါက်တဲ့အထိ လိမ်းအိပ်ပေး ပြီး မနက်ထရင် ခေါင်းလျှော်ပေးပါ။ ဒီနည်းကတော့ ဦးရေပြားရဲ့ သွေးလည်ပတ်မှုကို လှုံဆော်ပေးပြီး ဆံပင်သန်လာ စေ ပါတယ်။

(၂) စနစ်ကျကျ ခေါင်းလျှော်ပေးပါ ။ခေါင်းလျှော်တဲ့အခါ စနစ်ကျကျနဲ့ ခေါင်းလျှော်ပေးဖို့လိုပါတယ်။ စနစ်ကျကျ ခေါင်းလျှော်ပေးလိုက်တာနဲ့ သိသာတဲ့ ရလဒ်ကို ရလာမှာပါ။ ပထမအချက်က နေ့တိုင်း ခေါင်းလျှော်ရည်နဲ့ ခေါင်း လျှော်တာ မလုပ်ပါနဲ့၊ ဒီလိုလုပ်တာက ဆံပင်ကို စိုပြေစေမယ့် ဦးရေပြားကနေရလာ တဲ့ သဘာဝအဆီဓာတ် တွေ ကိုခြောက်သွေ့သွားစေနိုင်လို့ပါ။ နောက် တစ်ချက်ကတော့ ရေပူနဲ့ ခေါင်းလျှော်တာတွေ မလုပ်ပါနဲ့၊ ဒီလိုလုပ်တာ က ဆံသားကို ခြောက်သွေ့စေပြီး ကြမ်းသွားစေနိုင်လို့ ဖြစ်နိုင်ရင် ရေအေးနဲ့ ခေါင်းလျှော်ပေးပါ။

(၃) သဘာဝ အတိုင်း ခေါင်းအခြောက်ခံပေးပါ – ခေါင်းလျှော်ပြီးတိုင်း သဘာဝအတိုင်း ခေါင်းခြောက်ခံတာ အ ကောင်းဆုံးပါ။ သဘာဝအတိုင်းဆိုတာ မျက်နှာသုတ်ပဝါနဲ့ ခေါင်းသုတ်ပေးပါ။ သဘာဝအတိုင်း ခေါင်းခြောက် ပေးတာက ဆံသားအတွက်ကောင်းစေနိုင်သလို ဆံပင်သန်လာစေပါတယ်။

(၄) ညင်သာစွာ ခေါင်းဖီးပေးပါ။ခေါင်းဘီးရွေးတဲ့ အခါမှာ ပလက်စ တစ်ခေါင်းဘီး ၊ သံနဲ့လုပ်ထားတဲ့ ခေါင်း ဘီးတွေကိုရှောင်ပေးပါ။ နောက်ပြီး ရေစိုနေတဲ့ အချိန်မှာ ခေါင်းမဖီးပါနဲ့။ ဘီးကျဲကိုသုံးပြီး ဆံပင်ကို ညင်သာ စွာခေါင်း ဖီးပေးပါ။ တစ်ချိန်လုံး ခေါင်းမဖီးပေးပါနဲ့။ တစ်နေ့ကို (၂)ကြိမ် လောက် ပဲခေါင်းဖီးပေးပါ။(၅) စားသောက်ပုံ မှန်ပါစေ – ဆံသားဖွံဖြိုးမှု က သင့်စားနေ တဲ့ အစားအသောက်ပေါ် မူတည်ပါတယ်။ ဆံပင်သန်ဖို့ရာအတွက် အာဟာရရှိတဲ့ အစားအစာတွေ ကို စားရမှာဖြစ်ပါတယ်။ ပရိုတင်း ၊ ဗီတာမင် (A,E,C) ၊ သံဓာတ် ၊ ကယ်ဆီယမ် ၊ omega-3 fatty acids ၊ biotin နဲ့ magnesium စတဲ့ ဓာတ်တွေပါတဲ့ အစားအစာမျိုးကို စားပေး သင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*