သင် ဘယ်တော့ဆို အိမ်ထောင်ကျမလဲဆိုတာ… သင်ရွေးချယ်လိုက်တဲ့ လက်စွပ်လေးက ဖော်ပြပေးမှာဖြစ်ပါတယ်။ (အပျော်သဘောနဲ့ ပုံကို နှိပ်ပြီး ဝင်ဖတ်ကြည့်လိုက်နော်)

သင် ဘယ်တော့ဆို အိမ်ထောင်ကျမလဲဆိုတာ… သင်ရွေးချယ်လိုက်တဲ့ လက်စွပ်လေးက ဖော်ပြပေးမှာဖြစ်ပါတယ်။ (အပျော်သဘောနဲ့ ပုံကို နှိပ်ပြီး ဝင်ဖတ်ကြည့်လိုက်နော်)

(1) ရွေးချယ်ထားသူအတွက် အိမ်ထောင်ချနိုင်မည့်ခုနှစ်က ၂၀၂၃ – ၂၀၂၅သင်က အိမ်ထောင်ပြုဖို့ အသင့်မဖြစ်သေးဘဲ အဲ့ဒီ့အတွက် နှစ်အနည်းငယ်လောက် ပြင်ဆင်ဖို့လိုအပ်နေတယ်။ သင်ရွေးချယ်လိုက်တဲ့ မြပြာလက်စွပ်က တည်ငြိမ်မှုနဲ့ အမှန်တရားကို ရှာဖွေခြင်းတို့ကို ကိုယ်စားပြုတယ်။ နောက်ပြီး ငယ်ရွယ်ပျိုမြစ်ခြင်း၊ မျှော်လင့်ခြင်း၊ ကျန်းမာခြင်းနဲ့ သစ္စာရှိခြင်းတို့ရဲ့ သင်္ကေလည်းဖြစ်တယ်။ သင်က စွန့်စားတတ်တဲ့သူ တစ်ယောက်လို့ ယူဆရတယ်။ ငယ်ရွယ်ပျိုမြစ်ပြီး စိတ်ထက်သန်မှုတွေ ဖြာထွက်နေတယ်။ ကိုယ့်ရဲ့ အတွင်းစိတ် ငြိမ်းချမ်းမှုကို ရှာတွေ့တာနဲ့ အချစ်ကလည်း သင့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါလိမ့်မယ်။

(2) ရွေးချယ်ထားသူအတွက် အိမ်ထောင်ချနိုင်မည့်ခုနှစ်က ၂၀၃၅ -၂၀၃၇ရဲရဲတောက်ပြီး ဆွဲဆောင်မှုရှိတဲ့ ပတ္တမြားကျောက်ဟာ နန်းဆန်တယ်။ ရှေးခေတ် မင်း၊ မိဖုရားတွေရဲ့ ပင်တိုင် အသုံးတော်ခံ ကျောက်တစ်မျိုးအဖြစ်လည်း သမိုင်းတွင်ခဲ့တယ်။ ဒါကိုရွေးချယ်ခဲ့သူ သင်ဟာ စိတ်ဆန္ဒ ထက်သန်ပြင်းပြပြီး မိမိဘဝမှာ ပျော်ရွှင်ဂုဏ်ယူခြင်းရှိတယ်။ ရောက်လေးရာ အရပ်တိုင်းမှာ လှုပ်ခတ်နိုင်စွမ်းရှိပြီး ကိုယ့် ပတ်ဝန်းကျင်ကလူတွေအပေါ် ကြီးစွာသော လွှမ်းမိုးမှုတွေရှိတယ်။ စိတ်ဝင်စားမှုတွေများတယ်၊ ဒါကြောင့် အချစ်ကိစ္စနဲ့ပတ်သက်ရင် အေးအေးဆေးဆေးပဲ။ ဒီတော့ အိမ်ထောင်ပြုဖို့ကိစ္စကို ခဏမေ့ထားရအောင်။

(3) ရွေးချယ်ထားသူအတွက် အိမ်ထောင်ချနိုင်မည့်ခုနှစ်က ၂၀၁၉-၂၀၂၂ကဲ… ဘယ်တော့လဲ။ သီတင်းကျွတ်လား၊ နှစ်ကုန်လား? သင်က တော်တော်လေးနီးစပ်နေပြီ။ ကြင်နာတတ်ပြီး ရိုမန်တစ်ဆန်တဲ့ ပင်ကို သဘာဝရှိတာကို သင့်ရဲ့ ရွေးချယ်မှုအရ ခန့်မှန်းမိတယ်။ ပန်းရောင် နီလာက ချစ်ခြင်းမေတ္တာနဲ့ နားလည်လက်ခံတတ်မှုဆိုင်ရာ ခံစားချက်တွေကို ကိုယ်စားပြုတယ်။ အဲ့ဒီ့မှာမှ ချစ်စဖွယ် ခရစ္စတယ်ကျောက်လေးတွေက နှလုံးသားကို သက်သာရာရစေတယ်၊ ဒဏ်ရာတွေကို ကုစားခြင်း၊ စိန်ခေါ်မှုအသစ်တွေကို လက်ခံဖို့ သတ္တိတွေတိုးပွားခြင်းစတာတွေကိုလည်း ဖော်ဆောင်ပါတယ်။

(4) ရွေးချယ်ထားသူအတွက် အိမ်ထောင်ချနိုင်မည့်ခုနှစ်က ၂၀၂၉ – ၂၀၃၁သင်က အချစ်စိတ်ပြင်းထန်တယ်၊ အာရုံခံစားမှုအားကြီးတဲ့သူဆိုတာကို သင့်ရဲ့ ရွေးချယ်မှုက ဖော်ပြနေပါတယ်။ အိမ်ထောင်မကျခင်ကတည်းက များစွာသော အတွေ့အကြုံတွေရှိခဲ့တယ်။ သင်လက်စွပ်ရဲ့ ကျောက်က တန်ဇန်နိုက်ကျောက်ဖြစ်ပါတယ်။ ဒီကျောက်က တကယ်ကိုပဲ ရှားပါးတဲ့ကျောက်ဖြစ်ပြီး ကမ္ဘာကြီးထဲ တစ်နေရာထဲမှာတွေ့နိုင်တယ်။ ဒီလိုတွေကြောင့်နဲ့ ဒီကျောက်ကို အလွန်ထူးခြားတဲ့ အစွမ်းသတ္တိတွေရှိတယ်လို့ ယုံကြည်လက်ခံထားကြတယ်။ သင့်ရဲ့ ရွေးချယ်မှုက သင့်ကို လောကကြီးထဲ ဖွေရှာမှုတွေလုပ်ဖို့ အင်အားတွေဖြစ်စေတယ်။ သင့်ကိုယ်သင့် ဆန်းစစ်ဖို့လည်း ဟုတ်တယ်။ သင့် ဘာကိုလိုချင်လဲ သေသေချာချာပိုင်းခြားပြီးတာနဲ့ သင့်အတွက် စပရှယ် တစ်စုံတစ်ယောက်ဆိုတာကို တွေ့ရလိမ့်မယ်။

(5) ရွေးချယ်ထားသူအတွက် အိမ်ထောင်ချနိုင်မည့်ခုနှစ်က ၂၀၂၆ – ၂၀၂၈သင်က အိမ်ထောင်ပြုဖို့ မစဉ်းစားခင် ပုဂ္ဂိုလ်ရေးတိုးတက်မှုတွေရှိဖို့လိုအပ်နေတယ်။ ကျောက်စိမ်းဟာ မျှော်လင့်ခြင်း၊ အနာဂတ်၊ ပြုပြင်မွမ်းမံခြင်း၊ တိုးတက်ကြီးပွားခြင်းတွေရဲ့ သင်္ကေတဖြစ်တယ်။ သင်က မျှတမှု၊ လိုက်ဖက်မှုနဲ့ အဓိပ္ပာယ်ရှိတဲ့ အချစ်ကို ရှာဖွေလိုတယ်။ သင် ရွေးချယ်ခဲ့တဲ့ကျောက်ဟာ အောင်မြင်တဲ့ အချစ်ရေးကို ရရှိစေတယ်။ ပေါင်းစည်းမှု၊ အကြင်မေတ္တာထားမှု၊ အကြွင်းမဲ့အချစ် စတာတွေရဲ့ အဓိပ္ပာယ်တွေကိုလည်း ဖော်ဆောင်ပါသေးတယ်။

(6) ရွေးချယ်ထားသူအတွက် အိမ်ထောင်ချနိုင်မည့်ခုနှစ်က ၂၀၃၂ – ၂၀၃၄နီလာပြာက မင်းမျိုးမင်းနွယ်နဲ့ ဉာဏ်ပညာကြီးမှုဆိုတဲ့ သင်္ကေတတစ်ခုဖြစ်တယ်။ ဒီကျောက်က ကာကွယ်မှု၊ ကံကောင်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာ အမြော်အမြင်ရှိမှုတွေကိုလည်း ကိုယ်စားပြုတယ်။ ပါဝါ၊ ခွန်အားတွေအပြင် ကြင်နာမှုနဲ့ ပညာရှိရှိဝေဖန်တတ်မှုဆိုတာတွေကိုလည်း ကိုယ်စားပြုသေးတယ်လို့ သိရသေးတယ်။ ဒါကို ရွေးချယ်ခဲ့တဲ့ သင်က အတွေးအခေါ်ရှိတဲ့ဖြစ်တယ်၊ ဆုံးဖြတ်ချက်ချဖို့အတွက်ဆို အချိန်ယူဖို့လိုအပ်တယ်၊ တခြားသူတွေကိုလည်း လွှမ်းမိုးချုပ်ကိုင်ခွင့်မပေးဘူး။ သင့်ရဲ့ ခိုင်မာတဲ့ ခံယူချက်နဲ့ အချစ်အစစ်အတွက် တိုက်ပွဲဝင်ဖို့ အင်အားတွေရှိဖို့တော့ လိုနေတယ်။

(7) ရွေးချယ်ထားသူအတွက် အိမ်ထောင်ချနိုင်မည့်ခုနှစ်က ၂၀၃၈ – ၂၀၄၀ ((သို့) အဲ့ဒီ့နောက်)သင်က အခက်အခဲ ပြဿနာတွေကို ဖြေရှင်းတတ်သူ တစ်ယောက်လို ခန့်မှန်းမိတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်းတွေကို အချိန်ပေး လေ့လာဆန်းစစ်ပြီး အမှန်အကန်ဆုံးတစ်ခုကို အသေအချာရွေးချယ်တယ်။ သိပ်ကို စေ့စေ့စပ်စပ် သေသေချာချာရှိတဲ့သူဖြစ်တယ်။ ဒါတွေကြောင့်လည်း အိမ်ထောင်ဖို့နဲ့ ပတ်သက်ပြီး သေချာမှုရှိအောင် နှစ်တော်တော်လေး လိုအပ်နေတာဖြစ်တယ်။ မပူပါနဲ့… အေးအေးလူလူ ရှေ့ဆက်ပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*