မိဘတွေရဲ့ (၆)နှစ်တာ တိရစ္ဆာန်သဖွယ် လှောင်ပိတ်ထားခံရတဲ့ အမျိုးသမီးရဲ့အဖြစ်

ချစ်သူရည်းစား ထားတဲ့အခါ ကိုယ်ရည်ရွယ်ထားသူနဲ့ မိဘတွေကြား အဆင်မပြေတာဟာ ပြဿနာကြီးတစ်ရပ်ပါပဲ။ တချို့မိဘတွေက နားလည်ညှိုနှိုင်းဖို့ လွယ်ကူပေမယ့် တချို့ကလည်း သိပ်ကို တင်းမာလွန်းကြပါတယ်။ တစ်ခါတစ်လေ မိဘတွေဟာ သားသမီးကို ချစ်တဲ့အချစ်ထက် ၎င်းတို့ရဲ့ အတ္တက လွန်ကဲလာတဲ့အခါမျိုးမှာ လူမဆန်တဲ့အပြုအမူမျိုးတွေကိုတောင် လုပ်လာကြတာကို အခုတွေ့ရမှာပါ။

တရုတ်နိုင်ငံ ဟူးပေးပြည်နယ်က အမျိုးသမီးလေးတစ်ဦးဟာ မိဘသဘောမတူတဲ့ အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်မိတာကြောင့် မိဘတွေက သူမကို စိတ်ဆိုးပြီး တိရစ္ဆာန်တစ်ကောင်လို ရက်ရက်စက်စက် ဆက်ဆံခဲ့ပါတယ်။ သူမရဲ့မိသားစုက သူမကို ဂိုထောင်တစ်လုံးထဲမှာ (၆)နှစ်လုံးလုံး ပိတ်နှောင်ထားခဲ့တာကြောင့် မိန်းမပျိုလေးဟာ ကောက်ရိုးပုံပေါ်မှာသာ အိပ်ရပါတယ်။ သူမနာမည်ကတော့ ကျန်းကီဖြစ်ပြီး အသက်(၂၄)နှစ်ရှိပါပြီ။

ကျန်းကီဟာ ပိတ်လှောင်ထားတဲ့ ဂိုထောင်ထဲကနေ ထွက်ပြေးဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ သူမရဲ့ မိဘတွေက ကျန်းကီဟာ စိတ်မကျန်းမမာ ဖြစ်နေတာကြောင့် သူမကို သော့ခတ်ထားရကြောင်း ရွာမှာ သတင်းလွှင့်ထားခဲ့ပါတယ်။ ဒါကို ရွာနေလူကြီးတစ်ဦးဖြစ်တဲ့ ချောင်ဂျန်က ကျန်းကီနဲ့ ပတ်သက်လို့ ရွာအာဏာပိုင်တွေဟာ ဘာမှ မလုပ်ဆောင်နိုင်တာကြောင့် သူမရဲ့ အခြေအနေကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့တာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.

*