
ဂုတ်၊ ဇာတ် ကျီးပေါင်းတက်နေသူများ အတွက် ဗန်ဒါရွက်ရဲ့အသုံးဝင်ပုံ
ဂုတ်၊ ဇာတ်ကျီးပေါင်း တက်နေသူများ အတွက် ဗန်ဒါရွက်လေးရဲ့အသုံးဝင်ပုံလေး ကို တင်ပြပေး လိုက်ရပါတယ်။
ရေမဆေး ပါနဲ့ အရွက် မှာ ကပ်နေတဲ့ ဖုန်လေးတွေကို အဝတ်နဲ့ပွတ် သုတ်လိုက်ပါ။
အရွက်ရဲ့ အောက်မှာ ရှိတဲ့ အညှာအရိုးတံလေးကို ဖယ်ထုတ်လိုက်ပါ။
ပြီးရင် ဂုတ်ပေါ်နဲ့ ဇက်ပေါ်ကို အရွက်ကို ခွပီး ကပ်ထားလိုက်ပါ။
အချို့က အကြမ်း ဘက်က ကပ်ရမှာလား အချောဘက်က ကပ်ရမှာလား မေးကြလို့ပါ။
အကြမ်းဘက်ကနေ မှောက်ကပ်ရမှာ ဖြစ်ပါတယ်။
လေးဆယ့်ငါးမိနစ်လောက်ကြာရင် ကပ်တား တဲ့နေရာမှာ ပူလာပီး ချွေးများ ထွက်လာပါလိမ့်မယ်။
ဂုတ်၊ ဇက်ကျီးပေါင်း တက်နေသူများ ဗန်ဒါရွက်လေးကို ခူးလိုက်ပါ။
ခဏခွာထား ပီး ငါးမိနစ်လောက်ကြာရင် ပြန်ကပ်ပေးပါ။
အရမ်း ကို သိသိသာသာ သက်သာသွားပါလိမ့်မယ်။
အခု ကျွန်တော် လဲ ဆေးလိမ်းစရာမလို နင်းစရာ မလို လက်တွေ့သက်သာနေလို့ တင်ပြပေးရခြင်း ဖြစ်ပါတယ်ခင်ဗျ။
ဗန်ဒါရွက်ရဲ့ အခြားအသုံး ဝင်မှုလေးကတော့ အရွက်ကို ရေနွေးစိမ်သောက်ရင် သွေးတိုးပျောက်တယ်လ်ု့လည်း သိရပါတယ်။
သတ္တဝါအပေါင်း ကျန်းမာချမ်းသာကြပါစေ။
source မူရင်း
Leave a Reply